NLD ကို OIC အတွင်းရေးမှူးချုပ်က တရားစွဲဖို့တိုက်တွန်းတယ်ဆိုတဲ့ သတင်း ဗွီဒီယိုဖိုင်တု

အစ္စလာမ္မစ်နိုင်ငံများအဖွဲ့(OIC) က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို ထောက်ပံကြေးများယူထားပြီး ရိုဟင်ဂျာမှာ သူတို့ အလိုကျ မလုပ်ခဲ့တဲ့အတွက် တရားစွဲဆိုဖို့နိုင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေက လက်မှတ်ထိုးတောင်း ဆိုကြဖို့  OIC အဖွဲ့အတွင်းရေးမှူးက တိုက်တွန်းတယ်ဆိုတဲ့ ပို့စ်တစ်ခုကို ပျံ့နှံ့လျက်ရှိပါတယ်။ ဒီဗွီဒိုယိုဖိုင်ကို “Nay Thurain” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဦးဌေးအောင်ကြီးက အချိန်ကိုက်လှုပ်ရှား တာကိုးဗျ။”ဆိုပြီး အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ပြန်လည် မျှဝေသူပေါင်း ၅ ထောင်ကျော်ရှိနေပြီဖြစ်ပါတယ်။ ၃ မိနစ်နဲ ၁၈ စက္ကန့်ရှည်ကြာတဲ့ ဗွီဒီယိုထဲမှာ OIC အဖွဲ့ရဲ့ လက်မှတ်ထိုးအခမ်းအနားတစ်ခုဖြစ်ဟန်တွေ့ရပြီး “ြသဂုတ် ၁၁ ရက်နေ့ ကွာလာလမ်ပူမြို့ရဲ့ သတင်းအရ မြန်မာနိုင်ငံရဲ့ လက်ရှိအာဏာရ NLD အစိုးရကို တရားစွဲဆိုနိုင်ရေးအတွက် မိမိတို့အဖွဲ့ဝင်နိုင်ငံများအနေဖြင့် OIC အဖွဲ့ချုပ်ထံ လက်မှတ်ရေးထိုး တောင်းဆိုကြဖို့ OIC အတွင်းရေးမှူးချုပ် […]

Continue Reading

လူသတ်မှုနဲ့စွဲချက်တင်ခံရတဲ့ ကလေးပုံကို နာမကျန်း မိခင်အတွက် ပေါင်မုန့်နဲ့ ဒိန်ခဲခိုးခဲ့ရသူအဖြစ်ဖော်ပြနေတဲ့သတင်းမှား

အချုပ်သားဝတ်စုံနဲ့ကလေးငယ်တစ်ဦး တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ပုံကို ငွေကြေးကြပ်တည်းတဲ့ မိသားစုက မိဘကို သိတတ်တဲ့ ကလေး၊ နာမကျန်း မိခင်အတွက် ပေါင်မုန့်နဲ့ ဒိန်ခဲခိုးခဲ့ရသူ အဖြစ်ဖော်ပြ နေတဲ့သတင်းမှားတစ်ခု ပျံ့နှံ့ခဲ့ပါတယ်။ ပို့စ်မှာ “၁၅) နှစ်အရွယ်ကလေးဟာ စတိုးဆိုင်တစ်ခုမှ ပေါင်မုန်နှင့် ဒိန်ခဲခိုးယူမှုကြောင့် ဖမ်းခံခဲ့ရခဲ့သူပေါ့။ အစောင့်လက်က လွတ်အောင် ထွက်ပြေးဖို့ ကြိုးစားခဲ့သူလည်း ဖြစ်တယ်။ ရုန်းရင်းဆန်ခက်ဖြစ်နေချိန်မှာ စတိုးဆိုင်က စာရေးကလည်း ကောင်လေးကို ဖမ်းဖို့ ကူညီခဲ့တယ်။ ဒီလိုနဲ့ တရားရုံးရောက်တဲ့အခါ တရားခံကလေးကို တရားသူကြီးက မေးတော့တယ်”စသည်ဖြင့်အစပျိုးထားပြီး တရားသူကြီးနဲ့ ကလေးကြားအမေးအဖြေပုံစံနဲ့ ရေးသားထားတာဖြစ်ပါတယ်။ ကလေးဟာ နေမကောင်းတဲ့ အမေကိုပြုစု နေသူဖြစ်ပြီး ပိုက်ဆံအတွက် အလုပ်လုပ်တော့ အလုပ်ကထုတ်ခံလိုက်ရ ပိုက်ဆံလိုက် ချေးတော့လည်း ချေးမရတဲ့နောက် ကြံရာမရအဆုံး စတိုးဆိုင်ကနေ ပေါင်မုန့်နဲ့ ဒိန်ခဲကို […]

Continue Reading

၂၀၁၈ ခုနှစ် အလက်စကာငလျင်တုန်းကပုံတွေကို လျက်ရှိငလျင်မြင်ကွင်းအဖြစ်မျှဝေနေ

ဇူလိုင် ၂၂ ရက်က ဒေသစံတော်ချိန် ည ၁၀ နာရီဝန်းကျင်မှာ အမေရိကန်ုနိုင်ငံ အလက်စကာပြည်နယ်မှာ ပြင်းအား ၇ ဒသမ ၈ ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက်မှာ ၂၀၁၈ ခုနှစ်တုန်းက ငလျင်ကြောင့် လမ်းများပျက်စီးခဲ့ တဲ့ပုံတွေ လက်ရှိငလျင်ကပုံတွေအဖြစ် ဖေ့စ်ဘွတ် သုံးစွဲသူတွေအကြားမှာ ပြန်လည်မျှဝေနေကြတာ တွေ့ရပါတယ်။ “မြင့် ခိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “22.07.2020✔ Alaska ကမ်းလွန်ပင်လယ်ကြမ်းပြင်အောက်လှုပ်ရှား သွားခဲ့သည့် 7.8 ရစ်ခ်ျတာစကေးအဆင့် အားပြင်းငလျင်လှုပ်ရှာပြီးနောက် တွေ့ရသည့်ပျက်စီးမှုအချို့။ #Credit photo”ဆိုပြီးတော့ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link “Ko Sit”၊“Moe Chan”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေက အလားတူ မျှဝေခဲ့တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပထမဆုံး Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီးရှာဖွေမယ်ကြည့်မယ်ဆိုရင် ဒီဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ […]

Continue Reading

ခရစ်ယာန်များကို မွတ်ဆလင်ဘာသာကူးပြောင်းရန် တူရကီသမ္မတအမိန့်ပေးဆိုတဲ့ သတင်းမှား

နိုင်ငံတွင်းရှိ ခရစ်ယာန်များကို မွတ်ဆလင်ဘာသာကူးပြောင်းရန် တူရကီသမ္မတအမိန့်ပေးဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ “သော်ဝတီ စိုးမိုး”အမည်နဲ့ “လေထန်အရပ်ကအဖြစ်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ ပို့စ်ကို screeshot ရိုက်ပြီး မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ ပို့စ်မှာ Myanmar Top News အမည်နဲ့ ယူကျူချန်နယ်တစ်ခုက သတင်းခေါင်းစဉ်တစ်ခုကိုပြန်လည်မျှဝေထားတာလည်းတွေ့ရပါတယ်။ ဒီပို့စ်မှာပါတဲ့ screenshot မှာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နောက်ပိုင်းကစပြီး တူရကီမှာရှိတဲ့ခရစ်ယာန်တွေဟာ မိမိသာသာ အသာတကြည် ဘာသာကို စွန့်လွှတ်ပြီး ဘုရားကျောင်းတွေကို အပြီးတိုင်ဖျက်သိမ်း ဗလီ အဖြစ် ပြောင်းလဲမယ်လို့ ပြည်သူတွေကို တူရကီသမ္မတက ပြောကြားခဲ့တယ်ဆိုပြီး ရေးသားထား တာတွေ့ရ ပါတယ်။ Fb link Archive link အလားတူ “Siemeeai”အမည်နဲ့​ဖေ့စ်ဘွတ်သုံးစွဲသူ ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် […]

Continue Reading

မာ့ခ်ဇူကာဘက်က သူ့မိန်းမကို မလှဘူးပြောတဲ့သူတွေကို တုန့်ပြန်ခဲ့ရေးသားခဲ့သလား-မဟုတ်ပါ

ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ်ဇူကာဘက်က  သူ့မိန်းမကို မလှဘူးပြောတဲ့သူတွေကို တုန့်ပြန်ခဲ့ရေးသားခဲ့တဲ့ ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့ခဲ့ပါတယ်။ “သူ့ရဲ့ မိန်းမကို မလှမပ တရုတ်မလို့ ဝေဖန်ကြတဲ့အပေါ် တုန့်ပြန်လာတဲ့ မက်ဇူကာဘတ် ( ဖေ့စ်ဘုတ်တည်ထောင်သူ ) ကျနော့်မိန်းမ မလှမပတရုတ်မ/မက်ဇူကာဘတ်၏ “MY WIFE CHINA AND NOT PRETTY” ကို ပြန်ဆိုသည်/ တော်တော်များများမေးကြတယ်ဗျ။ (သူတို့အပြောအရပေါ့လေ) ဒိတ်ဒိတ်ကြဲသူဋ္ဌေးကြီးက မလှမပတရုတ်မ တစ်ယောက်ကို ဘာအတွက် ယူရတာလဲတဲ့။ ကျနော်ဟာ (သူတို့အမြင်အရပေါ့) ကျနော့်ရဲ့လက်ရှိမိန်းမ ပရက်စီလာချန်ထက် ပိုသာတဲ့အမျိုးသမီးတစ်ယောက် ရနိုင်သလို ရလည်းရသင့်တယ်ပေါ့။ ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ဦးဆုံးအနေနဲ့ လှတဲ့အမျိုးသမီးဆိုတာဘယ်လို မလှတဲ့အမျိုးသမီးဆိုတာဘယ်ပုံ ဆွေးနွေးချင်ပါတယ်။ ပြောရရင် ကျနော့်အနေနဲ့ လှပါတယ်ဆိုတဲ့အမျိုးသမီးတော်တော်များများနဲ့ ဆုံဖူးပါတယ်။ အတော်များများ ကလည်း ကျနော့်ဇနီးမယား […]

Continue Reading

ဘင်္ဂလီဒုက္ခသည် (၄၂)သိန်းအားမြန်မာနိုင်ငံကလက်ခံရန် လုံခြုံရေးကောင်စီဆုံးဖြတ်ဆို တဲ့သတင်းမှား

ဘင်္ဂလီဒုက္ခသည် (၄၂)သိန်းအားမြန်မာနိုင်ငံကလက်ခံရန် လုံခြုံရေးကောင်စီက ဇွန် ၂၂ရက်က ဆုံးဖြတ်ဆို တဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ “နိုင်ငံခြားရေးဝန်ကြီးကြောင့် ဒုက္ခရောက်ကြရပြီ ဘင်္ဂလီဒုက္ခသည် (၄၂)သိန်းအား မြန်မာနိုင်ငံမှ လက်ခံရန်အတွက် ဇွန်(၂၂)ရက်က ကျင်းပခဲ့သော ကုလသမဂ္ဂဆိုင်ရာ လုံခြုံရေးကောင်စီက ထောက်ခံမဲ (၃၈)မဲဖြင့် အတည်ပြုလိုက်ပါပြီ။ မြန်မာနိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီး ရှိနေပါလျှက်နဲ့ ၂၀၁၇ခုနှစ် ဘင်္ဂလီအရေးအခင်း ဖြစ်သည့်အချိန်မှ ယနေ့အချိန်အထိ ကုလသမဂ္ဂ အစည်းအဝေးများကို ကြောက်ရွံ့စွာဖြင့် ရှောင်တိမ်းခဲ့သော အဆိုပါနိုင်ငံခြားရေးဝန်ကြီး၏ ညံ့ဖျင်းသိမ်နုပ်မှု့ အကျိုးဆက်များကို ယနေ့ခံစားနေရပါပြီ” ဆိုပြီး “အဲ့ဒေါဏီ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတာပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အစည်းအဝေးမှတ်တမ်းတွေနဲ့ သတင်းထုတ်ပြန်ချက်တွေကို ဖော်ပြပေးနေတဲ့ un.org  မှာဝင်ရောက်ရှာဖွေကြည့်ရာမှာ ဇွန် ၂၂ ရက်ကမြန်မာနိုင်ငံနဲ့ […]

Continue Reading

တရုတ်ကထုတ်တဲ့အခု ကိုကာကိုလာအပြာဗူး( Pepsi)ထဲမှာ ကိုဗစ်တွေ တွေ့ရတယ် ဆိုတဲ့သတင်းမှား

တရုတ်ကထုတ်တဲ့အခု ကိုကာကိုလာအပြာဗူး( Pepsi)ထဲမှာ ကိုဗစ်တွေ တွေ့ရတယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။  “တရုတ်ကထုတ်တဲ့အခု ကိုကာကိုလာအပြာဗူး( Pepsi)ထဲမှာ ကိုဗစ်တွေ တွေ့ရလို့ ဒီ(Pepsi)ကိုလာစက်ရုံကြီး ကိုလည်း ပိတ်သိမ်းခံလိုက်ရပါပြီ။ ကျွန်တော်တို့မြန်မာတွေ မသောက်ကျပါနဲ့နော်”ဆိုပြီး “May Tan Saung” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက သတင်းတစ်ခုကို လူမှုကွန်ယက်မှာ မျှဝေထားပါတယ်။ အလားတူ စွာပဲ “Yin Yin Aye”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူကလည်း အောက်ပါအအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် Google မှာ အဓိကကျတဲ့စကားလုံးတွေအသုံးပြုပြီး ဒီသတင်းကို ရှာဖွေရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။  ဇွန် ၁၅ ရက်က ဘေဂျင်းမှာရှိတဲ့ PepsiCo ရဲ့ အကြော်အလှော်လုပ်ငန်း၊ အာလူးကြော်နဲ့ အခြောက်ကြော်လုပ်ငန်း စက်ရုံမှာ […]

Continue Reading

တရုတ်ကွမ်ကျိုးက ရေကြီးမှုဓာတ်ပုံကို စင်ကာပူရေကြီးမှုအဖြစ်မျှဝေနေ

ဇွန် ၂၃ ရက် မနက်အစောပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် စင်္ကာပူက နေရာအတော်များများမှာ ရေကြီးခဲ့တာတွေ့ရပါတယ်။  ဒီလိုအခြေအနေမျိုးမှာ စင်ကာပူမှာ မိုးသည်းထန်စွာရွာပြီး ကားတွေ၊ ဘက်စ်ကားမှတ်တိုင်တွေ ရေမြှုပ်နေ တယ်ဆိုတဲ့ ပုံတွေ လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပြီး ပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။ “Singapore မှာ ခုနေရွာတဲ့မိုး မကြီးနေနိုင်ပါ့မလား တစ်ညလုံး တစ်နေ့လုံးရွာနေတာကိုး”ဆိုပြီးတော့ “Śâñ Lîñń Âűñg”အမည်နဲ့ဖေစ့်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ Fb link Archive link အလားတူစွာပဲ “မနေ့က စင်္ကာပူနိုင်ငံမှာ မိုးများလို့ ကားလမ်းတွေပေါ် ရေလွှမ်းခဲ့တဲ့ ပုံရိပ်များပဲဖြစ်ပါ တယ်။”လို့ရေးသားပြီး “SM-Search Myanmar”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း မျှဝေထား တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီပို့စ်တွေမှာပါတဲ့ အထပ်မြင့်အအောက်အဉီတွေနဲ့ လမ်းမဘေးမှာ ကားတွေ ရေမြှုပ်နေတဲ့ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ […]

Continue Reading

မွတ်ဆလင်အရေးကိုဆောင်ရွက်တဲ့အတွက် ICJ ကို ဒေါ်နယ်ထရန့်နဲ့ အစ္စရေးဝန်ကြီး ချုပ် တရားစွဲဆိုတဲ့ သတင်းမှား

အမေရိကန်သမ္မတထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုတို့ဟာ မွတ်ဆလင်အရေးကို ဆောင်ရွက်ခဲ့တဲ့ အတွက် ICJ ကိုတရားစွဲမယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ “Phoe Dha Nu”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link လင့်ခ်ကို နှိပ်လိုက်မယ်ဆိုရင် ဗွီဒီယိုဖိုင်တစ်ခုဖြစ်တာတွေ့ရပြီး Burmese Time ဆိုတဲ့ ယူကျူ့ချန်နယ်တစ်ခု ပေါ်ကို ရောက်သွားမှာဖြစ်ပါတယ်။ အချက်အလက်စိစစ်ချက် ၁၀ မိနစ်ကျော်ကြာတဲ့ ဒီဗွီဒီယိုမှာ ခေါင်းစဉ်မှာ ICJ လို့အတိုခေါက်ခေါ်နေတဲ့ ကုသမဂ္ဂတရားရုံး(international court of justice)တပ်ထားပေမဲ့ ဗွီဒီယိုထဲမှာ ပြောတဲ့အကြောင်းအရာတွေဟာ ICC လို့အတိုခေါက်ခေါ်တဲ့ နိုင်ငံ တကာရာဇဝတ်ခုံရုံး(international criminal court) စုံစမ်းစစ်ဆေးရေး အရာရှိတွေကို ဗီဇာထုတ်မပေးဖို့နဲ့ အမေရိကန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေပိတ်ဆို့ဖို့အမိန့်တစ်ရပ်လက်မှတ်ရေးထိုးအကြောင်းတွေပဲဖြစ်တာတွေ့ရပါတယ်။  Google မှာ […]

Continue Reading

ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားများ ကိုယ်ဝန်ဆောင်နိုင်ရန် စမ်းသပ်မှုအောင်မြင်ဆိုတဲ့ သတင်းတု

ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားများ ကိုယ်ဝန်ဆောင် နိုင်ရန် စမ်းသပ်မှု အောင်မြင်တယ်ဆိုပြီး အမျိုးသားတစ်ဦး သာမန်ထက်ဗိုက်ဖောင်းနေတဲ့ ပုံနဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ “မြန်မာနိုင်ငံရန်ကုန်မြို့ရှိ ကုတင် ၁၀၀၀ အထူးကုဆေးရုံကြီးတွင် ဇွန်လ ၁ရက်နေ့က အမျိုးသားများကိုယ်ဝန် ဆောင် ခြင်းကို စမ်းသပ်ခဲ့ရာ အောင်မြင်မှုရှိခဲ့သည်ဟု ဒေါက်တာဦးကိုကိုဝင်းမှ ပြာကြားသွားသည်”ဆိုပြီးတော့ အောက်ပါအတိုင်း မျှဝေထားတဲ့ ပို့စ်မှာရေးသားထားတာတွေ့ရပါတယ်။ Fb link Archive link ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားတွေ ကိုယ်ဝန်ဆောင်ဖို့ စမ်းသပ်မှုရှိခဲ့သလား။ ဓာတ်ပုံထဲက ဗိုက်ပူနေတဲ့သူတွေ က ကိုယ်ဝန်ဆောင်ထားတာလား။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း အမျိုးသားတွေ ကိုယ်ဝန်ဆောင်ဖို့ စမ်းသပ်မှု အောင်မြင်တယ်ဆိုတဲ့ ပို့စ်မျိုးမတွေ့ရှိရပါဘူး။ မြန်မာနိုင်ငံက အထင်ကရ သတင်းမီဒီယာကြီးတွေမှာ ဒီလိုသတင်းမျိုးတစ်စုံတစ်ရာဖော်ပြထားတာ မတွေ့ရှိ ပါဘူး။ […]

Continue Reading