Fact Check: ၂၀၂၀ ခုနှစ်က ရုရှားမှာအစမ်းလေ့ကျင်ပျံသန်းမှုဗွီဒီယိုကို လက်ရှိ ယူကရိန်းကိုကျူးကျော်တိုက်ခိုက်မှုအဖြစ်မျှဝေ
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဆိုပြီး လေယာဉ်တွေအုပ်စုဖွဲ့ပျံ့သန်းလာတာကို အဆောက်အဦး တစ်ခုအောက်က မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုတစ်ခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ဒီဗွီဒီယိုထဲမှာ တိုက်လေယာဉ်အုပ်စုနဲ့ ရဟတ်ယာဉ်တွေ လအုပ်စုဖွဲ့ပျံသန်းလာတာတွေပါဝင်ပြီး အခြားသော ပေါက်ကွဲမှု၊ပစ်ခတ်မှုမြင်ကွင်းတွေလည်းပါဝင်ပါတယ်။ သို့သော် တိုက်လေယာဉ်တွေ အုပ်စုဖွဲ့ပျံသန်းလာတဲ့ ဗွီဒီယိုဟာ ၂၀၂၀ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ “ရုရှားက ယူကရိန်းကိုကျူးကျော်စစ် ထိုးစစ်ဆင်လိုက်တဲ့ ရုပ်သံများကို စုစည်းတင်ပြထား ပါသည်။” စသည်ဖြင့်ရေးသားပြီး “Andrew KC”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေ ထားတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် နိုင်ငံရဲ့ အစိတ်အပိုင်းအများအပြား ရုရှားလက်အောက်ကျရောက်ခဲ့ပြီး ရုရှားတပ်တွေဟာ မြို့တော် ကိယက်ဗ် (Kyiv)အနီးအထိရောက်ရှိနေပါတယ်။ […]
Continue Reading