Fact Check: ဓာတ်ပုံဟောင်းတွေကို အသုံးပြုပြီး မြန်မာရေတပ်က ခိုးဝင်ဘင်္ဂလီတွေကို ပစ်ခတ်ပုံနေသယောင်ဖော်ပြနေတဲ့ သတင်းမှား

COVID-19 ကူးစက်မဖြစ်စေဖို့အတွက် တပ်မတော်(ရေ)က ဘင်္ဂလား-မြန်မာနယ်စပ်မှာ ခိုးဝင်ဘင်္ဂလီတွေကို ပစ်ခတ်ပုံနေ သယောင် ဓာတ်ပုံတွေနဲ့တကွ ဖော်ပြနေတဲ့ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “နောက်ဆုံးတော့လည်း တပ်မတော်ကပဲ အမုန်းခံလိုက်ပါပြီ လက်ခံဖို့ချပြထားသော ဘင်္ဂါလီများအား Covid 19 သံသယဖြင့် ပြည်ထဲမဝင်ရန် တပ်မတော်မှ ဖိဖိစီးစီး တားဆီးကာ Navy စစ်သင်္ဘောများမှ တားဆီးပစ်ခတ်မှုစတင်ပါပြီ တိုင်းပြည်ချစ်သူမှန်ရင် နားလည်ကြပါ မြန်မာပြည်သားများ အန္တရာယ်အတွက်သာ ဦးစားပေးပါမည် ဘင်ဂါလီ မဝင်ရ ပိုးမပြန့်စေရ်”စသည်ဖြင့် ရေးသားထားပြီး “Win Htein Oo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ Link Archive link စက်တင်ဘာလထဲမှာ လူမှုကွန်ယက်အသုံးပြုသူထောင်နဲ့ချီပြီး မျှဝေထားတဲ့ အလားတူပို့စ်ကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာတွေမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တပ်မတော်ရဲ့ […]

Continue Reading

Fact Check: ကိုဗစ်ပြန်ဖြစ်တာ အနောက်တံခါးမလုံလို့ဖြစ်တာလို့ ဒေါက်တာဇော်ဝေစိုးပြောခဲ့သလား

ကိုဗစ်နိုင်တင်းပြန်ဖြစ်တာဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် မောင်တောနယ်စပ် အနောက်တံခါးမလုံလို့ဖြစ်တဲ့ အကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) ပါမောက္ခ၊ ရန်ကုန်တိုင်းကိုဗစ်နိုင်တင်းထိန်းသိမ်းရေးကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်ဝေစိုးကပြောကြောင်း လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ခုလိုဖြစ်ကုန်တာ အနောက်တံခါး မလုံလို့  ဖြစ်ကုန်တာ ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်၊ ရခိုင်ကနေ ရန်ကုန် အကုန်ကူးစက်ကုန်ကုန်တာပါဟု ဒေါက်တာဇော်ဝေစိုးကရှင်းလင်းပြောကြားခဲ့။ ခုလိုမဖြစ်ခင်ထဲက တနိုင်ငံလုံးက အနောက်တံခါးကို LOCK DOWNချဖို့ ဝိုင်းအော်နေတာ  ပိတ်မှမပိတ်တာဗျာ၊ ခုလိုဖြစ်တော့ကျွန်တော့်မှာ တာဝန်ရှိပါတယ်လို့  ဘယ်သူကမှ ဝန်မခံတော့ဘူး”လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် ‌ဒေါက်တာဇော်ဝေစိုးက ဒီလိုပြောတယ်ဆိုတာနဲ့ပတ်သက်ပြီး သတင်းမီဒီယာမှာ ဖော်ပြချက်တစ်စုံတရာ မတွေ့ရပါ ဘူး။ ဒေါက်တာဇော်ဝေစိုးရဲ့ အင်တာဗျူးဖြေဆိုထားတာတွေမှာလည်း မတွေံရပါဘူး။ ဒါ့ကြောင့် ဒေါက်တာဇော်ဝေစိုးကို […]

Continue Reading

Fact Check: ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးလုပ်ဆောင်နေတဲ့ တပ်မတော်သားတွေကို ဒေါ်အောင်ဆန်းစုကြည်ဂုဏ်ပြုတဲ့ စာအတု

ရခိုင်ပြည်နယ်အကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်ရေးဆောင်ရွက်နေသော မြန်မာတပ်မတော်အားချီးကျူးဂုဏ်ပြုခြင်း နှင့် ထပ်ဆင့်တာဝန်ပေးအပ်ခြင်းဆိုတဲ့ သမ္မတရုံးတံဆိပ်နဲ့ ရုံးစာတစ်စောင်ဟာ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ “ရခိုင်ပြည်နယ်က NLDပါတီက ကိုယ်စားလှယ်တွေ၊ NLDပါတီဝင်တွေ၊ NLDထောက်ခံသူတွေကို ဘယ်လိုခေါ်ရမလဲ။ နောက်ဆုံးမင်းတို့လည်း ရခိုင်လူမျိုးကို သတ်တဲ့ပူးပေါင်းတရားခံဖြစ်လိမ့်မယ်”လို့ ရခိုင်ဘာသာနဲ့ ရေးသားထားတဲ့စာအညွှန်းနဲ့အတူ ဒီစာကိုတင်ထားတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်သုံးသပ်ချက် ပထမဦးဆုံးအနေနဲ့ဒီစာကို နိုင်ငံတော်သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံ့ရုံးတို့ရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ ဝဘက်ဆိုဒ်တို့မှာ ဒီစာကိုတင်ထားတာမတွေ့ရပါဘူး။စာရဲ့ အပေါ်မှာ နိုင်ငံတော်သမ္မတရုံးအမှတ်တံဆိပ်ပါဝင်ပြီ အောက်က လက်မှတ်ထိုးသူနေရာမှာတော့ သမ္မတဦးဝင်းမြင့်လက်မှတ်နဲ့ အမည်မဟုတ်ပဲ နိုင်ငံတော်အတိုင်ပင်ခံ့ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမည်နဲ့ ဖြစ်နေတာကို တွေ့ရပါတယ်။တကယ်ဒီရုံနှစ်ခုက မတူပါဘူး။ပြီးခဲ့တဲ့ ဧပြီလကတော့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တွေကို ချီူကျူးဂုဏ်ပြုကြောင်း စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ဒီစာနှစ်ခု မတူညီကြောင်း အောက်ပါလင့်ခ်မှာ လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ဒီစာက အတုဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ […]

Continue Reading

Fact Check: မုံရွာက ပြည်ခိုင်ဖြိုးပါတီထောက်ခံပွဲအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံသတင်းမှား

COVID-19 ကူးစက်ပျံ့နှံ့မှုမြင့်တက်နေခြင်းနဲ့အတူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပါတီတွေဟာ မဲဆွယ်စည်းရုံးမှုကို ကျန်းမာရေးစည်းကမ်းတွေနဲ့အညီဆောင်ရွက်ချိန် လည်းဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအင်္ကျီဝတ်လူအုပ်ကြီးက အလံဝှေ့ယမ်းနေပုံကို “ယနေ့ မုံရွာ မြင်ကွင်း လေးစားပီလေ” ဆိုပြီးတော့ “‎Myo Ko‎”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မုံရွာ သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ် အုပ်စုမှာ စက်တင်ဘာ ၈ ရက်က အောက်ပါ အတိုင်းမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၂ ရာကျော်ရှိပါတယ်။ Fb link Archive link ဒီပို့စ်ရဲ့အောက်မှာ မှတ်ချက်တွေဖတ်ကြည့်မယ်ဆိုရင် မုံရွာမှာ ဖြစ်ပျက်ခဲ့ခြင်းမရှိဘူးလို့လည်း မှတ်ချက်ပေး ထားတာမျိုးတွေ တွေ့ရသလို မယုံကြည်သူတွေလည်းရှိပါတယ်။ ဒီပုံထဲမှာပါတဲ့ သူတွေမှာ COVID-19 ကာလအတွင်းစည်းရုံးရေးဓာတ်ပုံတွေလိုမျိုး ပါးစပ်နဲ့ နှာခေါင်းစည်းမပါဝင်တာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံမှာ gettyimages ဆိုပြီးတော့ […]

Continue Reading

Fact Check: ရေနံချောင်း NLD အမတ်လောင်းကို တိုက်ခိုက်တဲ့ အချက်အလက်မှား ဖြန့်ဝေ

အင်းစိန်ရွာမဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ စာသင် ရဟန်းနဲ့ သင်္ဃာ ၇၅ မှာ COVID-19 ကူးစက်ခံရတဲ့ သတင်းနောက်ဆက်တွဲရေးသားပြောဆိုချက်တွေ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ဒီလိုအခြေအနေမှာ ရေနံချောင်းမဲဆန္ဒနယ်မှာ NLD ပါတီက ဝင်ပြိုင်မယ့် အမတ်လောင်း ဉီးခင်မောင်လင်းက အင်းစိန်ရွာမကျောင်း ပိုးတွေ့ရှိမှုအပေါ် မှတ်ချက်ရေးသားခဲ့တဲ့ ပို့စ်တစ်ခုအဖြစ် လူမှုကွန်ယက် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ “ခင် စစ်သွေး နိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဝန်ကြီးလုပ်မယ့် nld လွှတ်တော်အမတ်လောင်း ရေးတဲ့မန့်ကိုကြည့် ခင်မောင်ဝင်း ဆိုတဲ့ကောင်ကို စောက်ရမ်း ရွံတယ် “လို့ ရေးသားမျှဝေထားပါတယ်။ Fb link Archive link “ရွှေ နန်း ထက်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကလည်း အလားတူမျှဝေထားပါတယ်။ ဒီလိုချိတ်ဆက်ပြီး မျှဝေနေတဲ့ screenshot ပို့စ်တွေကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ရေနံချောင်းမြို့နယ် […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းမှား ဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူး၊ COVID 19 ကူးစက်ခံရတယ်ဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။  “နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တတိယအကြိမ် ဆေးစစ်ချက် COVID 19 ရောဂါပိုး Positive အဖြေထွက်ဟုဆို” ခေါင်းစဉ်တပ်ပြီး “နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ထမ်းအချို့နှင့် သမ္မတရုံး ဝန်ထမ်းများအပါအဝင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိစပ်မှု့ရှိခဲ့သည့် အသိုင်းအဝိုင်းများမှ လူပုဂ္ဂိုလ်အချို့မှာ COVID 19 ရောဂါပိုးတွေ့ရှိ ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်အား COVID 19 ရောဂါ ပိုးကူးစက်ခံရမှုရှိမရှိ စစ်ဆေးခဲ့ရာ ပထမ အကြိမ်နှင့် ဒုတိယအကြိမ်များတွင် Nagative အဖြေထွင်ခဲ့သော်လည်း စက်တင်ဘာ ၁၉ ရက် ညနေပိုင်း တွင်တတိယအကြိမ် ပြန်လည်စစ်ဆေးခဲ့ရာ Positive အဖြေထွက်ခဲ့သည့်အတွက် အထူးကုသမားတော်ကြီး များဖြင့် သီးသန့်ကုသနေကြောင်း […]

Continue Reading

Fact Check: တပ်မတော်ရဲ့မိတ်ဖက်ပါတီအောင်နိုင်ရေးအတွက် ကော်မတီဖွဲ့ဖို့ ထိတ်တန်းလျှို့ဝှက်ဆိုတဲ့ စာအတု

လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ မိတ်ဖက်ပါတီအောင်နိုင်ရေးအတွက် ဦးစီးကော်မတီ၊ ဆပ်ကော်မတီတွေ ဖွဲ့စည်းပြီး သက်ဆိုင်ရာကော်မတီတွေကို သေချာကြပ်မတ်ဆောင်ရွက်နိုင်ရန်ဆိုတဲ့ တပ်မတော်ရဲ့ ထိတ်တန်း လျှိုဝှက်စာဆိုတဲ့ ပို့စ်တစ်ခုပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “စစ်တပ်ဟာပါတီနိုင်ငံရေးနဲ့ ကင်းရှင်းရမယ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်း ပြဌာန်းထားပါတယ်။ ဒါပေမဲ့တပ်ချုပ်ကိုယ်တိုင် ကြံ့ခိုင်ရေးအတွက် မဲဆွယ်ပါတယ်။”စသဖြင့်အညွှန်းတပ်ထားပြီး ၂၀၂၀ရွေးကောက်ပွဲမှာ မိတ်ဖက်ပါတီအောင်နိုင်ရေးအတွက် ဦးစီးကော်မတီနဲ့ ဆပ်ကော်မတီတွေ ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှု အကြောင်းကြားခြင်းဆိုတဲ့ တပ်မတော်ရဲ့ထိတ်တန်းလျှို့ဝှက်စာဆိုတာကို ဓာတ်ပုံရိုက်တင်ထားတာတွေ့ရပါတယ်။ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ပြန်လည်မျှဝေကြတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းအမှားဖြစ်ကြောင်းကို BBC Burmesနဲ့ အင်တာဗျူးမှာ ပြန်လည်ဖြေဆိုထားတာတွေ့ရပါတယ်။ “ဒါက စာအတုဖြစ်တယ်၊ ဒီလိုအချိန်မျိုးမှာ ဒီလိုစာထွက်လာတာက တပ်မတော်နဲ့ အစိုးကြား၊ တပ်မတော်နဲ့ နိုင်ငံရေးအဖွဲ့စည်းတွေကြားမှာ […]

Continue Reading

Fact Check : နေအိမ်/ရပ်ကွက်ပြင်ပသို့ထွက်ရင် ထောင်ဒဏ် ၁ နှစ် (သို့) ဒဏ်ကြေး ၃ သိန်းပေးဆောင်ရမယ်ဆိုတာ မဟုတ်ပါ

COVID-19  ကူးစက်ပျံ့နှံ့မှု ဆက်တိုက်မြင့်တက်လျက်ရှိရာမှာ အထူးသဖြင့် လူဉီးရေထူထပ်တဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာ ကူးစက်ပျံ့နှံမှုအဓိကဖြစ်ပေါ်နေတာတွေ့ရပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  ကိုကိုးကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်နေပြည်လူထုကို အိမ်တွင်သာနေထိုင်ရန် စက်တင်ဘာ ၂၀ ရက်ကအမိန့်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ “24 ရက်နေ့နောက်ပိုင်း ကျန်းမာရေးကထုတ်ပြန်သတ်မှတ်ထားတဲ့ အပြင်ထွက်ခွင့် ရှိတဲ့ သူမဟုတ်ဖဲ နေအိမ်/ရပ်ကွက်ပြင်ပသို့ထွက်ရင် ထောင်ဒဏ် ၁ နှစ် (သို့) ဒဏ်ကြေး ၃ သိန်းပေးဆောင် ရမယ်(အခုလိုလုပ်တာ ဖြစ်သင့်တဲ့ကိစ္စပါ။ ထိထိရောက်ရောက်ကိုင်တွယ်မှ ရန်ကုန်မြို့ကြီးအမြန်ဆုံး ပြန်လည်ကျန်းမာလာမှာပါ)#Crd #ကြည်သာဟန် — feeling thankful in Mawlamyine..” စသည်ဖြင့် ရေးသားပြီး ‎”Oo Lay Yan Myo” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထား တာတွေ့ရပါတယ်။ အလားတူ ပို့စ်ကို […]

Continue Reading

မကျေနပ်ရင် ရွေးကောက်ပွဲဝင်မပြိင်ဖို့ရွေးကောက်ပွဲကော်မရှင်ပြောသလား-မဟုတ်ပါ

ရွေးကောက်ပွဲကို ရက်အတိအကျလုပ်မယ်၊ မကျေနပ်ရင် ဝင်မပြိုင်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က ပြောတယ် ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခု လူမှုကွန်ယက် သုံး စွဲသူတွေ အကြားမှာ ပျံ့နှံလျက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ရွေးကောက်ပွဲကို အတိအကျလုပ်မယ်။ မကျေနပ်ရင် ဝင်မပြိင်လို့ရတယ်။ ကျွန်တော် စကားကို ဖင်တစ်ခွန်း ခေါင်းတစ်ခွန်းမပြောဘူး။ ဦးမြင့်နိုင်(UEC ဉက္ကဌ)”ဆိုပြီး မျှဝေထားပါတယ်။  “Canda Siri”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူရဲ့ပို့စ်ကို “Sandar Aung” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။အလားတူပို့စ်ကို “Ko Pyae”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် စက်တင်ဘာ ၁၉ ရက်ကမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်း မီဒီယာတာဝန်ရှိသူတွေနဲ့ အွန်လိုင်းက ဆွေးနွေးမှုအစီတစ်ခုအပြီးမှာ ဒီလိုမျိုး မျှဝေမှုတွေ […]

Continue Reading

ဘွဲ့တံဆိပ်ပြန်ရုပ်သိမ်းခဲ့သည့်ဆရာတော်အဖြစ်ဖော်ပြနေတဲ့ သတင်းမှား

အဆောက်အဦးတစ်ခုရှေ့မှာ ဘုန်းကြီးတစ်ပါး လူတွေကို ဆွမ်းဟင်းခပ်ပေးနေတဲ့ပုံကို အစိုးရရဲ့ ဘွဲ့တံဆိပ် တော်ပြန်လည်ရုပ်သိမ်းခံခဲ့ရသည့် ဆရာတော်အဖြစ်မျှဝေနေတဲ့ သတင်းမှားတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။  “Ko Ko Mg”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “NLD ကိုမထောက်ခံတဲ့ဆရာတော်၏ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် ကို သမ္မတဦးဝင်းမြင့်မှပြန်ရုတ်သိမ်း ရုတ်သိမ်းခံရသည့် ဆရာတော်မှ လူထုကိုကူညီရင်ထဲမချိပြီ..” စသည်ဖြင့် ရေးသားပြီး ဆွမ်းဟင်းခပ်ပေးနေတဲ့ ဘုန်းကြီးကိုလည်း  အဂ္ဂမဟာ ပဏ္ဍိ တဘွဲ့တံဆိပ်တော်ပြန်လည်ရုပ်သိမ်းခံရ သည့် ဆရာတော် ဘဒ္ဒန္တဣန္ဒာစာရအဖြစ် အောက်ပါအတိုင်းမျှဝေ ထားရာမှာ လူမှု ကွန်ယက်အသုံးပြုသူ ၁ ထောင်ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။  Fb Link Archive link အလားတူ “နေဝင်းထွန်း”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူကလည်း မျှဝေထားတာတွေ့ရပါတယ်။ “Ko Ko Mg”ပို့အောက်မှာ မှတ်ချက်ရေးသားသူတစ်ချို့က ဒီသတင်းမှားလို့ မှတ်ချက်ပေးနေကြတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် မွန်ပြည်နယ် […]

Continue Reading