TIKA တံဆိပ်ပါအိတ်တွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်အိတ်တွေအဖြစ်ဖော်ပြ နေတဲ့ သတင်းမှား

တူရကီပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(TIKA)တံဆိပ်နဲ့အိပ်တွေကို  ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းက ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ကိုထောက်ပံ့သော ဆန်အိတ်များအဖြစ် လူမှုကွန်ယက်မှာ ဖြန့်ဝေနေပါတယ်။ တပ်မတော်က AA စခန်းကိုသိမ်းမိလို့ ပစ္စည်းလေးတွေကိုစစ်ဆေးလိုက်တော့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကထောက်ပံ့ပေးထားတဲ့ပစ္စည်းတွေဖြစ်နေတယ်ဆိုပြီးတော့ Tin Myo အမည်နဲ့ အကောင့်က ပို့စ်တင်ထားပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ တပ်မတော်ကာကွယ်ရေးဥ◌ီးစီးချုပ်ရုံးရဲ့ ဝက်ဆိုဒ်စာမျက်နှာမှာ AA စခန်းကို သိမ်းပိုက်ရရှိတဲ့သတင်းနဲ့ အခုလို ဆန်အိတ်တွေ ဖမ်းဆီးရမိတဲ့ သတင်းမတွေ့ရပါဘူး။ ၂။ ဆန်အိတ်ပေါ်က အမှတ်တံဆိပ်ကို ကြည့်တဲ့အခါမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အမှတ်တံဆိပ်မဟုတ်ပါဘူး။ ၃။ တရားဝင်သတင်းဌာနတွေက ဒီလိုဖမ်းဆီးရရှိမှုသတင်းမတွေ့ရှိရပါဘူး။ ၄။ Google မှာရှာကြည့်ရင် ဒီအမှတ်တံဆိပ်ဟာ တူရကီပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီရဲ့ အမှတ်တံဆိပ်နဲ့တူနေတာတွေ့ရပါတယ်။ ၅။ Google မှာ reverse image ရှာဖွေနည်းနဲ့ […]

Continue Reading

မိဘကို စော်ကား၍မြေမြိုခံရဆိုတဲ့ သတင်းမှား

မိဘကို စော်ကား၍မြေမြိုခံဆိုတဲ့သတင်းကို လူမှုကွန်ယက်မှာ မျှဝေသူတွေ များပြားနေပါတယ်။ မန္တလေးတိုင်း အောင်ပင်လယ်ရပ်ကွက်နေသူမောင်ထင်လင်းဦး ခေါ် မောင်ဆူဟိုဟာ ဇွန် ၁၅ ရက်က ကိုရီးယားအဆိုတော်အဖွဲ့ EXO ရဲ့ သီချင်းခွေဝယ်ရန် အမေဖြစ်သူမုဆိုးမကြီးထံမှ ပိုက်ဆံတောင်းရာ မပေးသဖြင့် မိခင်အိုကြီးအား ဆဲဆိုကန် ကျောက်ရိုက်နက် ၍ အိမ်မှ ဆင်းသွားစဉ် မြေမြိုခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ Google မှာပုံကို ရှာကြည့်တဲ့အခါ အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ သတင်းအမြောက ်အများကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ၂။ ပထမဆုံး လင့်ခ်ကိုဖွင့်ကြည့်မယ်ဆိုရင် ဒီပုံဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က သဘာဝလှိုင်ဂူထဲကို လူတစ်ယောက်က ဝင်ဖို့ကြိုးစားနေတဲ့ ပုံလို့ဖော်ပြထားပါတယ်။ ၂၀၁၅ ခုနှစ်က အခြားဝင်ပေါက်ရှိပေမဲ့ စွန့်စားချင်တဲ့သူ တစ်ယောက်က […]

Continue Reading

ဖေ့စ်ဘွတ်cele ကျော်ကျော်နန္ဒ ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဆေးရုံတင်ရဆိုတဲ့ သတင်းမှား

ဖေ့စ်ဘွတ်cele ကျော်ကျော်နန္ဒ ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဆေးရုံတင်ရတယ်ဆိုပြီး လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာရှိပါတယ်။ ကျော်ကျော်နန္ဒဟာ မိသားစုပြိုင်ပွဲပြီးဆုံးသွားချိန်မှာ ကိုရိုနာဗိုင်းရပ်ကြောင့် ချက်ချင်းဆေးရုံတင်လိုပ်ရတယ်လို့သိရတယ်ဆိုပြီးတော့ သတင်းထဲမှာ ရေးသားပါတယ်။ ဟာသ ဗဟုသုတ သတင်းစုံဆိုတဲ့ ဖေ့စ်ဘွတ်အဖွဲ့မှာ အောက်ပါအတိုင်းမျှ ဝေထားပါတယ်။  FB Link Archieve Link အချက်အလက်စိစစ်ချက် ၁။ ကျော်ကျော်နန္ဒ ရဲ့စာမျက်နှာမှာ မတ်လ ၇ ရက်နေ့မှာ အတွင်းခံဘောင်းဘီကြော်ငြာ ရိုက် တယ်လို့ ဆိုထားပါတယ်။ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့ သတင်းဖော်ပြထားတာမတွေ့ရပါဘူး။ ၂။ မိသားစုပြိုင်ပွဲစာမျက်နှာမှာ မတ်လ ၆ ရက် ပြိုင်ပွဲမရှိတာတွေ့ရပါတယ်။ ၃။ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၇ ရက်ထုတ်ပြန်ချက်အရလည်း ရန်ကုန်တိုင်းဒေသကြီးမှာ မတ် ၆ ရက်နေ့က သံသယလူနာတွေ့ရတယ်လို့ မပါရှိပါဘူး။ သုံးသက်ချက် အထက်က […]

Continue Reading

မြန်မာအစိုးရ ဖုံးကွယ်ထားတဲ့ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေသော ဒေသမျာစာရင်း ပေါက်ကြားဆိုတဲ့ သတင်းမှား

မြန်မာအစိုးရဖုန်းကွယ်ထားတဲ့ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေသော ဒေသများစာရင်း ပေါက်ကြားဆိုတဲ့ သတင်းကို လူမှုကွန်ယက်သုံးစွဲသူတွေက ပြန်လည်မျှဝေကြပါတယ်။  လူမှုကွန်ယက်သုံးစွဲသူတစ်ဥ◌ီးကလည်း သတင်းကို မက်ဆေ့ဂျာက တစ်ဆင့်ပေးပို့လာပါတယ်။ လင့်ခ်ကို ထောက်ကြည့်လိုက်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၁။ ခေါင်းစဥ◌်မှာ မြန်မာအစိုးရဖုန်းကွယ်ထားတဲ့ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေသော ဒေသများစာရင်း ပေါက်ကြား လို့ပေးထားပေမဲ့  ဗွီဒီယိုထဲမှာ ဒီအကြောင်းအရာမပါဝင်ဘဲ တရုတ်နိုင်ငံက အကြောင်းအရာတွေသာဖြစ်နေပါတယ်။ ၂။Google မှာ “မြန်မာ အစိုးရ ဖုံးကွယ်ထားတဲ့”ဆိုတဲ့စကားလုံးကို ရိုက်ရှာကြည့်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ၃။ ပထမဆုံးလင့်ကိုထောက်ကြည့်ရင် ဇန်နဝါရီ ၂၆ ရက်မှာ Myanmar News အမည်နဲ့ ယူကျူ့မှာတင်ထားတဲ့ ဗွီဒီယိုကို  တွေ့ရပါတယ်။ မူရင်းခေါင်းစဥ◌်က “ဝူဟန်မှာ အစိုးရဖုံးကွယ်ထားတဲ့ သေဆုံးသူ ပမာဏ ဘယ်လောက်ရှိကြောင်း ပြောပြနေတဲ့ သူနာပြု ဗီဒီယိုဖိုင်”ဖြစ်ပါတယ်။ […]

Continue Reading

ဒဂုံစင်တာ၂ ရှေ့မှာ ဝူဟန်ဗိုင်းရပ်စ်ကူစက်ခံရလို့ယူဆရသူသတိလစ်နေဆိုတဲ့ သတင်းမှား

ဒဂုံစင်တာ၂ ရှေ့မှာ ဝူဟန်ဗိုင်းရပ်စ်ကူစက်ခံရလို့ယူဆရသူသတိလစ်နေဆိုတဲ့ E.T.S Every Time Story  ရဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ FB link Archieve link အခြားသော လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၁။ ဒဂုံစင်တာ ၂ရှေ့မှာ ဝူဟန်ဗိုင်းရပ်စ် လက္ခာနဲ့ လူတစ်ဥ◌ီး သတိလစ်နေဆိုပြီး နှာခေါင်းပိုက်တပ်ထားတဲ့ လူတစ်ယောက်နဲ့ လူနာတင်ယာဥ◌်ကို ပြထားပေမဲ့ တကယ်တမ်း လင့်ခ်ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ စစ်ကိုင်းမှာ သံသယရှိလူနာတွေ့ရှိဆိုတဲ့ သတင်းဖြစ်နေပါတယ်။ ၂။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၄ ရက်နေ့အထိ Covid-19 နဲ့ပတ်သက်တဲ့သတင်းထုတ်ပြန်ချက်မှာ ဒီဖြစ်စဥ်ကို မတွေ့ရှိရပါဘူး။ ၃။ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ်လ ၄ ရက်နေ့အထိထုတ်ပြန်တဲ့ နိုင်ငံအလိုက်ကူးစက်ခံရမှုစာရင်းတွေအရလည်း မြန်မာနိုင်ငံမှာ Covide-19 ဖြစ်ပွားမှုစာရင်းမရှိသေးပါဘူး။ ၃။ ဒဂုံစင်တာကတော့ […]

Continue Reading

ယူနီဆပ်ဖ်ရဲ့ ကြေညာချက်ဆိုပြီး ဖြန့်ဝေနေတဲ့ covid-19 မှတ်စုဆိုတဲ့ သတင်းမှား

ယူနီဆပ်ဖ်(UNICEF)ကနေထုတ်ပြန်တဲ့ covid-19 နဲ့ ပတ်သက်တဲ့ ကြေညာချက်ဆိုပြီး လူမှုကွန်ယက်မှာ  မျှဝေနေကြပါတယ်။ မြန်မာဘာသာ၊အင်္ဂလိပ်ဘာသာ UNICEF ကြေငြာချက်အဖြစ်ပြန်လည်မျှဝေနေတဲ့ အထဲမှာ “ကိုရိုနာ ဗိုင်းရပ် ကို mask နဲ့ကာကွယ်ဖို့ မလိုပါဘူး။ virus က အရွယ်ကြီးပြီးလေးတဲ့ လေထဲမှာမနေ ပါဘူး။အရာဝတ္ထုတွေ အစားအစာနဲ့မြေပြင်မှာနေတာပါ။လေက တစ်ဆင့်မကူးစက်ပါဘူး ထိတွေ့  မှုကနေ ကူးစက်ပါတယ်။ Virus ဟာ metal ပေါ်မှာ ၁၂ နာရီ အသက်ရှင်ပါတယ်။ အဝတ်ပေါ်မှာ ၉ နာရီ အသက်ရှင်ပါတယ်။ လက်ပေါ်မှာ ၁၀မိနစ် အသက်ရှင်တယ်။Virus ကို ကာကွယ်ဖို့ mask ဝတ်ဆင်ခြင်းထက် လက်ဆေးခြင်း-အဝတ်အစားများကို နေလှန်းပေးခြင်းက ပိုထိရောက်ပါတယ်။ Virus ကူးထားတဲ့ mask က ရောဂါပိုကူးနိုင်ပါတယ်။လက်ဆေးဖို့ အရက်ပျံဆောင်ထားတာ ပိုထိရောက်ပါတယ်။ […]

Continue Reading

ခင်ဦးမြို့မ‌ေစျးက ငါးခြောက်တုလို့ ပြန်လည်မျှဝေနေတဲ့ သတင်း

ခင်ဦးမြို့မဈေးထဲက ငါးခြောက်တုလို့ သံသယရှိမှုကြောင့် တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးတဲ့ ဓာတ်ပုံကို ငါးခြောက် အတုများဆိုပြီး CeleClub ကရေးသားထားပါတယ်။ သတင်းစာကိုယ်ထဲမှာတော့ တိုင်တန်းချ က်ကြောင့် ဝင်ရောက်စစ်ဆေးပြီး အတုလိုထင်ရဲ့ ငါးခြောက်တွေကို ဓာတ်ခွဲစမ်းသပ်ဖို့ ယူသွားတယ်လို့ ရေးထားပေမဲ့ ခေါင်းစဥ◌်မှာ ငါးခြောက်တုတွေတဲ့ဆိုပြီး ဓာတ်ပုံမှာရေးသားထားပါတယ်။  အချက်အလက်စိစစ်ချက် ၁။ဒီသတင်းကို စိစစ်တဲ့အခါမှာ အစိုးရတာဝန်ရှိသူတွေဟာ ခင်ဦးမြို့မ‌စျေးကို ၂၀၂၀ ဖေဖော်ဝါရီ ၂၄ ရက်က ဝင်ရောက်စစ်ဆေးခဲ့တာမှန်ပေမဲ့ ငါးခြောက်တုလို့ အတည်ပြုတာမျိုးတော့ မတွေ့ရပါဘူးလို့ Eleven Media Group ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ ၂။ မတ် ၂ ရက်နေ့ရက်စွဲနဲ့ The Voice က ဖော်ပြတဲ့သတင်းမှာလည်း ဝင်ရောက်စစ်ဆေးတာမှန်ပေမဲ့ သံသယရှိတဲ့ ငါးခြောက်နာမူနာတစ်ချို့ကို ဓာတ်ခွဲခန်းပို့ထားဆဲဖြစ်ပြီး အဖြေမထွက်သေးဘူးလို့ စစ်ဆေးရာမှာပါဝင်တဲ့ […]

Continue Reading