Fact Check: ရေနွေးဖြူသောက်ရင် ကင်ဆာ၊သွေးတိုးအပါအဝင်ရောဂါ ‌ပေါင်းစုံ ပျောက်တယ်ဆိုတာ အထောက်အထားမရှိပါ

ရေနွေးဖြူကို ပုံမှန်သောက်သုံးမယ်ဆိုရင် ကင်ဆာနဲ့ သွေးတိုးအပါအဝင် နာတာရှည်ရောဂါတွေကို ပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှ ယခုရက်ပိုင်းအတွင်း ပျံ့နှံ့မှု အားကောင်းနေတာတွေ့ ရပါတယ်။  နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်တခုသာဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ရဲ့ အစိတ်အပိုင်းကို ရယူထားခြင်းဖြစ်တယ်။ ရှည်လျားစွာဖော်ပြထားတဲ့ ရေးနွေးသောက်ခြင်းဖြင့် ပျောက်ကင်းတယ်ဆိုတဲ့ ရောဂါများစွာလည်းပါဝင်တဲ့ ပို့စ်ပါ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ကြည့်ပါ။  “ရေဖြူကိုကြိုချက် အအေးခံပြီး ရေ အဖြင့်ပြန်သောက် တခါသောက်ရင် ငါးကြင်းဖန်အလတ်စား ၅ခွက်ဝင် အောင်သောက် သင်တို့ခန္ဓာကိုယ်က ရောဂါအားလုံးနီးနီးနိုင် သွေးတိုး ဆီးချို ရင်တုန် အမောလွယ် အမြင်မှုန် ရက်ပိုင်း  လပိုင်းအတွင်းကို ပျောက်တယ် နောက်ဆုံး ကင်ဆာ ရောဂါပါပျောက်တယ် အစွဲတော့ […]

Continue Reading

Fact Check: COVID-Omicron XBB က အရင်‌ဗိုင်းရပ်စ်ထက် ၅ ဆ ပြင်းထန်ပြီး သေဆုံးမှုနှုန်းပိုမြင့်တယ်ဆိုတာ အထောက်အထားမရှိပါ

အရင်‌ဗိုင်းရပ်စ်ထက် ၅ ဆ ပိုမိုပြင်းထန်ပြီး သေဆုံးနိုင်ခြေလည်းပိုများလို့  COVID-19 မျိုးကွဲ Omicron XBB နဲ့ ပတ်သက်ပြီး သတိပေးချက်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှ ယခုရက်ပိုင်းအတွင်း ပျံ့နှံ့မှု အားကောင်းနေတာတွေ့ ရပါတယ်။  နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်တခုသာဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားခြင်းဖြစ်တယ်။ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ကြည့်ပါ။  “COVID-OmicronXBB သည် မြစ်ဝကျွန်းပေါ်မျိုးကွဲများထက် ငါးဆပိုမိုပြင်းထန်ပြီး သေဆုံးနှုန်းပိုမိုမြင့်မားသည်။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် စစ်တပ်အာဏာသိမ်းအပြီးမှာ မြန်မာနိုင်ငံ ကျန်းမာရေးစနစ်ဟာလည်း ချိနဲ့ ပြိုကျနေပြီး ဘယ်လို မျိုးကွဲတွေနဲ့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ […]

Continue Reading

Fact Check: ကိုဗစ်ကာကွယ်ဆေးထိုးထားသူတွေဟာ ကိုဗစ်ကြောင့် သေဆုံးနိုင်ခြေ ပိုများလား- မဟုတ်ပါ

ကိုဗစ်-၁၉(Covid-19)ကာကွယ်ဆေးထိုးထားသူတွေဟာ ကိုဗစ်ကြောင့် သေဆုံးနိုင်ခြေ ပိုများကြောင်း ကနေဒါနိုင်ငံသား ဆရာဝန်က ဝန်ခံလိုက်တယ်လို့ဆိုပြီး ပြောဆိုချက်တခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။   ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ ပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီလိုပြောဆိုခဲ့တဲ့ ဆရာဝန်ဆိုသူ ဓာတ်ပုံပါဝင်ပြီး ပြောဆိုချက်အတိုင်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားဖော်ပြချက်ပါတဲ့ စခရင်ရှော့ဓာတ်ပုံတခုကိုလည်း ပို့စ်တင်သူ ၄င်းပို့စ်ရဲ့အောက်က မှတ်ချက်နေရာမှာ ဖော်ပြထားတာတွေ့ရပါ တယ်။  “Covid 19 ဆေးထိုးထားသူတွေဟာ ေ-သဆုံးနိုင်ခြေ ပိုများကြောင်း ကနေဒါနိုင်ငံသား ဆရာဝန်က ဝန်ခံ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်း စခရင်ရှော့ပို့စ်ပါပြောဆိုချက်ဟာ အခုရက်ပိုင်းမှပဲ ပြောကြားခဲ့သ‌ယောင်နဲ့ “BREAKING NEWS:”လို့ ခေါင်းစဉ်တပ်ထားပေမဲ့ […]

Continue Reading

Fact Check: အခါးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိရင် သွေးတိုးပြီး သေဆုံးနိုင်သလား- အထောက်အထားမရှိပါ

ခါးတဲ့အရသာ ၂ မျိုးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိရင် သွေးတိုးပြီး သေဆုံးနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုဖြစ်တာတွေ့ရပါတယ်။ အစားအသောက် ၂ ခုကို အတူတွဲ စားသောက်မိလို့ သေဆုံးနိုင်တယ်ဆိုတာဟာလည်း ယုံတမ်းစကားတခုသာဖြစ်ပါတယ်။  ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဇင်ဘာ ၂၉ ရက်မှာစတင်ဖြန့်ဝေခဲ့တဲ့ ဒီပို့စ်ဟာ တရက်အတွင်း ပြန်လည်မျှဝေမှုပေါင်း တထောင်ကျော်နဲ့  ကြည့်ရှု့မှုအကြိမ်အရေအတွက် တ သိန်းနီးပါးအထိ ရရှိထားတယ်။  ဒီပို့စ်မှာပဲ ဓာတ်ပုံစာသားထဲမှာတော့ အမျိုးမတူသည့် အခါးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိပါက သွေးတိုးပြီး လေဖြတ်သေဆုံးနိုင်ခြေရှိတယ်လို့လည်း ဆိုထားပါတယ်။  “ခွေးတောက် + တမာ ကြောင်လျှာ + ကြက်ဟင်းခါး […]

Continue Reading

Fact Check: မက်လင်ချဉ်က အသည်း‌ရောဂါတွေကို ပျောက်ကင်းတယ်ဆိုတဲ့ အထောက်အထားမရှိပါ

မက်လင်ချဉ်က အသည်းရောင်အသားဝါ ဘီပိုးနဲ့ အသည်းရောင်အသားဝါ စီပိုးတို့ကို ပျောက်ကင်းစေတယ် လို့ဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြော်ငြာရောင်းချလျှက်ရှိတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်ပြီး မက်လင်ချဉ်က အသည်းရောဂါတွေကို ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။  ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “အသည်းရောဂါ၊ဘီပိုး၊စီပိုးသမား၊အသည်းအဆီဖုံး အသည်းခြောက်သူများအတွက် ညနေပိုင်းသောက်ရန်အကောင်းဆုံးကတော့မက်လင်ချဉ်‌ ဖျော်ရည်ပါ။ အသည်းရောဂါအတွက်တင်မကဘဲ အဆီကျမြန်စေသောကြောင့် ပိန်ချင်သူများအတွက် အထူးသင့်လျော်ပါသည်။ အသည်းရောဂါအတွက်မက်လင်ချဉ် ဖျော်ရည်မသောက်ခင် ပိုးအရင်စစ်ကြည့်ပါ။ သောက်ပြီး ၃ရက်ပြည့်တဲ့နေ့မှာ ပိုးအရေအတွက်သိသိသာသာကျဆင်းသွားတာကိုတွေ့ရပါလိမ့်မယ်။ အသည်းအတွက် မက်လင်ချဉ်က မန်ကျည်းမှည့်ထက်‌‌တောင် ပိုပြီးအစွမ်းထက်ပါတယ်။ မက်လင်ချဉ်မှာပါဝင်တဲ့အထူးစွမ်းတဲ့ ဂုဏ်သတ္တိလေးတွေက အသည်းရောဂါဝေဒနာရှင်များနှင့် ကိုယ်တွင်းကအဆီပိုကျချင်သူများအတွက် ဘုရင်တစ်ပါးဖြစ်နေပါတယ်။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်းမှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ […]

Continue Reading

Fact Check: Pizza Hut က မွေးနေ့လက်ဆောင်ပေးနေတယ်ဆိုတာ လိမ်လည်လှည့်စားမှု သာဖြစ်တယ်

Pizza Hut ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ‘Happy Birthday’ မက်ဆေ့ချ် ပေးပို့ထားသူတွေဟာ ဘယ်ပီဇာဆိုင်မှာ မဆို အခမဲ့ပီဇာပုံးသုံးပုံးကို ရယူနိုင်တယ်လို့ ဆိုထားတဲ့ ပို့စ်တခု Pizza Hut Fans အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဒီပြောဆိုချက်ဟာ လိမ်လည်လှည့်စားမှုသာဖြစ်တယ်။  ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ ရေးသားဖြန့်ဝေမှု ကို ဒီနေရာမှာလည်းတွေ့ရတယ်။ “@Pizza ၏မွေးနေ့ကို ဂုဏ်ပြုရန်အတွက် ယခင်က ‘Happy Birthday’ မက်ဆေ့ချ်များ ပေးပို့ထားသူများထံသို့ ဘောက်ချာများ ပေးပို့ထားပါသည်။ အောက်တိုဘာ ၁။ ကူပွန်တစ်ခုစီကို မည်သည့်ပီဇာစားသောက်ဆိုင်တွင်မဆို အခမဲ့ပီဇာပုံးသုံးပုံးကို ရယူနိုင်ပါသည်။ 🎁 မှတ်ချက်- 10 မှ 12 ယောက်ကို ကျပန်းရွေးချယ်ပြီး သီးသန့်မက်ဆေ့ချ်မှတစ်ဆင့် […]

Continue Reading

Fact Check: မျောက်ကျောက်ရောဂါ ရန်ကုန်မှာ တွေ့ရှိတဲ့ သတင်းမှား

လေကြောင်းကတဆင့် ပြည်ပကပြန်လာတဲ့ ခရီးသွားတဦးထံကနေ မျောက်ကျောက်ရောဂါကူးစက်မှု ရန်ကုန်မှာ တွေ့ရှိရကြောင်း စစ်ကောင်စီကျန်းမာရေးအာဏာပိုင်တဦးက အတည်ပြုတယ်လို့ ဆိုပြီး ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်‌ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “၂၃/၈/၂၀၂၄  မနေ့က စပြီး ရန်ကုန်တိုင်းမှာ မျောက်ကျောက် ရောဂါ  စပြီးတွေ့ရှိရပြီလို့  ဒေါက်တာနန္ဒာဝင်း (တိုင်းကျန်းမာ)  ဆီက သတင်းရပါ တယ်။  လေဆိပ်ကနေဝင် လာတာလို့ သိရပါတယ်။ ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် စစ်တပ်ထိန်းချုပ်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနက အခုလိုမျိုး မျောက်ကျောက်ရောဂါကူးစပ်မှုနဲ့ ပတ်သက်ပြီး အတည်ပြုထုတ်ပြန်ထားတာမရှိပါဘူး။ အခုလို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ […]

Continue Reading

Fact Check: နို့မှုန့်က ဆီးချိုပျောက်တယ်လို့ ကြော်ငြာနေတဲ့ သတင်းမှား

တနေ့ကို နို့ဖန်ခွက် ၂ ခွက်ပဲ သောက်ပေးရုံနဲ့ ဆီးချိုကို ၇ ရက်အတွင်း ပျောက်ကင်းစေတယ်လို့ ဖေ့စ်ဘွတ်မှ ကြော်ငြာရောင်းချနေတဲ့ ပို့စ် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ကို ရယူထားခြင်းဖြစ်တယ်။  မူရင်းလင်ခ့် – Original link | Archive link မျှဝေထားတဲ့လင့်ခ်ကို ဝင်ရောက်ကြည့်ရှု့ရာမှာတော့ ရှည်လျားလှတဲ့ အမေးအဖြေပုံစံရေးသားမျှဝေချက်မှာ  Gludiabetic က ဆီးချိုပျောက်တယ်လို့ ဟော်မုန်းအထူးကုဆရာဝန် Yoshinori Ohsumi က ညွှန်းဆိုထားတာကို အတိုချုပ်အားဖြင့် နားလည်နိုင်တယ်။ အောက်ပါ စခရင်ရှော့ ဓာတ်ပုံကတော့ ဒီလို ဝင်ရောက်ကြည့်ရှု့ရာမှာ တွေ့ရတဲ့ Yoshinori Ohsumi ဆိုသူ ဆရာဝန် ဓာတ်ပုံနဲ့ ပြောဆိုချက်စာသားရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်။ အလားတူတဲ့ ဆီးချိုကို ပျောက်ကင်းအောင်ကုသနိုင်တဲ့ […]

Continue Reading

Fact Check: နို့ထွက်ပစ္စည်းက ဆီးချိုကို ကုသနိုင်ပြီး လေဖြတ်ခြင်းကို ပျောက်စေ နိုင်တယ်ဆိုတဲ့ သတင်းမှား

Diaglusure က ဆီးချိုကို ကုသနိုင်ပြီး လေဖြတ်ခြင်းကို ပျောက်ကင်းစေတယ်လို့ဆိုထားတဲ့ ပိုစ်တွေ ဖေ့စ်ဘွတ်မှာ ကြော်ငြာရောင်းချနေပြီး ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ Diaglusure က နို့မှုန့်တမျိုးပဲဖြစ်ပြီး  နို့ရည်ကြည်က ဆီးချိုကို သက်သာစေနိုင်တယ်ဆိုတဲ့ ကနဦးတွေ့ရှိချက်ရှိပေမဲ့ ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိတာတွေ့ရပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “Diaglusure ဖြင့် သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာ လျှော့ချပါ။ 👉 တစ်နေ့လျှင် Diaglusure နို့ 2 ခွက်သာ သောက်ပါ ။ – လေဖြတ်ခြင်း၊ အသည်းပျက်ဆီးခြင်း၊ မျက်စိကွယ်ခြင်းစသည့် အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲပြဿနာများကို လုံးဝပျောက်ကင်းအောင် ကူညီပေးပါတယ်။ အင်ဆူလင်ခုခံမှုကို လျှော့ချပေးပါတယ်။ – ဆီးချိုရောဂါအမျိုးအစား ၁ […]

Continue Reading

Fact Check: အ‌ဝေးရောက်အစိုးရဝန်ကြီးဟောင်း ဒေါက်တာတင့်ဆွေ ဆီးချိုဆေး ကြော်ငြာပေးနေတာလား-မဟုတ်ပါ

ပြည်ပရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB)ဝန်ကြီးဟောင်းနဲ့ ၁၉၉၀ ရွေးကောက်ခံအမတ် ဒေါက်တာတင့်ဆွေက ဆီးချိုကုသဆေးလို့ဆိုထားတဲ့ Aptadiabet အမည်နဲ့ဆေးကို ကြော်ငြာနေပုံအဖြစ် ဖေ့စ်ဘွတ်မှာ ကြော်ငြာပို့တွေ ပျံ့နှံ့လျက်ရှိတယ်။  အတုအပပြုလုပ်ကြော်ငြာချက် သာဖြစ်ကြောင်း ဒေါက်တာတင့်ဆွေက ငြင်းဆိုပါတယ်။ နို့မှုန့်အမျိုးအစား Aptadiabet ဟာ ဆီးချိုကို ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “အနောက်တိုင်းဆေးကိုမသုံးဘဲ အိမ်တွင်ဆီးချိုရောဂါကိုရပ်ပါ။ မကြာသေးမီက ဒေါက်တာတင့်ဆွေသည် AptaDiabet Diabete nut milk ကိုအသုံးပြုပြီး ရောဂါလုံးဝပျောက်ကင်းခဲ့သည်။ ကျွန်ုပ်တို့ AptaDiabet မှ ကတိပြုသည်- အနောက်တိုင်းဆေးများနှင့် အင်ဆူလင်ထိုးဆေးများ မသုံးပါနှင့် တိုးတက်မှုမရှိပါက ငွေပြန်အမ်းမည်။ တိုင်ပင်ဆွေးနွေးရန် သင့်ဖုန်းနံပါတ်ကို ဤနေရာတွင် ထားခဲ့ပါ။ https://www.aptadiabet.store/diabetesassociation” မူရင်းလင်ခ့် – Fb […]

Continue Reading