Fact Check: အမေရိကန်စစ်သည်တွေ ပဲခူးတိုင်းတစ်နေရာကို ချီတက်လာတယ်ဆိုတဲ့ သတင်းမှား

အမေရိကန်စစ်သည်တွေ ပဲခူးတိုင်းတစ်နေရာကို ချီတက်လာတဲ့ဓာတ်ပုံဆိုပြီးတော့ လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ြသဂုတ် ၅ ရက်က အမေရိကန် လေထီတပ်ဖွဲ့ အင်ဒိုနီးရှားမှာ လေထီး ခုန်စဉ်က ပုံတွေဖြစ်ပါတယ်။ “မြန်မာနိုင်ငံ ပဲခူးတိုင်းတနေရာ လေကြောင်းချီလာတဲ့ မေရိကန် စစ်သည်များ”လို့ရေးသားပြီး “မြန်မာ့သတင်းစုံ ဗဟုသုတ” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဘလော့ဂ်ပို့စ်တစ်ခုကို ပြန်လည်မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အရေအတွက် ၈ ရာကျော်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ အမေရိကန် လေထီတပ်ဖွဲ့တစ်ခုဖြစ်တဲ့ (82nd Airborne Division) စာမျက်နှာမှာ […]

Continue Reading

Fact Check: ဒီပုံတွေ လတ်တလော တရုတ်နိုင်ငံ စီချွမ်မှာ လှုပ်ခတ်သွားတဲ့ ငလျင်နဲ့ သက်ဆိုင်ခြင်းမရှိပါ

တရုတ်နိုင်ငံ  စီချွမ်ပြည်နယ်မှာ မေ ၂၂ ရက်က လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ပျက်စီးသွားတဲ့ အပျက်အစီးများ အဖြစ် ဓာတ်ပုံ ၁၀ ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော် ဒီဓာတ်ပုံတွေဟာ ေမ ၂၂ ရက်က လှုပ်ခတ်သွားတဲ့ ငလျင်နဲ့သက်ဆိုင်ခြင်းမရှိဘဲ ပြီးခဲ့တဲ့နှစ်များ အတွင်းကတည်းက အင်တာနက် မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ပုံတွေဖြစ်ပါတယ်။  “ယနေ့ ၂၂.၅.၂၀၂၁ တရုတ်နိုင်ငံ  စီချွမ်ပြည်နယ် တွင် ယနေ့ နံက် ၈:၂၂ အချိန် ရစ်ချက်စတာစကေး( ၇.၄ )ရှိ  မြေငလျင် လှုပ်ခတ်မှုကြောင့် လူပေါင်း(၁၇၉)ဦးအနည်းဆုံးသေဆုံးခဲ့ရကာ  လူပေါင်းများစွာ   ဒဏ်ရာရရှိခဲ့ပြီးသောင်းနဲ့ချီ  အိုးအိမ်တွေ  ပျက်စီးသွားခဲ့ကြောင်း သိရ ။photo crd” လို့ရေးသားပြီး “Ngwe Laypyay” […]

Continue Reading

Fact Check: ဒီဗွီဒီယိုက အိန္ဒိယမှာ အစားအစာအတွက် လုယက်နေပုံမဟုတ်ပါ

ကိုဗစ်နိုင်တင်း(COVID-19)ကာလအတွင်း စားဝတ်နေရေးအဆင်မပြေလို့ အိန္ဒိယမှာ အစားအစာအတွက် လုယက်နေပုံအဖြစ် ဗွီဒီယိုပို့စ်တစ်ခုကို လူထောင်ပေါင်းများစွာက မျှဝေလျက် ရှိပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်အတွင်းအိန္ဒိယဘာသာရေးပွဲတော်တစ်ခုက ဗွီဒီယိုဖြစ်ပါတယ်။  “လက်ရှိ အန္တိယမှာ ရောဂါပြသနာကြောင့် စားဝတ်နေရေးအဆင်မပြေသောကြောင့် ကူညီမူလည်းမလုံလောက် ကာ အစားတစ်လုအတွက် အသက်ပါပေးပြီး လုယူမူကြိုးပမ်း”(မူရင်းအရေးအသား)လို့ရေးသားပြီး “သိပ္ပံကျကျသမ္မာကျမ်းစာ” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်က မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၂ သောင်း ၂ ထောင်ရှိပြီး ဒီဗွီဒီယိုကို ကြည့်ရှူ့မှုအကြိမ်ရေ ၉ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။  Google Translate […]

Continue Reading

ကိုဗစ်က ကာကွယ်မပေးနိုင်လို့ ဟိန္ဒူဘုရားတွေလမ်းပေါ်မှာလွှင့်ပစ်ထား တယ်ဆိုတဲ့ သတင်းမှား

ကိုဗစ်(COVID-19) ကပ်ရောဂါကနေ မကာကွယ်နိုင်လို့ဆိုပြီးတော့ အိန္ဒိယမှာ ဟိန္ဒူနတ်ဘုရားတွေကို လမ်းပေါ် လွှင့်ပစ်ကြတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ ကိုဗစ်ကာလမတိုင်ခင်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ တွေ့ပါတယ်။ ကိုဗစ်ကနေ မကာကွယ်နိုင်လို့ ကိုးကွယ်ထားတဲ့ နတ်ဘုရားတွေကို လမ်းပေါ်မှာ လွှင့်ပစ်တယ်ဆိုတဲ့ အထောက်အ ထားမျိုးလည်း သတင်းတွေမှာ မတွေ့ရပါဘူး။ “Hazy Linm”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်က “India မှာ သန်းပေါင်းများစွာသော ဟိန္ဒူလူမျိုး ပြည်သူတွေဟာ သူတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ  နတ်ဘုရားတွေဟာ သူတို့ကို Covid ကပ်ရောဂါ ဘေးကနေ မကယ်တင်နိုင်ဘူး၊ မစောင့်ရှောက်ဘူး လို့ပြောကာ သူတို့နေအိမ် ၊ဘုရားကျောင်းအစရှိတဲ့ နေရာက ရုပ်ထုတွေ အကုန်လုံးကို လမ်းပေါ်လွင့်ပစ်တာမျိုးတွေ ၊မြစ်ထဲ ချောင်းထဲကို မျှောပစ်တာမျိုးတွေ ပြုလုပ်နေကြတယ်တဲ့”စသည်ဖြင့် ရေးသားပြီးမျှဝေထားပါတယ်။ တူညီတဲ့ […]

Continue Reading

Fact Check: ထိုင်းမှာ အမေရိကန် စစ်သား ၅၀၀၀၀ ရောက်နေတယ်ဆိုတာ မဟုတ်ပါ

စစ်အာဏာသိမ်းမှုအပြီး အမေရိကန်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ဆန္ဒပြသူတွေဘက်က ရပ်တည် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကကြေညာထားပြီး မြန်မာလူထုဘက်က အာဏာသိမ်း ခေါင်းဆောင်တွေကို စစ်ရေးအရအရေး ယူဖို့တောင်းဆိုမှုတွေလည်း ထုတ်ပြန်ချက်အောက်က မှတ်ချက် တွေမှာ တွေ့ရပါတယ်။  ဒီလိုအခြေအနေမှာ အမေရိကန် စစ်သား ၅၀၀၀၀ ထိုင်းကိုရောက်လာပြီဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေလာတာတွေ့ရပြီး နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီအတွင်းမှာ အမေရိကန်နိုင်ငံက မြောက်ကာရိုလိုင်းနား ပြည်နယ်မှာ ညဘက်လေထီးခုံစစ်ရေးလေ့ကျင်မှုအတွက် ပြင်ဆင်နေပုံဖြစ်ပါတယ်။ “ထိုင်းမှာ အမေရိကန်စစ်သား (50000)ရောက်နေတယ်ဆိုတာ သတင်းအမှန်ပါတဲ့ ”လို့ ရေးသားပြီး “San Min ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ဖေဖော်ဝါရီ ၅ ရက်က မျှဝေထားရာမှာ ပြန်လည်မျှဝေသူ  ၁ သောင်း ၂ ထောင်ကျော်ရှိပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: အမေရိကန်မှာရွေးကောက်ပွဲအရာရှိအဖမ်းခံရတယ်ဆိုပြီး မျှဝေနေ တဲ့ သတင်းမှား

အ​မေရိကန်မှာ ရွေးကောက်ပွဲအရာရှိတစ်ဦးအဖမ်းခံရတယ်လို့ အမျိုးသမီးတစ်ယောက်ဓာတ်ပုံနှင့်အတူ ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းဝန်းကျင်က ပြန်လည်မျှထားပါတယ်။ အမျိုးသမီးတစ်ဦးကို ရဲတွေက ကားတခါးဖွင့်ပေးနေဟန်ဓာတ်ပုံနှင့်အတူ “အမေရိကန်မှာတော့ ဖမ်းပြီ” ဆိုပြီး တော့ မဲခိုးခဲ့တဲ့ ရွေးကောက်ပွဲအရာရှိ အဖမ်းခံရတယ်လို့ မျှဝေနေတာဖြစ်ပါတယ်။ “အမေရိကန်မှာတော့ ဖမ်းပြီ ================ အမေရိကန်နဲ့မြန်မာပြည်နဲ့ တူညီချက်က မဲခိုးမှုပဲ ဘယ်သူတွေက ခိုးလဲဆိုတော့ ရွေးကောက်ပွဲအရာရှိကခိုးတာ။ ဒါကြောင့် ရွေးကောက်ပွဲအရာရှိကို ဖမ်းတာ။ ဒုတိယအကြိမ်လွှတ်တော် မခေါ်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာ။ ဒါကြောင့် ဥပဒေနဲ့အညီ ဆက်လုပ်မယ်လို့ တပ်မတော်က ပြောပြီ။ USDP ကလည်း ဒီနေ့ အလံတင်ပွဲတွေ စတင်ဆောင်ရွက်နေပြီ။ နောက်ထပ် ဘာအစီအစဉ်လာမလဲ ဆိုတာတော့ မမှန်းနိုင်သေးဘူး။ နေပြည်တော်ကို ချီတက်ပြီး အစာငတ်ခံ ဆန္ဒပြတာတွေများ လုပ်ကြမလား မသိဘူး။ မိုက်ကယ်ကျော်မြင့်နဲ့ […]

Continue Reading

Fact Check: ပဲခူးမှာ NLD ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်ကို နိုဝင်ဘာ ၇ ရက်အထိ မဖြုတ်ဘူးလို့ သတင်းမှားဖြန့်

ရွေးကောက်ပွဲကော်မရှင်က  နိုဝင်ဘာ ၆ ရက်နေ့ ည ၁၂နာရီ နောက်ဆုံးထားပြီး ဖြုတ်ရမယ်လို့ အမိန့်ထုတ်ထား ပေမဲ့ ပဲခူးမြို့မှာ  ၇ ရက် နေ့  ည နေ ၆နာရီအထိ အမျိုးသားဒီမိုကရ စီအဖွဲ့ချုပ်ပါတီ (NLD)ကရွေးကောက်ပွဲ အောင်နိုင်ရေးဆိုင်းဘုတ် မဖြုတ်ခဲ့ဘူးလို့  ရေးသားပြီး လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “ရွေးကော်က ၆ ရက်နေ့ ည ၁၂နာရီ နောက်ဆုံးထားပြီး ဖြုတ်ရမယ် လို့ အမိန့်ထုတ်ထား တယ်။ မလိုက်နာတဲ့ပါတီ ကို ကြည့် လိုက်။ ၇ ရက် နေ့  ည နေ ၆နာရီအထိ  nld မဖြုတ်သေးပါ။ ပဲခူး မြို့”(မူရင်းရေးသားချက်အတိုင်း)လို့ရေးသားပြီး ဒေါ်အောင်အောင်ဆန်းစုကြည်ပုံပါဝင်တဲ့ ဓာတ်ပုံ ၂ ပုံနဲ့အတူ […]

Continue Reading

Fact Check: နိုင်ဂျီရီးယားက စစ်ကားတွေကို မြန်မာနိုင်ငံက အဖြစ်အပျက် သဖွယ်မျှဝေနေ

မြို့ပြတစ်ခုရဲ့ လက်မထက်မှာ ပြောက်ကြားစိမ်းရောင်စစ်ကားတွေနဲ့ ဓာတ်ပုံတွေကို စက်နိုးစက်ကိရိယာတွေ ပုံမှန်အလုပ် လုပ်မလုပ်စမ်းသပ်တယ်လို့ ရေးသားပြီး လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်အများစုမှာ “အအေးပါတ် နေသော စက် များအား ပုံမှန် စက်နိုး စက်ကရိယာ များ ပုံမှန် အလုပ် လုပ်စေခြင်းငှါစမ်းသပ် ခြင်းဖြစ်ပါသည် ပြည်သူများ အထိတ်တလှန့်မဖြစ် ကြပါရန် ကြားမှ ဆားသည်ကြီး မှ နိူးဆော်အပ်ပါသည်ခင်ဗျ”(မူရင်းရေးသားချက်အတိုင်း)လို့ရေးသားမျှဝေနေကြတာဖြစ်ပါတယ်။ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်အောက်က မှတ်ချက်တွေကို လေ့လာကြည့်ရာမှာ  လူမှုကွန်ယက်အသုံးပြုသူ အချို့က အခြားနိုင်ငံတစ်ခုခုက နားလည်ကြပေမဲ့ ဘယ်မှာလဲ၊ ဘယ်နေ့ကလည်း စသည်ဖြင့်မေးမြန်းနေကြတာတွေ့ရပါတယ်။ အခုလို ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံတွေဟာ အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နိုင်ဂျီရီးယားနိုင်ငံ အွန်ဒို(Ondo)ပြည်နယ် မှာ မြို့တော်ဝန်ရွေးကောက်ပွဲအကြို အင်အားပြလှည့်လည်မှုဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး […]

Continue Reading

Fact Check: ထရမ့် NLD တံဆိပ်ဦးထုပ်ဆောင်းပြီး မဲပေးပို့တိုက်တွန်း ခဲ့သလား-မဟုတ်ပါ

အမေရိကန်သမ္မတထရမ့် NLD စာသားနဲ့ ဦးထုပ်ဆောင်းထားတဲ့ပို့စ်ကို လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “အနိုင်ရရှိသွားတဲ့ Trump က မြန်မာပြည်သူပြည်သားတွေအားလုံး NLDကိုမဲပေးကြပါတဲ့” လို့လည်း ရေးထားပြီး ထရမ့်ဟာ “NLD”လို့ရေးသားထားတဲ့ အဖြူရောင်စာသားပါ အနီရောင်ဉီးထုပ် ကိုလည်း ဆောင်းပြီး လက်မထောင်နေပုံလည်း ပါဝင်ပါတယ်။ ထရမ့်ဆောင်းထားတဲ့ အနီရောင်ဉီးထုပ်မှာ “NLD”လို့ ရေးသားထားတဲ့ စကားလုံးဟာ မူရင်းဓာတ်ပုံကို ပြုပြင် တည်းဖြတ်ထားတာတွေ့ရပြီး ထရမ့်   NLD ကိုမဲပေးပါလို့ပြောခဲ့တဲ့အထောက်အထား Fact Crescendo Myanmar အနေနဲ့မတွေ့ရှိရပါတယ်။  မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ပထမဆုံး အမေရိကန်သမ္မတထရမ့်ရဲ့ ဓာတ်ပုံကိုရှာကြည့်ရာမှာ ဒီဓာတ်ပုံကို သတင်းဓာတ်ပုံတင်တဲ့ Getty Images […]

Continue Reading

Fact Check: ပြင်သစ် သမ္မတနန်းတော်ရှေ့မှာ တမန်တော်ကိုစော်ကားလို့ ဆန္ဒ ပြနေကြတာလား- မဟုတ်ပါ

ပြင်သစ်မှာ တမန်တော်ကိုစော်ကားလို့ ဆန္ဒပြနေကြတယ်လို့ရေးသားပြီး ဗွီဒီယိုတစ်ခုကို လူမှုကွန်ယက်မှာ မျှဝေနေလျက်ရှိတာ တွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ပြင်သစ် သမ္မတ နန်းတော်ရှေ့မှာ တမန်တော်ကိုစော်ကားလို့ ဆန္ဒပြနေကြတယ်လို့ ရေးသား မျှဝေနေတာဖြစ်ပါတယ်။  ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ မှားယွင်းပြီးပြီး ဒီဗွီဒီယိုဟာ ဂျာမနီနိုင်ငံ ဟန်းဘတ်မြို့မှာ တရုတ်နိုင်ငံက ယူဂါမွတ်ဆလင်တွေကို ဖိနှိပ်မှုကို ကန့်ကွက်ဆန္ဒပြကြတုန်းက ဗွီဒီယိုဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိပါတယ်။ ပြင်သစ်သမ္မတနန်းတော်ရှေ့မှာ ဒီလို မွတ်ဆလင်တွေ ဆန္ဒပြတယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရှိတာလည်းတွေ့ရပါတယ်။ “ပြင်သစ် သမ္မတ ရဲ့နန်းဆောင် ရှေ့မှာ တမန်တော် ကိုစော်ကားလို့ ဆန္ဒ ပြနေကြတဲ့ အီမာန့်ရှင်များ” လို့ရေးသား ပြီး “Ei Lae Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောင်ပါအတိုင်းမျှဝေထားပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading