Fact Check: မလေးရှား‌ MH370 လေယာဉ်ပျောက်ဆုံးသွားပုံဗွီဒီယိုလား-မဟုတ်ပါ

လွန်ခဲ့တဲ့ ၁၁ နှစ်ဝန်းကျင်က မလေးရှားလေကြောင်းလိုင်း MH370 လေယာဉ် ပျောက်ဆုံးခဲ့ပုံကို အမေရိကန် ထုတ်ပြန်လိုက်တယ်ဆိုပြီး ဗွီဒီယိုတခု  ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား သာဖြစ်တယ်။  မေ ၁၉ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ စက္ကန့် ၄၀ ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ လေယာဉ်တစီး တိမ်တိုက်တွေကြား ပျံသန်းရင်း ပေါက်ကွဲသွားတာကို မြင်တွေ့ရပါတယ်။ “မလေးရှားလေကြောင်းလိုင်း Flight 370ပျောက်သွားပုံကိုအမေရိကန်ကထုတ်ပြ” Original link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုဟာ အစစ်အမှန်မဟုတ်ဘဲ နောက်ခံ ဓာတ်ပုံတချို့ကို အသုံးပြုပြီး ဖန်တီးထားတာတွေ့ရကြောင်း အချက်အလက်စိစစ်မှုတချို့မှာ‌‌ဖော်ပြခဲ့ပြီးဖြစ်တယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ) […]

Continue Reading

Fact Check: အိန္ဒိယကို တိုက်ခိုက်ဖို့ ပျံတက်စဉ် ပါကစ္စတန်လေယာဉ် ပျက်ကျမှု ဗွီဒီယိုလား-မဟုတ်ပါ 

ပါကစ္စတန်က လေယာဉ်ကွင်းတစ်ခုမှာ အိန္ဒိယအပေါ် တိုက်ခိုက်ရေးပြသဖို့ လေယာဉ် ၂ စင်း အတူယှဉ်ပြိုင် တက်လာရာကနေ တစီးဟာ ချို့ယွင်းမှုဖြစ်ပေါ်ပြီး ပျက်ကျခဲ့တယ်ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ  ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ အိန္ဒိယ-ပါကစ္စတန် စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ဒီဗွီဒီယိုဟာ စတင်ပျံ့နှံ့လာတာဖြစ်တယ်။ ဒါပေမဲ့ မှားယွင်းပြောဆိုချက်ဖြစ်ပြီး ဒီဗွီဒီယိုဟာ အနည်းဆုံး ဆယ်စုနှစ်တခု ကြာမြင့်ခဲ့ပြီဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  တူညီစွာ  ပြောဆိုဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ပါကစ္စတန်က လေယာဉ်ကွင်းတစ်ခုမှာ အိန္ဒိယအပေါ် တိုက်ခိုက်ရေးပြသရန်အတွက် ‌ေလယာဥ် ၂’စင်း အတူယှဉ်ပြိုင် တက်လာရာကနေ နောက်က တစ်စင်းက ကံဆိုးသွား ပါတယ် မေလ […]

Continue Reading

Fact Check: တူရကီမှာ ပြင်းအား ၆ ဒဿမ ၄ ငလျင်လှုပ်ခတ်မှု မြင်ကွင်း ဗွီဒီယိုလား-မဟုတ်ပါ

တူရကီနိုင်ငံမှာ ပြင်းအား ၆ ဒဿမ ၄ ငလျင်လှုပ်ခတ်မှု မြင်ကွင်း ဗွီဒီယိုဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းမှားတခုဖြစ်ပြီး ဗွီဒီယိုဟာ ဧပြီ ၂၄ ရက် တူရကီငလျင်မတိုင်ခင်ကတည်း အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တယ်။ ဧပြီ ၂၄ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အထပ်မြင့်အဆောက်အဦးတွေနဲ့ လမ်းပေါ်မှာ လူတွပြေးလွှားနေကြတဲ့မြင်ကွင်း၊ အထပ်မြင့်တိုက်တလုံး ပြိုကျပျက်စီးသွားတဲ့ မြင်ကွင်းနဲ့ လူတွေယိုင်ထိုးနေတဲ့ မြင်ကွင်းတွေပါဝင်တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှု ၆ သိန်းကျော်ရှိထားပြီး ပြန်လည်မျှဝေမှုပေါင်း ၂၀၀၀ ကျော်ရရှိထားတယ်။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။ “တူရကီမှာ 6.4. အဆင့်ရှိတဲ့ ငလျင် လှုပ်သွားသည် မြင်ကွင်း” Original link | […]

Continue Reading

Fact Check: ချင်းမိုင်မှာ ဧပြီ ၂၁ ရက်မှာ ငလျင်လှုပ်ခတ်အပြီး တိုက်ပြိုကျမှု ဗွီဒီယိုလား-မဟုတ်ပါ

ဧပြီ ၂၁ရက်က ငလျင်လှုပ်ခတ်အပြီး ထိုင်းနိုင်ငံ ချင်းမိုင်မှာ တိုက်ပြိုကျမှု ဗွီဒီယိုမြင်ကွင်းအဖြစ် ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှာ တခုသာဖြစ်တယ်။ မတ် ၂၈ ရက်က စစ်ကိုင်းငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တိုက်တလုံး ပြိုကျမှု ဗွီဒီယိုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “#ထိုင်း/ချင်းမိုင် ငလျင်ထပ်လှုပ် 21/4/2025 အားလုံးသတိထား ပေးကင်းကြပါစေခဗျားး” Original link | Archive link အချက်အလက်စိစစ်ချက် ဧပြီ ၂၁ ရက်မှာ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ အင်အားအနည်းငယ်ရှိတဲ ငလျင်ငယ် ၄ ခု ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ၂၄ နာရီအတွင်း ဖြစ်ပေါ်ခဲ့တယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသဌာနက ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒီထုတ်ပြန်ချက် […]

Continue Reading

Fact Check: ဗြိတန်မှာ ၆.၇ ပမာဏငလျင်ကြောင့် လူတွေပြေးလွှားနေတဲ့ ဗွီဒီယိုလား-မဟုတ်ပါ

ဗြိတိန်နိုင်ငံမှာ အင်အား ၆.၇ ပမာဏရှိ ငလျင်ကြောင့် လူတွေပြေးလွှားနေတဲ့ ဗွီဒီယိုဆိုပြီးတော့ ဗွီဒီယိုတခု တစ်တော့နဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှားသာဖြစ်တယ်။ ဗွီဒီယိုဟာ ၂၀၂၃ ခုနှစ်အတွင်းက အီကွေဒေါနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တခုဖြစ်တာတွေ့ရပါတယ်။  ဖြန့်ဝေထားတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဗြိတိန်နိုင်ငံ UK လန်ဒန်မြို့မှာ ပြင်းအား 6.7 အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ပါတယ် 5/4/2025 #နေဖုန်းခ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာ‌ဖွေရာမှာ ဒီမြင်ကွင်းဟာ ၂၀၂၃ ခုနှစ်အတွင်းက အီကွေဒေါနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်အတွင်းက မြင်ကွင်းဖြစ်တာတွေ့ရပါတယ်။  “ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် […]

Continue Reading

Fact Check: ဆော်ဒီခရီးစဉ်မှာ ဇန်လန်းစကီး ဒူးထောက်ခဲ့တဲ့ ဗွီဒီယိုဟာ AI အသုံးပြုဖန်တီးထားခြင်းဖြစ်တယ်

ဆော်ဒီအာရေးဗီးယားနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်မှာ လေဆိပ်မှာလာကြိုတဲ့ ဆော်ဒီတာဝန်ရှိသူတွေကို ယူကရိန်း သမ္မတ ဇန်လန်းစကီးက လက်ဆွဲနှုတ်ဆက်ပြီးနောက် ဒူးထောက်လိုက်တဲ့ ဗွီဒီယိုတခု လူမှုကွန်ယက်မှာပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ နားလည်းမှုလွဲစေနိုင်တဲ့ ဗွီဒီယိုဖြစ်ပြီး ဗွီဒီယိုဟာ AI ဆော့ဖ်ဝဲတခုကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပါ မြင်ကွင်းနဲ့  ပြောဆိုချက် စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတဲ့ ပြောဆိုချက်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “ဒီလိုခေါင်းဆောင်မျိုးအောက်မှာနေရရင် ငတ်ပြီးသေရင်တောင် ကျေနပ်နေမှာ🥰 မိမိနိုင်ငံကိုရောင်းမစားဘူး” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် အဓိက ကျတဲ့ စကားလုံး တချို့ အသုံးပြုပြီး ရှာဖွေရာမှာ အခုပြောဆိုချက်တွေမှာ ပျံ့နှံ့နေသလို ယူကရိန်း သမ္မတရဲ့ […]

Continue Reading

Fact Check: ဇန်လန်းစကီးကို ယူကရိန်းပြည်သူတွေ ကြိုဆိုနေတဲ့ ဗွီဒီယိုလား – မဟုတ်ပါ

 သမ္မတ ဇန်လန်းစကီးကို ယူကရိန်းပြည်သူတွေက ကြိုဆိုနေပုံလို့ဆိုလိုပြီး ဗွီဒီယိုပို့စ်တခု မတ်လ ပထမပတ် အတွင်းက လူမှု ကွန်ယက်မှာပျံ့နှံ့မှုအားကောင်းခဲ့ တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ မှားယွင်းပြောဆိုမှု တခုဖြစ်တယ်။  တကယ်တော့ ကျဆုံးသွားတဲ့  ယူကရိန်းစစ်သားတယောက်ရဲ့ စျာပနအခမ်းအနား တခုက ဗွီဒီယိုဖြစ်တယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတ ဇန်လန်းစကီးကြား အိမ်ဖြူတော်မှာ အခြေအတင်ဖြစ်ပြီးနောက် ဒီဗွီဒီယိုဟာ သမ္မတဇန်လန်းစကီးကို ကြိုဆိုပုံအဖြစ် ပျံ့နှံ့လာခဲ့တာပါ။  အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပါ မြင်ကွင်းနဲ့  ပြောဆိုချက် စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတဲ့ ပြောဆိုချက်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “ယူကရိန်းသမ္မတအား ယူကရိန်းပြည်သူများ ဦးညွတ်ကြိုဆို” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းကို […]

Continue Reading

Fact Check: NUG ကို ဗုံးကြဲလေယာဉ် ထောက်ပံ့မယ်လို့ အမေရိကန်သမ္မတပြောတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မပေးရင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို ဗုံးကြဲလေယာဉ်တွေ ထောက်ပံ့ပေးမယ်လို့ အမေရိကန် သမ္မတ ထရမ့်က ပြောဆိုလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “အမေစုကို ပြန်မလွှတ်ပေးရင် NUG လိုအပ် တဲ့ ဗုံးကြဲလေယာဉ်ပါထောက်ပံ့ပေးတော့မယ် တဲ့ ညကဒေါ်နယ်ထရမ့်ပြောကြား” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်းမှာ သူ့ရဲ့ ပထမသက်တမ်းထဲမှာဖြစ်စေ အခု ဒုတိယအကြိမ် သမ္မတသက်တမ်းမှာ ဖြစ်စေ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံအကြောင်းပြောဆိုထားတာ တစုံတရာမရှိခဲ့ပါဘူး။ ယုံကြည်ရလောက်တဲ့ မီဒီယာတွေမှာဖော်ပြချက်မတွေ့ရပါဘူး။  အခုလို သတင်းမှားဖြန့်ဝေနေတဲ့ ဗွီဒီယိုထဲမှာတော့  ပြည်တွင်းအခြေစိုက် မီဒီယာလုပ်ငန်းတခုဖြစ်တဲ့ Eleven Broadcasting […]

Continue Reading

Fact Check: လော့စ်အိန်ဂျလိမြို့က တောမီးလောင်မှုမှာ ပြာပုံထဲကနေ အကောင်းတိုင်း ကျန်ရစ်ခဲ့တဲ့ အိမ်တလုံးလား

အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယာပြည်နယ် လော့စ်အိန်ဂျလိ(Los Angeles)မြို့က တောမီးလောင်မှုမှာ ပြာပုံထဲကနေ အကောင်းတိုင်း ကျန်ရစ်ခဲ့တဲ့ အိမ်တလုံးလို့ ဆိုပြီး ဓာတ်ပုံတပုံ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ AI အသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတွေသာဖြစ်တယ်။ ဒီလိုအဖြစ်အပျက် လော့စ်အိန်ဂျလိ မီးလောင်မှုမှာရှိခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံနဲ့ ပို့စ်ပါစာသားကောက် နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ ပြောဆိုချက်တွေနဲ့ ဒီဓာတ်ပုံကို ဖြန့်ဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “အတိတ်ကံကောင်းခဲ့လို့ ယခုကောင်းပါသည် ကံကံ၏အကျိုးပဲ အမေရိကားမှာ တစ်လုံးတည်း ကျန်ခဲ့တဲ့ အိမ်တဲ့” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံကို […]

Continue Reading

Fact Check: ဟောလိဝုဒ် ဆိုင်းဘုတ် မီးလောင်နေတဲ့ ပုံဟာ တကယ်လား-မဟုတ်ပါ

အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယာပြည်နယ် လောစ်အိန်ဂျလိ(Los Angeles)မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ပြီး  နေရာ ၆ ခုထက်မနည်းမှာ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေပြီး ဒီမြို့က ရုပ်ရှင်မင်းသားမင်းသမီးတွေ နေထိုင်ရာ နေရာတွေ၊ ရပ်ကွက်တွေမှာ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့ရပါတယ်။ ဒီလိုအခြေအအနေမှာ ကမ္ဘာကျော် ရုပ်ရှင်ရိုက်ကူးရေ စတူဒီယိုတွေတည်ရှိရာ ဟောလိဝု(Hollywood)ဆိုင်းဘုတ်အနီးမှာပါ မီးလောင်နေတဲ့ ဓာတ်ပုံတွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ AI အသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတွေသာဖြစ်ပြီး ဒီဆိုင်းဘုတ်တည်ရှိတဲ့ နေရာဟာ လက်ရှိအချိန်အထိ မီးလောင်ကျွမ်းတဲ့ အထဲမှာပါဝင်ခြင်းမရှိသေးပါဘူး။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ Hollywood ဆိုင်းဘုတ် မီးလောင်ကျွမ်းနေ တယ်ဆိုတဲ့ ဓာတ်ပုံနဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတဲ့ ပြောဆိုချက်တွေနဲ့ ဒီဓာတ်ပုံကို ဖြန့်ဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ […]

Continue Reading