Fact Check: လော့စ်အိန်ဂျလိမြို့က တောမီးလောင်မှုမှာ ပြာပုံထဲကနေ အကောင်းတိုင်း ကျန်ရစ်ခဲ့တဲ့ အိမ်တလုံးလား

အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယာပြည်နယ် လော့စ်အိန်ဂျလိ(Los Angeles)မြို့က တောမီးလောင်မှုမှာ ပြာပုံထဲကနေ အကောင်းတိုင်း ကျန်ရစ်ခဲ့တဲ့ အိမ်တလုံးလို့ ဆိုပြီး ဓာတ်ပုံတပုံ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ AI အသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတွေသာဖြစ်တယ်။ ဒီလိုအဖြစ်အပျက် လော့စ်အိန်ဂျလိ မီးလောင်မှုမှာရှိခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံနဲ့ ပို့စ်ပါစာသားကောက် နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ ပြောဆိုချက်တွေနဲ့ ဒီဓာတ်ပုံကို ဖြန့်ဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “အတိတ်ကံကောင်းခဲ့လို့ ယခုကောင်းပါသည် ကံကံ၏အကျိုးပဲ အမေရိကားမှာ တစ်လုံးတည်း ကျန်ခဲ့တဲ့ အိမ်တဲ့” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံကို […]

Continue Reading

Fact Check: ဟောလိဝုဒ် ဆိုင်းဘုတ် မီးလောင်နေတဲ့ ပုံဟာ တကယ်လား-မဟုတ်ပါ

အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယာပြည်နယ် လောစ်အိန်ဂျလိ(Los Angeles)မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ပြီး  နေရာ ၆ ခုထက်မနည်းမှာ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေပြီး ဒီမြို့က ရုပ်ရှင်မင်းသားမင်းသမီးတွေ နေထိုင်ရာ နေရာတွေ၊ ရပ်ကွက်တွေမှာ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့ရပါတယ်။ ဒီလိုအခြေအအနေမှာ ကမ္ဘာကျော် ရုပ်ရှင်ရိုက်ကူးရေ စတူဒီယိုတွေတည်ရှိရာ ဟောလိဝု(Hollywood)ဆိုင်းဘုတ်အနီးမှာပါ မီးလောင်နေတဲ့ ဓာတ်ပုံတွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ AI အသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတွေသာဖြစ်ပြီး ဒီဆိုင်းဘုတ်တည်ရှိတဲ့ နေရာဟာ လက်ရှိအချိန်အထိ မီးလောင်ကျွမ်းတဲ့ အထဲမှာပါဝင်ခြင်းမရှိသေးပါဘူး။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ Hollywood ဆိုင်းဘုတ် မီးလောင်ကျွမ်းနေ တယ်ဆိုတဲ့ ဓာတ်ပုံနဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတဲ့ ပြောဆိုချက်တွေနဲ့ ဒီဓာတ်ပုံကို ဖြန့်ဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ […]

Continue Reading

Fact Check: Pan American လေယာဉ်အမှတ် ၉၁၄ ဟာ ၃၇ နှစ်ကြာပျောက်ဆုံးပြီ ပြန်ပေါ်လာခဲ့တယ်ဆိုတာ တကယ်လား-မဟုတ်ပါ

Pan American လေကြောင်းလိုင်းက လေယာဉ်အမှတ် ၉၁၄ ဟာ ၃၇ နှစ်ကြာပျောက်ဆုံးပြီနောက် ပြန်ပေါ် လာခဲ့တယ်ဆိုပြီး ဖြန့်ချိနေတဲ့ ဗွီဒီယိုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ တကယ်တော့ သတင်းတုတခုသာဖြစ်တယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှု‌ပေါင်း ၇၀၀၀၀ ကျော်နဲ့ ပြန်လည်မျှဝေမှုပေါင်း ၁၀၀၀ ဝန်းကျင်ရရှိ ထားပြီးဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဒီဗွီဒီယို စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ အောက်ပါအတိုင်းဖြစ်တယ်။   “နှစ်ပေါင်း(၃၇)နှစ်ကြာမှ ပြန်လည် ဆင်းသက်လာခဲ့တဲ့ အမေရိကန်လေယာဉ်” မူရင်းလင်ခ့် – Facebook link | Archive link အချက်အလက်စိစစ်ချက် အမေရိကန် ပုံနှိပ်အခြေစိုက် အဝါရောင်သတင်းစာ ဖြစ်တဲ့ Weekly World News […]

Continue Reading

Fact Check: ရူပဗေဒကို အန်တုမယ့် UFO တိုက်လေယာဉ် အီလွန်မက် ထုတ်လုပ်လိုက်ပြီလား-မဟုတ်ပါ

ရူပဗေဒကို အံတုနိုင်တဲ့ UFO တိုက်လေယာဉ်ကို SpaceX နဲ့ Telsa တို့ရဲ့ နောက်ကွယ်က သူဌေးကြီး အီလွန်မက် (Elon Musk)က ထုတ်လုပ်လိုက်ပြီလို့ ဆိုထားတဲ့ ပို့စ် ဖေ့စ်ဘွတ်မှာ  ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ တကယ်တော့  သတင်းမှားတခုဖြစ်တာတွေ့ရတယ်။  ဒီဇင်ဘာ ၁၇ ရက်က ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့နဲ့ ပို့စ်စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ “Elon Musk သည် ရူပဗေဒကို အံတုနိုင်သော UFO တိုက်လေယာဉ်ကို ထုတ်ဖော်ပြသခဲ့သည်။ SpaceX နှင့် Tesla တို့၏နောက်ကွယ်မှ ဘီလီယံနာသူဌေးကြီး Elon Musk သည် ယနေ့ အံ့မခန်းသော ထုတ်ဖော်ပြသမှုတစ်ခုတွင် “သမားရိုးကျ ရူပဗေဒကို အံတုနိုင်သော ပထမဆုံး UFO တိုက်လေယာဉ်” […]

Continue Reading

Fact Check: အမေရိကန်၊ဗြိတိန်အပါအဝင် ၁၀ နိုင်ငံက တရုတ်နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပိတ်မယ်လို့ ကြေညာခဲ့သလား- မဟုတ်ပါ

၂၀၂၅ ခုနှစ် ဇန္နဝါရီလ ၁ရက်ကစပြီး တရုတ်နိုင်ငံသားတွေကို အမေရိကန်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံ ၁၀ နိုင်ငံက ပြည်ဝင်ခွင့် ဗီဇာ ပိတ်လိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။  နိုဝင်ဘာ ၃၀ ရက်မှာ စတင်ပျံ့နှံ့ခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “၂၀၂၅ ခုနှစ် ဇန္နဝါရီလ ၁ရက် မှစတင်၍ တရုတ်နိုင်ငံသားများကို  နိုင်ငံ ၁၀ နိုင်ငံက သူတို့နိုင်ငံရဲ့ လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ၎င်းတို့မဟာမိတ်နိုင်ငံများနဲ့ ညှိနှိုင်းသဘောတူညီချက်တွေအရ ပြည်ဝင်ခွင့် ဗီဇာ ပိတ်လိုက်ကြောင်း သိရပါတယ်။ […]

Continue Reading

Fact Check: တရုတ်က အမေရိကန်ကို စတင်ပစ်လိုက်ပြီး တတိယကမ္ဘာစစ် ကြေညာလိုက်ပြီဆိုတဲ့ တင်းတု

တရုတ်က အမေရိကန်ကို စတင်ပစ်ခတ်ခဲ့တာကြောင့် တတိယကမ္ဘာစစ်စတင်လိုက်ပြီဖြစ်ပြီး ကမ္ဘာပျက်ပြီလို့ ဆိုကာ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ၂၃ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၅၀၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။ “တတိယကမ္ဘာစစ်ကြီး ကြေညာပြီဗျို့  ကမ္ဘာပျက်ပြီ တရုတ်က အမေရိကန်ကို စပစ်နေပြီ မသေမချင်ရင် အမြန်ဆုံး နားထောင်သင့်တယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာမီဒီယာတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက သတင်း‌ဖော်ပြချက် မတွေ့ရပါဘူး။ တရုတ်က အမေရိကန်ကို စတင်ပစ်ခတ်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။ တကယ်တမ်းမှာ […]

Continue Reading

Fact Check: အီလွန်မက်က CNN သတင်းဌာနကို ဒေါ်လာ သန်း ၃၀၀၀ နဲ့ဝယ်ဖို့ သဘောတူညီချက်ရတဲ့ သတင်းမှား

ကမ္ဘာ့ အချမ်းသာဆုံးသူဌေး အီလွန်မတ်(Elon Musk)က CNN သတင်းဌာနကို ဒေါ်လာ သန်း ၃၀၀၀ (၃ ဘီလီယံ) နဲ့ ဝယ်ယူဖို့ သဘောတူထားတယ်ဆိုပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိတာဟာ တကယ်တော့ သရော်စာ တခုသာဖြစ်တယ်။  ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပြီး နားလည်မှုလွဲစေနိုင်တဲ့ ဖြန့်ဝေမှုကို အောက်ပါ စခရင်ရှော့မှာ ကြည့်ပါ။ တူညီတဲ့ ‌ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာလည်းတွေ့ရပါတယ်။  “Tesla, Space X, StarLink  သူဋ္ဌေး အီလွန်မတ်စ်က CNN သတင်းဋ္ဌာနကို ဒေါ်လာသန်း၃၀၀၀ ဖြင့် ဝယ်ယူရန် သဘောတူညီမှု ရရှိထားဟုဆို။” မူရင်းလင်ခ့် – Facebook link | Archive link ဒီသရော်စာဟာ အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေမှုတွေလည်းရှိခဲ့ပြီး ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ဒီနေရာနဲ့ […]

Continue Reading

Fact Check: အံမခန်းနည်းပညာတွေနဲ့ Tesla Pi ဖုန်းကို အမေရိကန်သူဌေးကြီး အီလွန်မက်က ရောင်းချတော့မှာလား-မဟုတ်ပါ

နည်းပညာလောကမှာ ထိပ်တန်းတီထွင်မှုတွေနဲ့ ချမ်းသာလာတဲ့ အမေရိကန်သူဌေးကြီး အီလွန် မက်(Elon Musk)ကအံမခန်းနည်းပညာတွေနဲ့ Tesla Pi ဖုန်းကို ရောင်းချတော့မှာမယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အီမွန်မက်ဟာ လွန်ခဲ့တဲ့ သီတင်းပတ်မှာပဲ ကောင်းကင်ကို ပျံတက်သွားပြီးနောက် ကမ္ဘာမြေကို ပြန်လည်ဆင်းသက်လာတဲ့ အာကာယာဉ်တွန်း ဒုံးပျံကို အပျက်အစီးမရှိဘဲ မူလ ဒုံးလွှတ်စင်မှာပဲ ပြန်လည်ဖမ်းယူနိုင်တဲ့ တီတွင်စမ်းသပ်မှုဟာ အောင်မြင်ခဲ့ပြီး အာကာသနည်းပညာ‌လောကမှာ ကြီးမားတဲ့ အောင်မြင်မှုသမိုင်းမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “သူဌေးကြီး အီလွန်မက်စ်ကတော့ ရှယ်တွေ လုပ်ပြပါဦးမယ်၊ အားသွင်းစရာမလို၊ အင်တာနက် မလိုတဲ့ ပိုင်ဖုန်း ထုတ်ပါဦးမယ်တဲ့၊ အင်တာနက် မရှိလို့၊ ဝိုင်ဖိုင်မရလို့ ဖုန်းမသုံးနိုင်လို့ […]

Continue Reading

Fact Check: အမေရိကန်နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း မီလ်တန် မြင်ကွင်းလား-မဟုတ်ပါ

အမေရိကန်နိုင်ငံ ဝင်ရောက်ခဲ့တဲ့ တနာရီလေတိုက်နှုန်း ၂၁၅ မိုင်ရှိတဲ့ ဟာရီကိန်းမုန်တိုင်း မီလ်တန်မြင်ကွင်း ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဗွီဒီယိုထဲမှာ မုန်တိုင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦးတွေ ပြိုကျ၊ ကားတွေ လေစီးကြောင်းနဲ့ လွှင့်သွားတာ စတဲ့ မြင်ကွင်းတွေ အများစုပါဝင်တယ်။ ဒါပေမဲ့ ဒီဗွီဒီယိုဟာ အောက်တိုဘာ ၁၀ ရက်နေ့က အမေရိကန်ကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “USA.မုန်တိုင်းကြီး😨😰 ၂၁၅ မိုင်နှုံး ဖြင့်တိုက်ခပ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် မျှဝေထားတဲ့ ဗွီဒီယိုကို ဓာတ်ပုံအဖြစ်ပြောင်းလဲပြီး ပျံ့နှံ့ခဲ့ပုံကိုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုပါ မြင်ကွင်း တချို့ဟာ လွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင်ကတည်းက […]

Continue Reading

Fact Check: မြောက်ကိုရီးယားက ပြည်သူတွေအတွက် ဒေါ်လာ ၂၃ သန်းပေးလိုက်ပြီး စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်တဲ့သတင်းတု

မြောက်ကိုရီးယားက မြန်မာပြည်သူတွေကို ဒေါ်လာ ၂၃ သန်းပေးအပ်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကိုလည်း ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ပြည်သူတွေတွက် ဝမ်းသာစရာ သတင်းကောင်း မြောက်ကိုရီးယားက ပြည်သူကို ဒေါ်လာ(၂၃)သန်းပေး ကင်ဂျုံအမ် မအလကို ဖမ်းဝရမ်းထုတ်လိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းအကြောင်း အရာတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ဝေလေ့ရှိတာတွေ့ရပါတယ်။ အခု ဖြန့်ဝေထားတဲ့ မြောက်ကိုရီးယားက မြန်မာပြည်သူတွေကို ဒေါ်လာ ၂၃ သန်းပေးအပ်လိုက်ပြီး […]

Continue Reading