Fact Check: ဘင်္ဂလာဒေ့ရှ်မှာ စက်သုံးဆီဝယ်မရလို့ ဆန္ဒပြနေကြတာလား-မဟုတ်ပါ

ဘင်္ဂလားဒေ့ရ်ုနိုင်ငံမှာတော့စက်သုံးဆီဈေးကြီး ပေးဝယ်တာတောင်ဝယ်မရလို့ ပြဿနာတက်နေတယ်လို့ ဆိုထားတဲ့ဗွီဒီယို တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုဖြစ်ပါတယ်။ တကယ်တော့ ဗွီဒီယိုဟာ ၂၀၁၃ ခုနှစ်ကတည်း အင်တာနက်မှာပျံ့နှံ့နေပြီး အစ္စလာမ်ဘာသာရေးသမားအချို့ ဘာသာရေးဉပဒေတစ်ခုကို မကြေနပ်လို့ဆန္ဒပြရင်း ပြဿနာတက်တဲ့ ဗွီဒီယိုဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ လမ်းပေါ်မှာ ပစ္စည်းတွေကို မီးပုံရှို့ထားပြီး ခဲတွေနဲ့ ပစ်ပေါက်နေတဲ့ လူအုပ်ကြီးနဲ့ ရဲတွေနဲ့ ထိပ်တိုက်တွေ့နေတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။ “အမေရိကန်အောက်ဆွဲဘင်္ဂလားဒေ့ရ်ုနိုင်ငံမှာတော့စက်သုံးဆီဈေးကြီး ပေးဝယ်တာတောင်ဝယ်မရလို့ စောက်ပြသနာတက်နေပြီ နီပိန်တွေပြောတော့ မအလ အာဏာထိန်းလို့ ဆီဈေးတက်ရတာဆို”လို့ ရေးသားပြီး “Foe Foe Thar Din” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုပါမြင်ကွင်းကို ရုပ်သေဓာတ်ပုံထုတ်ပြီး Google […]

Continue Reading

Fact Check: တရုတ်ဒုံးပျံ ပုသိမ်မြို့အနီးမှာ ပြုတ်ကျမယ်လို့ NASA ထုတ်ပြန်ဆိုတဲ့ သတင်းမှား    

တရုတ်လွှတ်တင်လိုက်တဲ့ Long March 5B ဒုံးပျံဟာ မြန်မာနိုင်ငံပုသိမ်မြို့အနီးမှာပြုတ်ကျနိုင်တယ်လို့ NASA အဖွဲ့ကထုတ်ပြန်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ နားလည်မှုလွဲစေ နိုင်တဲ့သတင်းမှားတစ်ခုဖြစ်ပါတယ်။ ဒုံးပျံဟာ တန်ချိန် ၂၃‌ တန် နီးပါး‌အလေးချိန်ရှိပြီး အာကာသထဲမှာပျက်ကျပြီးနောက် တနင်္ဂနွေနေ့မှာမြန်မာနိုင်ငံ ဧရာ၀တီတိုင်းထဲက ပုသိမ်မြို့ဧရိယာအတွင်း ပြုတ်ကျကာ အရှိန်ပြင်းလွန်းလို့ ဂြိုလ်တုအစိတ်အပိုင်းများဟာ လွင့်စင်ပြီးလူနေရပ်ကွက်တွေအပြင် ပုသိမ်အနီးတဝိုက် ၂၆မိုင် အတွင်းသက်ရောက်နိုင်တယ်လို့ ရေးသားထား ပါတယ်။ တရုတ်ဂြိုလ်တု Long March 5B ပြုတ်ကျတာဟာ ၃ကြိမ်ရှိခဲ့ပြီး ၂၀၂၀ မေလတုန်းက အာဖရိကနိုင်ငံ အနောက်ဖက်ကမ်းခြေသို့ ပျက်ကျခဲ့စဉ်ကလူ ၂၀၀ကျော် သေကြေခဲ့တယ်လို့လည်း ပျံ့နှံ့ခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်မှာ ဖော်ပြပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ပါစာသားတွေဖြစ်ပါတယ်။(မူရင်းရေးသားချက်) “ဧရာဝတီ ရေ သတိထားကြပါ *************************** တရုတ်နိုင်ငံက လွှတ်တင်လိုက်တဲ့ဂြိုလ်တုဟာ အာကာသမှာပျက်ကျပြီး […]

Continue Reading

Fact Check: မယ်ဆိုင်မှာ မြန်မာကိုပို့မယ်လက်နက်တွေဖမ်းမိဆိုတဲ့ သတင်းမှား

၂၀၂၂ ခုနှစ် ဇူလိုင် ၂၁ ရက်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ မြန်မာကိုပို့မယ်လက်နက်တွေဖမ်းမိတယ်ဆိုတဲ့ပို့စ် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ကျင်းပနေချိန်အတွင်းမှာ ဖမ်းမိတာလို့လည်း ရေးသားထားပါတယ်။  တကယ်တော့ လက်နက်ဖမ်းဆီးမှုဖြစ်စဉ် ၂၀၁၅ ခုနှစ်က သတင်းဟောင်းတစ်ခုဖြစ်ပါတယ်။ “မယ်ဆိုင်မှာ မြန်မာပို့မည့် လက်နက်များ ဖမ်းမိ ဇူလိုင်၊ ၂၁ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် မြန်မာဘက်သို့ ပို့ဆောင်မည့် လက်နက်များသယ်ဆောင်လာသည့် မြန်မာနိုင်ငံသား တစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။ ဇူလိုင်လ ၂၁ ရက်နေ့တွင်လည်း မြန်မာ+ရုရှား နိုင်ငံတို့ဦးဆောင်၍ ကာကွယ်ရေးဝန်ကြီးများပါဝင်သည့် (၁၃) ကြိမ်မြောက် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး အစည်းအဝေး ကျင်းပနေချိန် ဖြစ်သည်။”လို့ ရေးသားပြီး “Verity News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဓာတ်ပုံတစ်ပုံနှင့်အတူ အောက်ပါအတိုင်း မျှဝေ ထားပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက ၂၀၂၁ တရုတ်ရေကြီးမှုသတင်းက ဓာတ်ပုံတွေသာ ဖြစ်တယ်

တရုတ်မှာ ဇူလိုင် ၂၁ ရက်က ရေကြီးရေလျှံမှုဆိုပြီး ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ်ဓာတ်ပုံဟောင်းတွေသာဖြစ်ပါတယ်။ “ယနေ့ ချီးနား ဇူလိုင်လ၂၁”လို့ ရေးသားပြီး “Phone Ngal” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာအဓိကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေကြည့်မယ်ဆိုရင် တရုတ်နိုင်ငံမှာ ယခုနှစ် ဇူလိုင်လအတွင်း ရေကြီးရေလျံမှုအပါအဝင် ရာသီဉတုဖောက်ပြန်မှုသတင်းတွေ တွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။ သို့သော်လည်း ယခုမျှဝေထားတဲ့ လူမှုကွန်ယက်ပို့စ်ပါဓာတ်ပုံတွေဟာ တရုတ်နိုင်ငံ ဟိုင်နန်(Henan) ပြည်နယ်၊ ကျန့်ကျိုး(Zhengzhou)မြို့ မှာ ၂၀၂၁ ခုနှစ် ဇူလိုင် ၂၀ […]

Continue Reading

Fact Check: ဖိလစ်ပိုင်က မြွေတွေနဲ့အနှိပ်ခံနေတဲ့ဓာတ်ပုံကို အိန္ဒိယကမြွေမြိုခံရခါနီး အမျိုးသမီးအဖြစ်ပျံ့နှံ့

သူမွေးမြူထားခဲ့တဲ့မြွေရဲ့မြိုခြင်းခံရခါနီး အိန္ဒိယမှာအမျိုးသမီးတစ်ဦးအဖြစ် ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သို့သော် ဓာတ်ပုံဟာ ဖိလစ်ပိုင်က မြွေတွေနဲ့အနှိပ်ခံနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။  “အိမ်မှာမြွေမွေးပြီးမြွေကဘာမှမစားတာတွေ့လို့ဆရာဝန်နဲ့ သွားပြတော့မှသင်ခန်းစာရ” လို့ရေးသားပြီး “ဆယ်လီ၊ သတင်း၊ဖြစ်ရပ်မှန်”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားပြီး ဝက်ဘ်ဆိုဒ်လင့်ခ်တစ်ခုနှင့်အတူမျှဝေထား တာတွေ့ရပါတယ်။ လင့်ခ်ကိုဖွင့်ကြည့်ရာမှာ CeleLand ဆိုတဲ့ဘလော့ဂ်စာမျက်နှာတစ်ခုကိုရောက်သွားပြီး အောက်ပါအတိုင်းရေးသား ထားပါတယ်။  “အိမ်မှာမြွေမွေးပြီးမြွေကဘာမှမစားတာတွေ့လို့ဆရာဝန်နဲ့သွားပြတော့မှသင်ခန်းစာရ သက်လတ်ပိုင်းအရွယ်အိန္ဒိယအမျိုးအသမီးကြီးတစ်ဦးကစပါးကြီးမြွေတစ်ကောင်ကိုအိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးထားပါတယ်။၄မီတာရှည်တဲ့ထိုမြွေကြီးကတစ်နေ့မှာတော့လုံးဝအစာမစားတော့ပါဘူးဒီလိုနဲ့မြွေကြီးကအစာမစားတာတစ်ပတ်လောက်ရှိလာတော့အမျိုးသမီးကြီးကစိတ်ပူပြီးမြွေကြီးကိုတိရိစ္ဆာန်ဆေးကုခန်းကိုခေါ်သွားပါတယ်။ထိုအမျိုးသမီးကြီးရဲ့ပြောပြချက်ကိုနားထောင်ပြီးနောက်တိရိစ္ဆာန်ဆရာဝန်ကအမနဲ့သူညဘယ်အတူတူအိပ်လား၊အိပ်တဲ့အခါအစ်မတကိုယ်လုံးကိုသူ့ခန္ဓာကိုယ်နဲ့ပတ်ပြီးအိပ်လားလို့မေးတယ်။အဲ့ဒါနဲ့အမျိုးသမီးကြီးကလည်းဟုတ်ပါတယ်ညတိုင်းအဲ့လိုပဲအိပ်တယ်။သူတစ်ခုခုကိုတောင်းဆိုချင်နေတာလို့ကျွန်မထင်တာပဲဒါပေမဲ့လည်းသူတောင်းဆိုတာကဘာမှန်းမသိတော့ကျွန်မလည်းမလုပ်ပေးနိုင်ဘူးလေ။အဲ့အတွက်ကြောင့်အရမ်းစိတ်မကောင်းဖြစ်ရတယ်လို့ပြန်ပြောတယ်။ဒါနဲ့ဆရာဝန်ကအစ်မကြီးမြွေကနေမကောင်းတာမဟုတ်ပါဘူး။အစ်မကြီးကိုစားဖို့ရည်ရွယ်နေတာပါ။အစ်မကြီးခန္ဓာကိုယ်တစ်ခုလုံးကိုသူပတ်လိုက်တိုင်းအစ်မကြီးကိုယ်လုံးအလေးချိန်ဘယ်လောက်ရှိမလဲအစ်မကြီးကိုမြိုဖို့။မြိုပြီးရင်အစာချေဖို့အတွက်သူ့ဝမ်းဗိုက်ကိုရှင်းနေတာ၊အစာမစားတော့တာကလည်းအစ်မကြီးကိုစားဖို့ကြိုတင်ပြင်ဆင်နေတာလို့ပြန်ပြောခဲ့ပါတယ်။ဒီအဖြစ်အပျက်ရဲ့သင်ခန်းစာကတော့လူတွေမှာလည်းမိမိအနီးပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုသတိထားသင့်ပါတယ်။သင်နဲ့အရမ်းရင်းနှီးပြီးမကြာခဏသင့်ကိုပွေ့ဖက်အားပေးတိုင်းသူ့ရည်ရွယ်ချက်တွေကကောင်းတယ်လို့သတ်မှတ်လို့မရပါဘူး။”(ရှင်းလင်းမှုရှိစေရန်- ပုဒ်ဖြတ်၊ပုဒ်ရပ် တည်းဖြတ်မှုအနည်းငယ်လုပ်ထားပါသည်။) မူရင်းလင်ခ့် – FB link |  Archive link   တစ်နှစ်တာကာလအတွင်း ဒီပို့စ်ပျံ့နှံ့မှုပုံစံကိုလေ့လာကြည့်ရာမှာ ၂၀၂၁ ခုနှစ်ထဲမှာ ဒီမျှဝေမှုတွေရှိခဲ့ပြီး အဲဒီအချိန်က “The Voice Fans”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ဒီပို့စ်ကိုပြန်လည်မျှဝေ အကြိမ်အရေအတွက် ၁၈၀၀ ကျော်ရှိခဲ့ပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB […]

Continue Reading

Fact Check: ဒေါ်လာသန်း ၄၀၀ ကိုဟတ်ကင်းလုပ်ပြီး ဒုက္ခသည်တွေကို လှူဒါန်းခဲ့သူလား-မဟုတ်ပါ

ဘဏ်ပေါင်း ၂၀၀ ကျော်ကို ဟတ်ကင်းလုပ်ပြီး ရတဲ့ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ကို တစ်ပြားမှ မသုံးဘဲ အာဖရိကနဲ့ပါလက်စတိုင်း ဒုက္ခသည်တွေကို လှူဒါန်းခဲ့တဲ့  ကွန်ပျူတာပညာရှင် ဟမ်းဇာဆိုပြီးတော့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျှက်ရှိပါတယ်။ ပိုမိုကောင်းမွန်တဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာကြီး တည်ဆောက်ဖို့ အတွက် အသုံးမချဘူးဆိုရင် ငွေကြေးနဲ့ရာထူးအာဏာဆိုတာအလကားပဲလို့ သူဟာ ကြိုးမိန့်ပေးခဲ့ရပေမဲ့ နောက်ဆုံးအချိန်မှာ အခုလို ရယ်ပြုံးပြီးတော့ပြောခဲ့တယ်လို့လည်း ပျံ့နှံ့ခဲ့တဲ့ပို့စ် မှာပါဝင်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့လျှက်ရှိတဲ့ လူမှုကွန်ယက်ပို့စ်ပါစာသားများဖြစ်ပါတယ်။ “ဒို့နိုင်ငံကအဘတွေထက် မင်းမြတ်တယ် ဟမ်း —————————- ဟမ်ဇား၏ ကမ္ဘာကိုပြောခဲ့သောစကား *************************** သူ့နာမည်က ဟမ်ဇား ဘဏ်ပေါင်း ၂၁၇ ခုကို ဟက်ကင်းလုပ် ထိုးဖောက်၀င်ရောက်ပြီးး ကန် ဒေါ်လာ သန်း ၄၀၀ ကျော် ခိုးယူခဲ့ပါတယ်… ပြီးတော့ […]

Continue Reading

Fact Check:  မီးပြတ်လို့ ဂျပန်လျှပ်စစ်ဝန်ကြီးက ပြည်သူတွေကို တောင်းပန်နေပုံလား-မဟုတ်ပါ

ဂျပန်မှာ ရွာငယ်လေး တစ်ရွာမှာ လျှပ်စစ်မီး မိနစ် ၂၀ ကြာပြတ်တောက်ခဲ့သည်အတွက် လျှပ်စစ်ဝန်ကြီးက မီးပြတ်ချိန်အတိုင်း ပြည်သူ့ရှေ့မှောက်မှာ ဦးညွှတ်ပြန်တောင်းပန်ခဲ့တဲ့ပုံအဖြစ် ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ် မှာပျံ့နှံနေတာတွေ့ ရပါတယ်။ ဒီဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဟွန်ဒါ(Honda) ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် တာကဟီရို ဟချီဂို(Takahiro Hachigo)ဖြစ်ပါတယ်။ စင်မြင့်တစ်ခုပေါ်ကနေ အနောက်တိုင်းဝတ်စုံဝတ်အမျိုးသားတစ်ယောက်က စင်အောက်က လူတွေကို ခါးကိုင်း ခေါင်းငုံ့ပြီး တောင်းပန်တယ်လို့ယူဆရတဲ့ဓာတ်ပုံတစ်ပုံပါဝင်ပြီး “ဂျပန်က ရွာငယ်လေး တစ်ရွာမှာ လျှပ်စစ်မီး မိနစ် (၂၀) ကြာ ပြတ်တော က်ခဲ့သည်အတွက် လျှပ်စစ်ဝန်ကြီးမှ ပြည်သူရှေ့ ပြည်သူရှေ့မှောက်မှာ မီးပြတ်တောက်ချိန် နဲ့ ညီမျှတဲ့ မိနစ် (၂၀) ကြာ ဦးညွတ် တောင်းပန်ခဲ့ရ”လို့ရေးသားလည်း ရေးသားထာပါတယ်။ ယဉ်‌ကျေးတဲ့အမူအယာ၊အလုပ်လုပ်တာတိကျမှု၊ အချိန်လေးစားမှုဆိုတဲ့ စကားလုံးတွေဟာ ဂျပန်လူမျိုးတွေရဲ့ […]

Continue Reading

Fact Check:  Taylor Swift သေဆုံးမှု သတင်းတုသတင်းမှားသာဖြစ်တယ်

အမေရိကန်အဆိုတော် Taylor Swift မိမိကိုယ်မိမိအဆုံးစီရင်သွားတယ်ဆိုပြီးတော့  ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ တကယ်တော့ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “Breaking News အမေရိကန်အဆိုတော် Taylor Swift မိမိကိုယ်မိမိအဆုံးစီရင်သွား”လို့ရေးသားထားသလို “အမေရိကန်နာမည်ကြီးအဆိုတော် Taylor Swiftသည်  ယနေ့ New York စံတော်ချိန် မနက် ၈ နာရီ (မြန်မာစံတော်ချိန် ည ၆နာရီခွဲ) ခန့်က ရုတ်တရက် မိမိကိုယ်မိမိ အဆုံးစီရင်သွားကြောင်းသိရသည်။ အတူနေထိုင်သူများ၏ ပြောကြားချက်အရ သေကြောင်းမကြံခင်က ၎င်းသည် ရုပ်သံလိုင်းတစ်ခုမှ ဖျော်ဖြေရေးအစီအစဉ်များကို စိတ်ဝင်တစား ကြည့်ရှု‌နေခဲ့သေးကြောင်း၊ ၎င်းတွင် စိတ်ညစ်စရာရှိသည်ဟု မကြားဖူးသေးကြောင်း ပြောကြားသည်။ Taylor Swift သည် သေဆုံးချိန်၌ အသက် ၃၂နှစ် ခန့်သာရှိသေးပြီး သန်း ၄၀၀ကျော် […]

Continue Reading

Fact Check: ဒီပုံတွေက ၂၀၁၈ ခုနှစ် ထိုင်ဝမ်ငလျင်က အပျက်အစီး ဓာတ်ပုံတွေဖြစ်တယ်

ထိုင်ဝမ် ၅ မိနစ်အတွင်း အင်အားပြင်းငလျင် ၃ ကြိမ်လှုပ်ခတ်ခဲ့ပြီးနောက် အပျက်အစီးတွေအဖြစ် အထပ်မြင့်တိုက် တွေယိုင်လဲနေတဲ့ဓာတ်ပုံ ၃ ပုံနှင့်အတူ ပို့စ်တစ်ခုကို မျှဝေထားရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ဒီပို့စ်ကို ပြန်လည်မျှဝေခဲ့ကြပါတယ်။ ထိုင်ဝမ်မှာ မြန်မာစံတော်ချိန် ၂၀၂၂ ခုနှစ် မတ် ၂၃ ရက်အစောပိုင်းက ငလျင်လှုပ်ခတ်ခဲ့တာမှန်ပေမဲ့  ဓာတ်ပုံတွေ က ၂၀၁၈ ခုနှစ် ငလျင်က ဓာတ်ပုံတွေဖြစ်တာတွေ့ပါတယ်။  “ထိုင်ဝမ် ၅ မိနစ်အတွင်း M6.9 / 6.1/ 5.7 အင်အားပြင်းငလျင် ၃ ကြိမ်လှုပ် ”လို့ရေးသားပြီး “Myanmar Journal”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ၂၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှု အကြိမ်အရေအတွက် ၁ ထောင် ၂ ရာဝန်းကျင်ရှိပါတယ်။ […]

Continue Reading

Fact Check: ယူကရိန်းအလှမယ် တိုက်ပွဲမဝင်သလို တိုက်ပွဲလည်းမကျပါ

ယူကရိန်းနိုင်ငံအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ Miss Grand Ukraine 2015,Miss Supranational Ukraine 2016 အလှမယ် Natasha Perakov ဟာတိုက်ပွဲအတွင်းမှာ ကျဆုံးသွားပြီဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ဒီပြောဆိုချက်ဟာ မှားယွင်းပါတယ်။  ဓာတ်ပုံတွေဟာ အလှမယ် Anastasiia Lenna ရဲ့ ဓာတ်ပုံတွေဖြစ်ပြီး သူမဟာ စစ်ထဲဝင်ခဲ့ခြင်းမရှိသလို တိုက်ပွဲမှာလည်းပါဝင်ခြင်းမရှိကြောင်း ရှင်းလင်းထားပါတယ်။ “ယူကရိန်းနိုင်ငံအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ Miss Grand Ukraine 2015,Miss Supranational Ukraine 2016အလှမယ် Natasha Perakovဟာ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ပါပြီ သူမကွယ်လွန်ချိန်မှာ အသက်၂၈နှစ်ပါ RIP Natasha Perakov🙏 Miss Grand InternationallMiss SupranationallMin HtikeeMin HtikeeArakha Min HtikeeMin […]

Continue Reading