Fact Check: NUG ကို အစိုးရအဖြစ် ကုလကြေညာဆိုတဲ့ သတင်းတု

NUG ကို အစိုးရအဖြစ် ကုလသမဂ္ဂက အတည်ပြုကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “NUG ကိုအစိုးရအဖြစ်တင်မြှောက်လိုက်ပြီ NUGသာမြန်မာအစိုးရအဖြစ်ကုလကြေငြာလိုက်ပြီ အာဏာလုစစ်ကောင်စီငါးပါးမှောက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကိုပြန်လည် ဖော်ပြရာမှာ အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ကာဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myammar ရဲ့အချက်အလက်စိစစ်ချက်တွေကို ဒီလင်ခ့်မှာကြည့်ပါ။ NUG ကို အစိုးရအဖြစ် ကုလသမဂ္ဂက အတည်ပြုကြေညာလိုက်တယ်ဆိုတဲ့ […]

Continue Reading

Fact Check: မင်္ဂလာဒုံလေဆိပ်ကို NUG ဖောက်ခွဲဖျက်ဆီးလိုက်တယ်ဆိုတဲ့ သတင်းတု 

NUG ကလက်ဦးမှုရယူပြီး ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ဖောက်ခွဲဖျက်ဆီးပစ်လိုက်ပြီး F-16 လေယာဉ် ၈ စီး ပျက်စီးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ပို့စ်တခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “NUG လက်ဦးမှုရယူလိုက်ပြီဗျို့ ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကြီးအပြီးတိုင်ဖောက်ခွဲခံရ F-16 (၈)စီးမီးလောင်၊ရန်ကုန်ကိုဝင်ဆော်လိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနကို တုပပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို အခုလိုပဲ သတင်း‌ခေါင်းစဉ်တုတွေ တပ်ကာ ဖြန့်ချိလေ့ ရှိတယ်။ တကယ်တမ်း ဗွီဒီယိုမှာပါတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: နေပြည်တော်မှာ စစ်ခေါင်းဆောင် အာဏာအသိမ်းခံရပြီး အရေးပေါ် ဖုန်းတွေ ဖြတ်တောက်ထားဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင်နေအိမ်ကို စစ်ကားတွေနဲ့ ဝိုင်းထားပြီး အရေးပေါ်ဖုန်းလိုင်တွေပါဖြတ်တောက်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက် ဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “နေပြည်တော် အမှောင်ချလိုက်ပြီ စစ်ခေါင်းဆောင်နေအိမ် စစ်ကားအပြည့်နဲ့ ဥဩသံဆွဲနေပြီ အရေး‌ပေါ်ဖုန်းလိုင်းတွေဖြတ်တောက်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့  မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။ “Khit Thit Media” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အမှန်တကယ် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ “ရန်ကုန်ခေတ်သစ်သတင်းဌာန” ကိုတုပထားပြီး အခုလိုပဲ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည် ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတွေ လုပ်ကြံရေးသားကာ ဖြန့်ဝေနေတဲ့ နေရာတခု ဖြစ်တာတွေ့ရပါတယ်။ Fact […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ နေပြည်တော် အချုပ်ထောင်ကနေ စစ်တပ်ရဟတ်ယာဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပို့လိုက်ပြီလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ထိပ်ပိုင်းခေါင်းဆောင် ၄၀ ဦး လွှတ်ပေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော၊ ဒေါ်အောင်ဆန်းစုကြည် ခြံအမှတ် ၅၄ ပြန်ရောက်ပြီဆိုတဲ့ ဗွီဒီယိုတွေကို “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ် လတ်တလော ဆက်တိုက်ဖြန့်ဝေလာတာတွေ့ရပါတယ်။ သတင်းတုတွေသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ အလားတူ ရေးသားမျှဝေထားတဲ့ ဗွီဒီယိုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “နေပြည်တော်အချုပ်ထောင်ကနေ စစ်တပ်ရဟတ်ယာဉ်နဲ့ အမေစုကို ပြန်ပို့ပြီလို့ဗိုလ်ချုပ်ဇော်မင်းထွန်းပြော” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ […]

Continue Reading

Fact Check: KIA က ရဟတ်ယာဉ်တစ်စီး ပစ်ချလိုက်တဲ့ ဗွီဒီယိုလား-မဟုတ်ပါ

ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA) က ရဟတ်ယာဉ်တစ်စီး ပစ်ချလိုက်တဲ့ ဗွီဒီယိုလို့ ဆိုပြီး Reel ဗွီဒီယိုပို့စ်တစ်ခု ပျံ့နှံ့မှုအားကောင်းလျှက်ရှိ ပါတယ်။ ရဟတ်ယာဉ်တစီးကို တခုခုနဲ့ ထိမှန်ပြီးနောက် လေထဲမှာပဲ ပေါက်ကွဲသွားတဲ့ စက္ကန့်ပိုင်းမျှသာ ကြာမြင့်တဲ့ ဒီဗွီဒီယိုမြင်ကွင်းကို ကြည့်ရှု့မှုပေါင်း သောင်းချီရှိခဲ့ပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ် တယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “KIA ရဲ့ လက်စွမ်းဖြစ်ပါတယ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီလို KIA က ရဟတ်ယာဉ်ပစ်ချခဲ့တဲ့အကြောင်း သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ လတ်တလော သတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုကို  Google မှာ ပုံရှာနည်းအသုံးပြု […]

Continue Reading

Fact Check: နေပြည်တော်မှာ အာဏာသိမ်းမှုတကယ်ဖြစ်ခဲ့သလား- မဟုတ်ပါ

နေပြည်တော်မှာ လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တန်ပြန်အာဏာသိမ်းမှု ဖြစ်ခဲ့တယ်ဆိုပြီး ကောလာဟလ သတင်းပျံ့နှံ့ခဲ့ပြီးနောက်မှာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုဖြန့်ချိလေ့ရှိတဲ့ ယူကျူ့ချန်တွေက ထပ်မံချဲ့ကားဖြန့်ဝေခဲ့ကြတာတွေ့ရပါတယ်။ ဒီလိုဖြန့်ဝေရာမှာ မူလပြောဆိုချက်ဖြစ်တဲ့ စစ်ခေါင်းဆောင် လက်အောက်ခံ ဗိုလ်ချုပ်ကြီး ၃ ဦးက အာဏာသိမ်းမှုအဖြစ် ကနေ အာဏာသိမ်းမှုကို အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က အတည်ပြုလိုက်တယ်ဆိုသည်အထိ  နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု တပ်ဗွီဒီယိုတွေ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။  ဩဂုတ် ၁၄ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုတွေထဲက တခုကို အောက်မှာကြည့်ပါ။ ဒီချန်နယ်မှာပဲ အခြားသော အလားတူတဲ့ရေးသားမျှဝေမှုဆက်တိုက်ဖြန့်ချိခဲ့ပြီး ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။   “မအလကြင်စိုး ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဦးသန်းရွှေနဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီး အတည်ပြုကြေငြာ”(မူလအရေးအသား) မူရင်းလင်ခ့် – […]

Continue Reading

Fact Check: တောင်ကြီးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ကြောင်း NUG ကြေညာဆိုတဲ့ သတင်းတု

တောင်ကြီးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ကြောင်း NUG ကြေညာလိုက်တယ်လို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ  ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယို စခရင်ရှော့ဓာတ်ပုံနဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက် ကိုကြည့်ပါ။  “တောင်ကြီးမြို့သိမ်းပြီဟေ့ တောင်ကြီးမြို့ကို အပီးသတ်သိမ်းနိုင်သွား ပီလို့ NUG ထုပ်ပြန်လိုက်ပီဟေ့”(မူလအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ တောင်ကြီးမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်းဖော်ပြချက် မရှိပါဘူး။ ဒီလိုပဲ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ဒီလိုကြေညာတယ်ဆိုတဲ့ သတင်း ဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Myawaddy News”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့် မယ်ဆိုရင် သတင်းမီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေနဲ့ တခြားသော လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ ရေးသားမျှဝေချက်တွေကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တာတွေ့ရတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် နေပြည်တော်မှာ ဗုံးခွဲတိုက်ခိုက်ခံဆိုတဲ့ သတင်းတု 

စစ်ခေါင်းဆောင် နေပြည်တော်မှာ ဗုံးခွဲတိုက်ခိုက်ခံရပြီး သေသလား၊ ရှင်သလား မသိရသေးဘူးလို့ဆိုပြီး ဗွီဒီယို တခု ယူကျူ့မှာ ဖြန့်ဝေနေရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားခြင်းဖြစ်တယ်။ ဩဂုတ် ၁၅ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယို ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၇ သိန်းကျော် ရရှိထားတယ်။ “မင်းအောင်လှိုင် ဗုံးခွဲခံရပြီ နေပြည်တော်မှာမင်းအောင်လှိုင် ဗုံးခွဲခံရ မအလကြင်စိုး သေမသေမသိရသေး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မတွေ့ရှိပါ။ ဗွီဒီယိုဖြန့်ဝေနေတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ […]

Continue Reading

Fact Check: နေပြည်တော်ကို သိမ်းပိုက်ဖို့ တရုတ်စစ်ကူ ၅၀၀၀ လားရှိုးရောက်နေဆိုတဲ့ သတင်းတု

နေပြည်တော်ကို တိုက်ခိုက်ဖို့အတွက် တရုတ်စစ်ကူ ၅၀၀၀ လာရှိုးကို ရောက်ရှိနေပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။   အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားခြင်း ဖြစ်တယ်။  “စစ်ကောင်စီကို တရုတ်စစ်ကြေငြာ စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကိုတိုက်ခိုက်ဖို့  တရုတ်စစ်ကူ(၅၀၀၀)လာရှိုးသို့ရောက်ရှိနေ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့  မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေကလည်း ဖော်ပြချက်မရှိပါဘူး။ အခုလို ဗွီဒီယို ဖြန့်ဝေထားတဲ့ “Khit Thit News” အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည် ကူးယူပြီး ခေါင်းစဉ်တု ဒါမှမဟုတ် လုပ်ကြံသတင်းခေါင်းစဉ်တွေ တပ်ကာ […]

Continue Reading

Fact Check: ရှမ်းမြောက်ပိုင်း ကျောက်မဲကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုဓာတ်ပုံလား-မဟုတ်ပါ

ရှမ်းမြောက်ပိုင်း ကျောက်မဲကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုအဖြစ် ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။ အောက်ပါကတော့ ဒီလိုရေးသားဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ဓာတ်ပုံ ဖြစ်တယ်။  “MNDAAကိုးကန်းခေါင်းဆောင်၊TNLAပလောင်စစ်ဦးစီးချုပ်နှင့် NUGကိုယ်စားလှယ်တို့ဧည့်ခန်းမဆောင်တွင်ကြိုဆိုရေးအခမ်းအနားစစ်ဆင်ရေးညှိနှိုင်းကွပ်ကဲမှုအထူးအစည်းအဝေးပြုလုပ်နေချိန်ည၉နာရီတိတိပေါင်(၁၀၀၀)ဗုံးကအခမ်းအနားနေရာအလယ်ဗဟိုတည့်တည့်ကျရောက်ပေါက်ကွဲခဲ့ရာ MNDAA+TNLA+PDF(၁၀၀)နီးပါးအစအနပျောက်(၁၅၀)ခန့်ဒဏ်ရာများရပြီးကယ်ပါယူပါတစာစာဖြင့်ကမ္ဘာပျက်နေကြကြောင်းသိရှိရပါသည်။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်ထဲမှာ ရဲစခန်းတခု၊ စစ်စခန်းတခု ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ တိုက်ခိုက်ခံရစဉ်က ဓာတ်ပုံဖြစ်တာတွေ့ရတယ်။  ၂၀၁၇ ခုနှစ်ထဲမှာ လွတ်လပ်တဲ့ အာရှအသံက အင်္ဂလိပ်ဘာသာနဲ့ သတင်းဖော်ပြချက် ဗွီဒီယိုထဲမှာ အခုလို စစ်တပ်က ကျောက်မဲမြို့ကို တိုက်ခိုက်မှုအဖြစ်ဖော်ပြထားတဲ့ တူညီတဲ့ မြင်ကွင်းဓာတ်ပုံတခုကို တွေ့ရပါတယ်။  ၂၀၁၇ ခုနှစ် မတ် ၈ ရက်စွဲနဲ့ […]

Continue Reading