Fact Check: အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌနှုတ်ထွက်တာဟာ အဂတိမှုနဲ့ငြိစွန်တဲ့ အစိုးရအဖွဲ့နဲ့နီးစပ်သူတွေကို အရေးယူလို့မရတာကြောင့်ဆိုတဲ့ သတင်းအမှား
လက်ရှိအစိုးရရဲ့ညွှန်ကြားချက်တွေ့ကြောင့် အဂတိမှုနဲ့ငြိစွန်းတဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ အစိုးရနဲ့နီးစပ်သူတွေ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို အရေးယူလို့မရတာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးအောင်ကြည်ဟာ ဥက္ကဌရာထူးက နှုတ်ထွက်သွားတာလို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီလိုရေးသားနေတဲ့ပို့စ်တွေမှာ “အစိုးရအဖွဲ့ဝင်ဝန်ကြီးအချို့နဲ့ တိုင်းဝန်ကြီးချုပ်တွေ အဂတိလိုက်စားမှုနှင့် ညှိစွန်းခဲ့သော်လည်း ညွန်ကြားချက်တွေကြောင့်အရေးယူ၍မရခဲ့ကြောင်း ဥက္ကဋ္ဌဟောင်းပြောခဲ့”လို့ ခေါင်းစဉ်တပ်ထားပြီး “ယခုအစိုးရသစ်၂၀၁၅ /၂၀၂၀ ကာလအကြားမှာ ပြည်ထောင်စုအဆင့်ဝန်ကြီးအချို့ အပါအဝင် တိုင်း၊ နှင့်ပြည်နယ်ဝန်ကြီးချုပ်တွေအပါ ဝန်ကြီးတွေ လွတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် အစိုးရသစ်နဲ့ဆက်နွယ်သူအချို့ အဂတိလိုက်စားခဲ့ကြောင်းစစ်ဆေးတွေ့ရှိခဲ့သော်လည်း အထက်က ညွန်ကြားမှုတွေကြောင့် အရေးမယူခဲ့ရတာတွေရှိခဲ့တယ်လို့နုတ်ထွက်သွားခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားခဲ့ကြောင်းသိရသည်။…..”လို့စသဖြင့်ရေးသားထားတာ တွေ့ရပါတယ်။ Min Min Tunဆို့ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကနေ ဒီပို့စ်ကို စတင်ရေးနေတာတွေ့ရပြီး အောက်ပါလင်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link […]
Continue Reading