ယာဉ်မတော်တဆမှုကို ထိုင်းစစ်တပ်က ခိုးဝင်မြန်မာတွေ ပစ်သတ်မှုအဖြစ် ဖော်ပြနေ

ထိုင်းစစ်တပ်က ခိုးဝင်မြန်မာတွေ ပစ်သတ်မှုအဖြစ် ဖော်ပြနေတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေ အကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ထိုင်းထဲကို…ခိုးဝင်မလာကြပါနဲ့…ပစ်မိန့်လည်းထုတ်ထားပြီပြီ…အသိနဲ့သတိရှိပါ จากเหตุการณ์เมื่อวาน รถกะบะบรรทุกคนชาวกาฬสินธุ์มาจากเที่ยวคำชโนด อ.บ้านดุง #หลับในพุ่งชนต้นไม้ อ.ไชยวาน ช่วงนี้มีรายงานเสียชีวิตเพิ่มเป็น3ราย..เสียใจด้วยน่ะคับ”လို့ ရေးသားထားပြီး ကားလမ်းဘေး လယ်ကွင်းပြင်တစ်ခုက မြေပြင်မှာ အတုံးအရှုံးလဲနေတဲ့ လူတွေနဲ့ သစ်ပင်တစ်ပင်ကို တိုက်မိပြီး ခေါင်းကြေ သွားတဲ့ကားတစ်စီးနဲ့ ကယ်ဆယ်ရေးလုပ်သားတွေလည်း ပါဝင်ပါတယ်။ “ဆူးရဲ့ဒဏ်ရာများနဲ့ သူ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Archive link အလားတူ “KO Kyaw Gyi” နဲ့ “မချစ်စု ငွေလွှဲ ကောင်တာ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုတွေကလည်း မျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပါတဲ့ ထိုင်းစာကို ဖေ့စ်ဘွတ်ရဲ့ ဘာသာပြန်ဆိုချက်ကို နှိပ်ကြည့်လိုက်တဲ့အခါမှာအောက်ပါ အတိုင်းတွေ့ ရပါတယ်။ မြန်မာဘာသာနဲ့ရေးသားချက်မှာ ထိုင်းကို ခိုးဝင်လာတဲ့သူတွေကို […]

Continue Reading

အနုပညာရှင်တွေကွယ်လွန်ဆိုပြီးတော့ သတင်းတု သတင်းမှားတွေ ဆက်တိုက် ဖြန့်ချိနေတဲ့ cele cele all ဖေ့စ်ဘွတ်စာမျက်နှာ

သီလရှင်ဝတ်နေတဲ့ အနုပညာရှင် တင့်တင့်ထွန်းကွယ်လွန်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီသတင်းဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်ကမှ စတင်တည်ထောင်လိုက်တဲ့ Cele Cele All အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက စတင်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ  ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။ အခြားသော သတင်းကို ကူးယူဖော်ပြလေ့ရှိတဲ့ သတင်းဝက်ဘ်ဆိုဒ်ဖြစ်တဲ့ ဒီဆိုဒ်မှာ ဖော်ပြခဲ့တာကို လူမှုကွန်ယက်အသုံးပြုသူတွေက ဒီလို ဒီလို ပြန်မျှဝေထားပါတယ်။ Cele Cele All  အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာဟာ ပြီးခဲ့တဲ့ ၃ ရက်အတွင်းမှာ အနုပညာရှင်တွေကွယ်လွန်ဆိုတဲ့ သတင်းတု သတင်းမှားတွေ ဆက်တိုက် စတင်ဖော်ပြခဲ့တာတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အနုပညာရှင် တင့်တင့်ထွန်းကွယ်လွန်ဆိုတဲ့သတင်းဟာ မဟုတ်ကြောင်း ကျန်းကျန်းမာမာရှိနေကြောင်းကို ဆရာလေး ဒေါ်နန္ဒမာလာ(ခ)သရုပ်ဆောင် တင့်တင့်ထွန်း နဲ့ အဆက်အသွယ်ရှိတဲ့ မြရွှေပင်အနုပညာဆည်းဆာ ရိပ်မှ […]

Continue Reading

ကိုယ်ဝန်​ေဆာင်အမျိုးသမီးတစ်ေယာက်က က ေလး ၁၈ မွှာမွေးသတဲ့လား

လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ သာမန်ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဉီးရှိရမည်ထက် ပိုပြီး ဗိုက်ပူနေတဲ့ အမျိုးသမီးတစ်ဉီးဓာတ်ပုံနဲ့ ကလေး အမြောက်အများနဲ့ ထိုင်ခုံပေါ်မှာထိုင်နေတဲ့ အမျိုးသားတစ်ဉီးပုံနဲ့ ပို့စ်တစ်ခု ပျံ့နှံတာတွေ့ရပါတယ်။  “18မွှာမွေးသော အမျိုးသမီး မျက်လုံးတေပါ ပြူးသွားတယ်” “Cho Than” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။ ဒီလိုပဲ “Khuun Sitt Thway”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “ကဲ ၁၈ မွှာတဲ့ မွေးလိုက်ကြရအောင် သဲတို့” ဆိုပြီး “Crush” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာမျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပါတဲ့ ဓာတ်ပုံတွေကို Google မှာပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဒီကိုယ်ဝန်ဆောင် အမျိုး သမီးပုံနဲ့ ကလေး အမြောက်အများနဲ့ ထိုင်ခုံပေါ်မှာထိုင်နေတဲ့ အမျိုးသားတစ်ဉီးပုံဟာ နိုင်ငံတကာမှာလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကလေး ၁၇ […]

Continue Reading

သရုပ်ဆောင်မြင့်မြတ်က အိုင်ဖုန်း ၁၅ လုံး၊ ဟွန်ဒါဖစ် ၃ စီးမဲဖောက်ပေးမယ်ဆိုတဲ့ သတင်းတု

“ပရိသက်ကြီးရေ….ဘာလိုလိုနဲ့…မင်္ဂလာသတ်တမ်း ၅နှစ်တောင်ပြည့်ပါတော့မယ်။ ၁၀နှစ်တာအားပေးလာ ကြတဲ့ပရိသက်ကြီးကိုကျေးဇူးတုံ့ပြန်ချင်လို့ ရရှိတဲ့အနုပညာကြေးလေးနဲ့ကံစမ်းမဲလေးတွေ တတ်နိုငိသလောက် ဖောက်ပေးချင်ပါတယ်ခင်ဗျာ။အိုင်ဖုန်း၁၅လုံးနဲ့ဟွန်ဒါဖစ်၃စီးမဲဖောက်ပေးမှာဖြစ်ပါတယ်။ကံစမ်းရမဲ့စည်းကမ်းချက်လေးတွေကတော့…….။၁။ အရင်ဆုံးကျွန်တော့်ရဲ့ဒီPageလေးကိုLikeလုပ်ရပါမယ်ခင်ဗျာ။၂။ ဒီပို့စ်ရဲ့အောက်မှာ မိမိတို့အမြဲကိုင်တဲ့ဖုန်းနံပါတ်လေးမန့်ပေးရပါမယ်ခင်ဗျာ။ ၃။ ဒီပို့စ်လေးကို Share လုပ်သွားပေးရပါမယ်ခင်ဗျာ။ စည်းကမ်းချက်သုံးချက်နဲ့ညီတဲ့ကံစမ်းသူကိုသာထည့်သွင်းစဥ်းစားသွားမှာဖြစ်ပြီးကံစမ်းမဲပေါက်သူကိုတော့ ကိုမြင့်မြတ်ကိုယ်တိုင် မေလ၁၅ ရက်နေ့မှာဖုန်းဆက်အကြောင်းကြားပေးသွားမှာလည်းဖြစ်ပါတယ်။ အားလုံး ပဲချစ်ရတဲ့ပရိသက်ကြီးကံကောင်းနိုင်ကြပါစေခင်ဗျာ”ဆိုပြီးတော့ “Myint Myat Fan” အမည်နဲ့ ဖေ့စ်ဘွတ်စာ မျက်နှာမျှဝေခဲ့ရာမှာ ပြီးခဲ့တဲ့ ၁၉ နာရီအတွင်း လူမှုကွန်ယက်သုံးစွဲသူ ၉ ထောင်နီးပါးက ပြန်လည်မျှဝေခဲ့ပြီး လူပေါင်း ၅ သိန်းကျော်ဆီကို ဒီပို့စ်က ပျံ့နှံ့သွားခဲ့ပါတယ်။ လူမှုကွန်ယက်သုံးစွဲသူတွေက သူတို့ရဲ့ ဖုန်းနံပါတ်တွေကိုလည်း မှတ်ချက်ရေးခဲ့ကြတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် “ကျွန်တော်တို့အနေနဲ့ကတော့ ဘာမှတင်ထားတာမရှိဘူး။ ကျွန်တော်တို့အနေနဲ့ အဲဒီအစီအစဉ်လုပ်ထားတာ မရှိ ဘူး။ မမှန်ဘူး”လို့ သရုပ်ဆောင်မြင့်မြတ်ရဲ့ […]

Continue Reading

နိုင်ငံသားဉပဒေသစ်ကို ကန့်ကွက်ဆန္ဒပြပွဲကပုံကို ကိုရိုနာဗိုင်းရပ်စ်သံသယ လူနာရဲ့ နာရေးမှာ ရဲတပ်ဖွဲ့နဲ့ ရွာသားတွေ အချင်းများပုံအဖြစ်ဖော်ပြနေတဲ့ သတင်းဓာတ်ပုံအမှား

“ကိုရိုနာဗိုင်းရပ်စ်သံသယ လူနာတစ်ဦးရဲ့နာရေးမှာ ရဲတပ်ဖွဲ့နဲ့ ရွာသားတွေ အချင်းများအိန္ဒိယနိုင်ငံ ကျေးရွာလေး တစ်ရွာမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါသံသယနဲ့ သေဆုံးခဲ့ရတဲ့ အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးရဲ့ နာရေးမှာ ဒေါသ ထွက်နေတဲ့ရွာသားတွေကို ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရကြောင်း CNNသတင်းကဖော်ပြခဲ့ပါတယ်။  အိန္ဒိယနိုင်ငံ ဟာယန(Haryana)ပြည်နယ်က ချန့်ဒ်ပူရာ လို့အမည်ရတဲ့ ကျေးရွာလေးမှာ တနင်္လာနေ့က ဖြစ်ပွား ခဲ့တဲ့ ဒီပြဿနာတွေ ကြောင့် ရွာသားအယောက် ၃၀ ဖမ်းဆီးခံခဲ့ရပါတယ်။ ပြဿနာဖြစ်ရတဲ့ အဓိကအကြောင်း အရင်းကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးရတယ်လို့ထင်ရတဲ့ အဲဒီအမျိုးသမီးဟာ သူတို့ရွာ ကမဟုတ်လို့ နာရေး ကို ချန့်ဒ်ပူရာ ရွာသင်္ချိုင်းမှာ လာမလုပ်ဖို့ ဆန့်ကျင်ကြရာကနေ နောက်ဆုံးမှာ ရွာသားတွေက ရဲတွေကို ခဲနဲ့ပေါက် တဲ့အဆင့်အထိ ရောက်ခဲ့တာဖြစ်ပါတယ်။  ခရိုင်ရဲမှူး ဂျော်ဝယ်လ်က “ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ဆေးရုံမှာသေဆုံးခဲ့သူတွေကို ဘယ်မှာမီးသင်္ဂြိုလ်ရမလဲ […]

Continue Reading

ထိုင်းမှာ COVID-19 နောက်ဆက်တွဲပြဿနာကြောင့် လင်မယားနှစ်ယောက်ကြိုးဆွဲချ သေခဲ့တာလား… အမှန်က ဒီလိုပါ

ကမ္ဘာတစ်လွှားမှာကပ်ရောဂါကြောင့် အသွားအလာကန့်သတ်ခြင်းနဲ့ မဖြစ်မနေလုပ်ငန်းဆောင်တာတွေကလွဲလို့ လူစုလူဝေးရှောင်ကြဉ်ဖို့ ဆောင်ရွက်နေရခြင်းမှာ စီးပွားရေးထိခိုက်မှုတွေက အနည်းနဲ့အများဆိုသလိုရှိကြတာ မလွဲမသွေကိစ္စပဲဖြစ်ပါတယ်။ ဒီ COVID-19 ကူးစက်မှုပျံ့နှံမှုကြောင့်ထိခိုက်ခဲ့တဲ့နိုင်ငံတွေထဲမှာလည်း ထိုင်းနိုင်ငံ ဟာလည်း အပါအဝင်ဖြစ်ပါတယ်။ ဧပြီ ၂၄ ရက်အထိ ထိုင်းနိုင်ငံမှာ ပိုးတွေ့ အတည်ပြုလူနာ ၂၈၀၀ ကျော်နဲ့ သေဆုံးသူ ၅၀ ဉီး၊ ပြန်လည်ကောင်းမွန်လာသူ ၂၄၉၀ ဉီးရှိတယ်လို့ worldmeters.info ရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ခမ်းဟေမန်” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “ထိုင်းမှာ ကိုဗစ်-19 နောက်ဆက် တွဲပြဿနာကြောင့် နေ့စဉ် ရေထဲခုန်ချ အသေခံတာတို့၊ ဆွဲကြိုးချအသေခံတာတို့ နေ့စဉ်ဖြစ်ပေါ်နေပါတယ်။ ထို့ကြောင့် အဆင်မပြေတာလေးရှိနေရင် သီးခံအောင့်အင်းပြီးနေကြပါ ရှိတာလေးနဲ့ လောက်အောင်စား ရတာလေးနဲ့ ကျေနပ်ကြပါလို့ ပြောချင်ပါတယ်။”ဆိုပြီး ဓာတ်ပုံတစ်ချို့နဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်း မျှဝေလာပါတယ်။ […]

Continue Reading

အိပ်ယာထဲလှဲနေတဲ့ အဖိုးအား ဝန်ထုပ်ဝန်ပိုး ဖြစ်လို့ ရိုက်သတ်လိုက်သတဲ့လား.. အမှန်က ဒီလိုပါ

ဧပြီ ၁၇ ရက်က ကုတင်ပေါ်မှာ ပက်လက်အနေအထားနဲ့အိပ်နေတဲ့ အသက်ကြီးရွယ်အိုဖြစ်ဟန်တူသူ တစ်ယောက်ကို လူငယ်တစ်ယောက်က ထုတ်နဲ့ အားရပါးရရိုက်သတ်နေတဲ့ CCTV မှတ်တမ်းဗွီဒီယိုတစ်ခု အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။  ဒီဗွီဒီယိုကို “محمد اسامه“အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “အိပ်ယာထဲလှဲနေတဲ့ အဖိုးအား ဝန်ထုပ်ဝန်ပိုး ဖြစ်လို့ ရိုက်သတ်တာတဲ့”ဆိုပြီးတော့ မျှဝေခဲ့ရာမှာ အခြားဖေ့စ်ဘွတ်သုံးစွဲသူ တစ်သောင်းခွဲနီးပါက ဒီပို့စ်ကို ပြန်လည်မျှဝေခဲ့ပါတယ်။ Fb link Archive link အလားတူပဲ “Channel Pyay”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာနဲ့ “San San” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မြန်မာဝတ်စုံအလှအပများစုစည်းရာ”ဖေ့စ်ဘွတ်အုပ်စုထဲမှာ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ဗွီဒီယိုကို InVID ဆိုတဲ့ ဗွီဒီယိုအချက်အလက်ဆန်းစစ်နိုင်တဲ့ ဆော့ဖ်ဝဲနဲ့ […]

Continue Reading

အီရန်နိုင်ငံမှာ Covid-19 ရောဂါကြောင့်လူတွေသေတာ မြှုပ်လို့မနိုင်တော့လို့ လမ်းပေါ်ထွက် ဆန္ဒပြကုန်ပြီဆိုတဲ့သတင်းမှား

ဧပြီ ၂၂ ရက်အထိ ကမ္ဘာတစ်လွှားမှာ COVID-19 ပိုးကူးစက်ခံရသူ အတည်ပြုလူနာပေါင်း ၂ ဒသမ ၅ သန်းကျော် လာပြီး သေဆုံးသူ ၁ သိန်း ၇ သောင်းကျော်ရှိလာပြီဖြစ်ပါတယ်လို့ worldmeters.info က ဖော်ပြပါတယ်။ အာရှမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံထက် ကူးစက်ခံရသူနဲ့ သေဆုံးသူ ပိုမိုများပြားတဲ့ အီရန်နိုင်ငံဖြစ်ပြီး ဧပြီ ၂၂ ရက်အထိ စုစုပေါင်း အတည်ပြုလူနာ ၈၄၈၀၀ ကျော်နဲ့ သေဆုံးသူ ၅၃၀၀ နီးပါးရှိလာပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “အီရန်နိုင်ငံမှာ Covid-19 ရောဂါကြောင့် လူတွေသေတာ မြှုပ်လို့မနိုင်တော့လို့တဲ့ဗျာ မကယ်နိုင်တဲ့အလ္လာဟ်ကို လမ်းပေါ်ထွက် ဆန္ဒပြကုန်ကြပါပြီ အလ္လာဟ်ထွက်ခဲ့ပါတော့တဲ့”ဆိုပြီး ဗွီဒီယိုဖိုင် တစ်ခုကို“နေ ထက် လင်း”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။ အလားတူပဲ “Myo […]

Continue Reading

ညကအုပ်စုဖွဲ့ရမ်းကားသူများအားထိန်းသိမ်းဆိုတဲ့ သတင်းတု

COVID-19 ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံတစ်ဝှမ်းမှာ လူ ၅ ဉီးထပ်ပိုစုဝေးခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားပြီး ရောဂါကူးစက်မှုများပြားတဲ့ မြို့နယ်တွေမှာ အိမ်အတွင်းပဲနေထိုင်ဖို့ ညွှန်ကြားထားပါတယ်။ ဒီလိုပဲ ညမ ထွက်ရအမိန့်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အလိုက် အစိုးရက ကောင်ထည်ဖော်နေချိန်မှာ “Kozawgyimps Kozawgyimps” အမည်နဲ့ဖေ့စ်ဘွတ်သုံး စွဲသူက “ညကအုပ်စုဖွဲ့ရမ်းကားသူများအားထိန်းသိမ်း”ဆိုပြီး ပို့စ်တစ်ခုကို မျှဝေလာပါတယ်။ Link Archive link ဘယ်နေရာ ဘယ်အချိန်မှာဖြစ်ပျက်ခဲ့သလိုဆိုတာကို ဖော်ပြထားခြင်းမရှိပေမဲ့ ဒီသတင်းကို ဖေ့စ်ဘွတ်သုံးစွဲသူ ၂ ထောင်ကျော်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပထမဆုံးဉီးစွာ Google မှာပုံပြောင်းပြန်ရှာနည်းနဲ့ ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒေသတွင်းမူးယစ်ဆေးဝါးနှင့်ဆက်နွယ်သောအကြမ်းဖက်မှုများတွင်ပါဝင်ပတ်သက်မှုရှိသည်ဟုသံသယရှိသူ ၈ ဦး အားဖမ်းဆီးခဲ့တဲ့သတင်းကို Cambodia News English အမည်နဲ့သတင်းဝက်ဘ်ဆိုက်က […]

Continue Reading

ငမိုးရိပ်ချောင်းထဲကနေ ဘင်္ဂါလီတွေဝင်လာတယ်ဆိုတဲ့ သတင်းမှား

COVID-19 ရောဂါဖြစ်ပွားမှုများပြားနေတဲ့ တောင်ဉက္ကလာပမြို့နယ်အပါအဝင် မြို့နယ် ၇ ခုမှာ နေအိမ်အတွင်း သာနေထိုင်ရန်နဲ့ လူနှစ်ဉီးထက်ပိုပြီးသွားလာခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကန့်သတ် ထားချိန်မှာ ဧပြီ ၁၉ ရက်ညပိုင်းက လူစုလူဝေးဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး ဒီအခြေအနေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုအပေါ် အမျိုးမျိုးကထင်မြင်ချက်တွေပေးပြီး မျှဝေနေကြတာ တွေ့ရပါတယ်။ “19.4.2020 ညကဖြစ်သည်။nld အစိုးရ၏ဝူဟန်ကပ်ဘေးကိုအသုံးချပြီးနိုင်ငံရေးအမြတ်ထုတ်နေမှုများ ညမထွက်ရအမိန့်ထုတ်ပြီးကုလားများကိုခိုးသွင်းနေသည်။ 19-4-2020 နေ့ညက ငမိုးရိပ်ချောင်းအတိုင်းစက်လှေ (၂)စီးနှင့်ဝင်လာတဲ့ ဘင်္ဂလီ (၂၀၀)ကျော်ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်၏  တိုက်ရိုက်ကွပ်ကဲမှု့ဖြင့်လက်စပျောက် သွားဘီဟု အမည်မဖော်လိုသော NLD ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်က RFM သို့ပြောကြားသည်” ဆိုပြီးတော့ ပို့စ်တစ်ခုကို “Ko Mar Ga” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေလာတာတွေ့ရပါတယ်။ Fb link Archive link “May Yoon […]

Continue Reading