ဘင်္ဂလာဒေ့ရှ်မှာ မြန်မာပြည်က ခိုးဝင်လာသူ ဘင်္ဂလီတွေနဲ့ဒေသခံ တွေ ဆော်ကုန်ကြပြီး ဆိုတဲ့ သတင်းမှား

COVID-19 ဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ နယ်မြေဒေသအသီးသီးကို ပျံ့နှံ့လျက်ရှိပါတယ်။ လူဉီးရေထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဧပြီ ၁၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်မှာ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ ၂၁၄၄ ဉီးနဲ့ သေဆုံး ၈၄ ဉီးရှိပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ဘင်္ဂလာဒေ့ရှ် မွာ မြန်မာပြည်က ခိုးဝင်လာသူ ဘင်္ဂလီတွေ နဲ့ဒေသခံ တွေ ဆော်ကုန်ကြပြီ၊ အဝင်မခံဘူး ၊   Covid 19 ဟာဘာသာတူခြင်းတောင် ကြောက်ရွံ့စေတယ်၊ ဆလမ်မာလေကွမ်း ”ဆိုပြီးတော့ Myo Min အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက အောက်ပါအတိုင်းမျှဝေလာပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ဗွီဒီယိုကို InVID ဗွီဒီယိုဆန်းစစ်ရေးဆော့ဖ်ဝဲလ်ကို အသုံးပြုပြီး […]

Continue Reading

ဆေးရုံကြမ်းခင်းပေါ်မှာ အိပ်ပျော်သွားတဲ့ ဆရာဝန်က လက်ရှိ COVID-19 နဲ့ ပတ်သက်ခြင်းမရှိ

COVID-19 ရောဂါဟာ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါဆိုးတစ်ခုအဖြစ် ကမ္ဘာ့ကျန်မားရေးအဖွဲ့က မတ် ၁၁ ရက်မှာပဲ ကြေညာခဲ့ပြီး ဧပြီ ၁၇ ရက်အထိ ကမ္ဘာတစ်ဝှမ်းကူးစက်ခံရသူ နှစ်သန်းကျော်နဲ့ ဒီရောဂါနဲ့သေဆုံးသူ ၁၄၀၀၀၀ ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ ဒီအထဲမှာ လူနာတွေနဲ့ နေ့စဉ်နဲ့အမျှ ထိတွေ့ဆက်ဆံနေရတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေလည်း အပါအဝင်ဖြစ်ပြီး အများအကျိုးအတွက် သူတို့ရဲ့ ဘဝတွေကို စတေးထားကြရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ သာမန်ထက် ပင်ပန်းပြီး သာမန်အလုပ်ချိန်ထက်ပိုမိုတဲ့ အလုပ်ဖိအားနဲ့လည်းရင်ဆိုင်နေကြရတာမို့ ကမ္ဘာတစ်လွှာမှာ သူတို့ကို လေးစားချစ်ခင်ကြ၊ အားပေးကြ၊ ချီးမွှမ်းကြပါတယ်။ ဒီလိုပဲ “Kyaw Htun” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “Today News MM” စာမျက်နှာက ပို့စ်ကို “မြန်မာ့ သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာတွေ့ရပါတယ်။  “သူတို့လေး တွေအရမ်းပင်ပမ်းနေကြပြီ ဒါပေမယ့် သူတို့ […]

Continue Reading

တရားဟောဆရာ စောဒေးဗစ်လားအမှုကို ရုပ်သိမ်းလိုက်ပြီဆိုတဲ့ သတင်းမှား

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအတည်ပြုလူနာ အများဆုံး ရှိနေတဲ့ နေရာတစ်ခုဖြစ်နေရာမှာ ခရစ်ယာန်ဘာသာရေးအခမ်းအနားတစ်ခုကြောင့် လူနာအရေအတွက် များပြားလာခဲ့ပါတယ်။  ဒီလိုအခြေအနေမျိုးမှာ “၁၄.၄.၂၀၂၀ ရက်နေ့က မရမ်းကုန်းမြို့မရဲစခန်းမှာ အမှုအမှတ်(ပ)(၅၈၃/၂၀၂၀)ဖြင့် အမှုဖွင့်အရေးယူထားသော စောဒေးဗစ်(ခ) ဒေးဗစ်လားကို နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်၏ ညှိုနှိုင်းဖြန်ဖြေမှု အရအမှုပိတ်သိမ်းလိုက်ကြောင်း သတင်းရရှိပါတယ်။သောက်မျိုးအတွက်ဆို ဥပဒေအပေါ်ရောက်နေတာ ဘယ်သူတွေလဲ။ဒေးဗစ်လားကို မြန်မာပြည်ခေါ်လာတာ ဦးဗန်။တရားစွဲတာက ရန်ကုန်တိုင်းအစိုးရ။ အမှုပိတ် ခိုင်းတာက မွှေမွှေ ကျွန်တော် သဘောကတော့ ကွီးဖြိုးဘက်ကပဲ။တရားစွဲသင့်တယ်။မှန်တယ်။”ဆိုပြီးတော့ “Ko Mar Ga” အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူနဲ့ “အန်ကယ်မာမီ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက ဧပြီ ၁၅ ရက်ညနေပိုင်းမှာ လူမှုကွန်ယက်မှာမျှဝေခဲ့တာ အောက်ပါအတိုင်းတွေ့ရပါတယ်။ Fb link Fb link Archive link Archive link ဘာသာရေးခေါင်းဆောင်နဲ့ အခြားလူ ၄ဉီးကို […]

Continue Reading

အမေရိကန်မှာ ပြည်သူတွေကို တမာရွက်ခြောက် လိုက်လံဝေငှနေတယ်ဆိုတဲ့သတင်းမှား

ဧပြီ ၁၃ ရက်အထိ အမေရိကန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူဉီးရေ ၅၂၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၂၀၀၀၀ ကျော်ရှိလာပြီး ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အဆိုးရွားဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ရင်ဆိုင်နေရပါတယ်။ ဧပြီ ၁၃  တစ်ရက်ထဲမှာပဲ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉၂၈ ယောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အမေရိကန်မှာ ပြည်သူတွေကို တမာရွက်ခြောက် လိုက်လံဝေငှနေတယ်ဆိုတဲ့ ပို့စ်တစ်ခုကို “ဟာသရပ်ကွက် (၂)” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ “Shwe Yote Min Mu”အမည်နဲ့ လူမှုကွန်ယက်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။ “အမေရိကန် ပြည်ထောင်စုတွင် ပြည်သူများအား တမာရွက်ခြောက်များ လိုက်လံဝေငှနေတာဖြစ်ပါတယ်။ မြန်မာပြည်က ဆေးနည်း ကမ္ဘာကျော်ခဲ့ပါပြီ။မောင်လေး တမာရွက်စားပေးရတယ်ဆိုတဲ့ အသံပိုင်ရှင်အမကြီးကိုလဲ  နိုဘယ်ဆုပေးဖို့ လိုက်ရှာနေတယ်လို့ သတင်းရပါတယ်”ဆိုပြီးတော့ မျှဝေထားတာဖြစ်ပါတယ်။  Fb link Archive link […]

Continue Reading

အဆိုတော် မျိုးကြီး ( CASE -037 ) ကိုဗစ်ရောဂါ ကူးစက်ခံရဆိုတဲ့သတင်းမှား

သင်္ကြန်ကာလရုံးပိတ်ရက်တွေအတွင်းမှာ အသွားအလာကန့်သတ်မှုအချို့ပြုလုပ်ပြီး COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နေစဉ်မှာပဲ ဧပြီ ၁၃ ရက် မနက် ၁ နာရီဝန်းကျင်အထိ အတည်ပြု လူနာ ၄၁ ဉီးရှိလာပြီဖြစ်ပါတယ်။  ရက်ပိုင်းအတွင်းမှာ COVID-19 အတည်ပြုလူနာ ရုတ်တရက်များပြားလာနေတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုအတည်ပြုလူနာစာရင်းက လူနာတွေနဲ့ ပတ်သက်တဲ့သတင်းတွေလည်း ရေပန်းစားနေပါတယ်။  ဒီလိုအချိန်မှာပဲ “IC ရဲ့ ဝါရင့်အဆိုတော် တစ်ဦးဖြစ်တဲ့ အဆိုတော် မျိုးကြီး ဟာ Case- 037 အဖြစ် ရောဂါ ကူးစက်ခံလိုက်ရကြောင်း သတင်းရရှိပါတယ်။ကူးစက်မှု ရာဇဝင်အရ ဆုတောင်းဝတ်ပြုပွဲဆင်နွဲရာကနေ ကူးစက်လာတာဖြစ်တယ်လို့ သိရပါတယ်”ဆိုပြီးတော့ celemyanmar၊ realthadin စတဲ့အမည်နဲ့ ဝက်ဆိုဒ်တွေက ရေးသားတဲ့ သတင်းဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ အောက်ပါပို့စ်တွေကတော့ပြန်လည် မျှဝေမှုတစ်ချို့ ပဲဖြစ်ပါတယ်။ Fb […]

Continue Reading

ရန်ကုန်အထူးကုဆေးရုံကြီးရဲ့ ICU မှ သူနာပြုတွေ ခေါင်းရိတ်လိုက်ကြတယ်ဆိုတဲ့ သတင်းမှား

ဧပြီ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၂၈ ယောက်ရှိပြီး အထူးကြပ်မက် ကုသဆောင်(ICU)မှာ လူနာတစ်ဉီးပဲရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ သို့ပေမဲ့ ရန်ကုန် ခုတင် ၅၀၀ အထူးကု ဆေးရုံကြီးရဲ့ အထူးကြပ်မတ်ကုသဆောင် ICU မှ သူနာပြုတွေ ခေါင်းရိတ်လိုက်ကြတယ်ဆိုတဲ့ သတင်းဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “ကူးနိုင်တယ်မှန်းသိပေမယ့် ဆံပင်ကိုရိတ်ပြီး ရှေ့တန်းထွက်တဲ့ သူရဲကောင်းတွေပါသနားပါတယ်.. သူတို့ဆံပင်လေးတွေကို နှမြောမှာပဲနော်..လေးစားမိပါတယ်”လို့ “KAUNG MA LAY” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မြန်မာ့သတင်းထူး”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ ဒီသတင်းကို မျှဝေခဲ့ရာ နာရီပိုင်းအတွင်း လူ တစ်ထောင်နီးပါက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ “KAUNG MA LAY”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတဲ့ ဒီသတင်းကိုပဲ “Win Kyaw” အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “သီတဂူဆရာတော်ကြီးကို […]

Continue Reading

ကောင်းကင်ကို မော့ကြည့်ပြီး မေမေလို့ခေါ်နေတဲ့ ကလေးရဲ့ မိခင်ဟာ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ခြင်းမဟုတ်ပါ

ကောင်းကင်ကို မော့ကြည့်ပြီး တစ်စုံတစ်ခုကို လက်ညှိုးပြပြီး မေမေလို့ တစာစာခေါ်နေတဲ့ ကလေးလေးနဲ့ အကိုဖြစ်သူလို့ ထင်ရတဲ့ လူငယ်လေးတစ်ယောက်က မခံစားနိုင်တော့ပဲ ကလေးကို ဖက်ပြီး ဗီဒီယိုဟာကမ္ဘာတစ်လွှားပျံ့နှံ့ခဲ့ပါတယ်။  မြန်မာနိုင်ငံမှာလည်း “အီတလီနိုင်ငံက ဖစ်သွားတဲ့ ကိုဗစ် 19ရောဂါကြောင့် သူ့မိဘနှစ်ရောက်စလုံး ဆုံးသွားပီး ကောင်းကင်ပေါ်မှာ သူ့အမေ သူတွေ့တယ်တဲ့”ဆိုပြီးတော့ “Narr” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link ကလေးငယ်ရဲ့ မိခင်ဟာ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးခဲ့ရတာလား။ ကလေးတွေကရော အီတလီကလားဆိုတာ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အမှန်မှာ ကလေးငယ်များရဲ့ မိခင်ဟာ သေဆုံးခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကြောင့် မဟုတ်သလို အဖြစ်အပျက်ကလည်း အီတလီက အဖြစ်အပျက် မဟုတ်ပါ။ အချက်အလက်စိစစ်ချက်  ဗွီဒီယိုကို InVID ဆိုတဲ့ ဗွီဒီယိုဆန်းစစ်တဲ့ […]

Continue Reading

ကောင်းကင်မှပေါ်လာသော ဗုဒ္ဓပုံတော်အဖြစ် မမျှဝေခင်မှာ မြွေနဂါးပုံအဖြစ် မျှဝေခဲ့ဘူး

လူတွေ အလုအယက်ဓာတ်ပုံရိုက်နေကြဟန်နဲ့ ကောင်းကင်မှပေါ်လာတဲ့ ဗုဒ္ဓပုံတော်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံမှုအားကောင်းခဲ့ပါတယ်။ “သီတဂူဆရာတော်ကြီးကို ကြည်ညိုကြသူများ”ဆိုတဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ “စိုးစိုး”အမည်နဲ့အကောင့်က “KH Shop” ဆိုတဲ့ စာမျက်နှာက ပုံတစ်ပုံကို ပြန်လည်မျှဝေလာတာတွေ့ရပါတယ်။ “KH Shop”  ဆိုတဲ့ စာမျက်နှာ မှာတော့ ထိုင်းဘာသာစကား နဲ့ရေးသားထားတာဖြစ်ပြီး ဖေ့စ်ဘွတ်မှာ အလိုအလျောက် ဘာသာပြန်စနစ် အသုံးပြုပြီး ဘာသာပြန် ဆိုကြည့်မယ်ဆိုရင် “မယုံရင် မစော်ကားနဲ့. မြင်ရင်. 1 ကိုနှိပ်ပြီး. ရောဂါမရှိတဲ့. share ပေးပါ” ဆိုပြီးတော့ အဓိပ္ပာယ်ထွက်တာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link ဒီလို ဗုဒ္ဓပုံတော်တွေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေကြည့်တဲ့အခါမှာ ဒီဓာတ်ပုံထဲမှာပါတဲ့ […]

Continue Reading

လူနာအမှတ် ၁၆ ဆုံးပြီးဆိုတဲ့ သတင်းမှား

မြန်မာနိုင်ငံမှာကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်လူနာတွေ့ပြီလို့ကြေညာခဲ့ပြီး နောက်တစ်နေ့မှာ တီးတိန်ကလူနာသေပြီဆိုပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့သလိုပဲ လူနာအမှတ် ၅ နဲ့ပတ်သက်ပြီးတော့လည်း လူနာနာမကျန်းဖြစ်စဉ်မှာ သေဆုံးပြီဆိုတဲ့ သတင်းတွေဖြစ်ပေါ်ခဲ့ပါတယ်။ အခုတဖန်လည်း “Aung Naing Htwe” အမည်နဲ့အကောင့်က “ဒူဘိုင်းက ပြန်လာခဲ့သော သားကို ကြိုဆိုခဲ့သော အမှတ်(၁၆) လူနာဖြစ်ခဲ့သူ အန်တီကြီး… ဆုံးပါးရှာပြီလို့ သိရပါတယ်”လို့ မျှဝေထားတာတွေ့ရပါတယ်။ ဒီပို့စ်ကို ပြီးခဲ့တဲ့ ၁၆ နာရီအတွင်းမှာ လူ ၂ ထောင်နီးပါးက ပြန်လည်မျှဝေထားတာလည်းတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် “Aung Naing Htwe” အမည်နဲ့အကောင့်က ဒီပို့စ်တင်ပြီးနာရီပိုင်းအတွင်းမှာပဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက covid-19 နောက်ဆုံးအခြေအနေ နေ့စဉ်သတင်းထုတ်ပြန်ကို သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဧပြီ ၅ ရက်နေ့မှာ […]

Continue Reading

(၁၄) ကြိမ်မြောက် ထီ သိန်းတစ်သောင်းခွဲ ကံထူးရှင်ကိုလွဲမှားဖော်ပြနေ

လစဉ်လဆန်း ၁ ရက်မှာ ထီဖွင့်တိုင်း အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ် သိန်း ၁၅၀၀၀ ဆုကို ဘယ်တိုင်း ဒေသကြီးကပေါက်သလဲ၊ ဘယ်သူပေါက်သလဲဆိုတာဟာ စိတ်ဝင်စားစရာခေါင်းစဉ်တစ်ခုပါ။ ဒီလိုအခြေအနေမှာ “(၁၄) ကြိမ်မြောက် ထီ သိန်းတစ်သောင်း ခွဲ ကံထူးရှင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်မှ မလဲ့လဲ့မိုး သိန်း ၁၅၀၀၀ ဆု (ဗ ၄၉၄၅၇၈) ဖြင့် ထိုက်တန်စွာ ဆွတ်ခူးပေးလိုက်ပါပြီ… ထပ်တူ ဝမ်းသာမိပါသည်။ Credit… Linn Latt Thway”ဆိုပြီး ပုံစံတူပို့စ်တွေ လူမှုကွန်ယက်စာမျက်နှာအမြောက်အများက ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဒီကနေ့ ဧပြီ(၁)ရက်နေ့မှာ ထွက်ရှိတဲ့ (၁၄)ကြိမ်မြောက် အောင်ဘာလေထီဆုကြီးရဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို […]

Continue Reading