Fact Check: အစည်းအဝေးလာတက်တဲ့ NLD နာယက ဦးဝင်းထိန် အစည်းအဝေးတက်ခွင့်မရဘဲ ပြန်လှည့်ခဲ့ရတယ်လို့ သတင်းမှားဖြန့်ဝေ
ဗဟိုအလုပ်အမှူဆောင်အစည်းအဝေးကို သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကြီးကို ရုံးအဖွဲ့က ဖိတ်ကြားခဲ့ပေမဲ့ ဒုတိယဉက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်က အစည်းအဝေးမတက်ဖို့ ပြောလွှတ်တယ်ဆိုပြီးတော့ လူမှုကွန်ယက်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေထားပါတယ်။ ဒီဇင်ဘာ ၁၂ရက်နေ့က နေပြည်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့တဲ့ NLD ဗဟိုအလုပ် အမှုဆောင်အစည်းဝေးကို NLD နာယက ဦးဝင်းထိန်ကို အစည်းအဝေးတက်ဖို့ ဖိတ်ခဲ့ပေမဲ့ တကယ်တမ်းသွား ချိန်မှာတော့ ဒုတိယဉက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်က အစည်းအဝေး မတက်ဖို့ ပြောလွှတ်တယ်ဆိုပြီးတော့ မျှဝေနေတာဖြစ်ပါတယ်။ တကယ်တော့ ဒီလိုမျှဝေနေတဲ့ အချက်ဟာ သတင်းတု သတင်းမှားဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲမှားစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ အလားတူ ရေးသားမျှဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “NLD – CEC […]
Continue Reading
