Fact Check: ICJ တရားရုံးကကာကွယ်ရေးဦးစီးချုပ်ကို နာမည်တပ်ဆင့်ခေါ် ထားတယ်ဆိုတာ မဟုတ်ပါ
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အမည်တပ်ဆင့်ခေါ်ထားပြီး ကာကွယ် ရေးဦးစီးချုပ်အနေနဲ့ သွားရောက်ဖြေရှင်းမှာမဟုတ်ဘူးလို့ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းဝန်းကျင်ကပြန်လည်မျှဝေထားပါတယ်။ ICJ က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမည်တပ်ဆင့်ခေါ်ထားပြီး မြန်မာနိုင်ငံ အနေနဲ့ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့အတွက် သွားရောက်ဖြေရှင်းမှာမဟုတ်ဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်တွေကို ပြောတယ်ဆိုပြီးတော့ ရေးသား မျှဝေနေတာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကိုအောက်ပါအတိုင်းတွေ့ ရ ပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း အလားတူ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ “မြန်မာ့တပ်မတော်ဆိုတာဒါမျိူးကိုခေါ်တာ ပေါက်တယ်နော်ခွေးနီပိန်းလေးများ ရှင်း တယ် နော် ICJ ကိစ္စ တပ်မတော်ကာချုပ်အမည် BY NAME တပ် ဆင့်ခေါ်သည်မှန်သော်လည်း မြန်မာပြည်သည် ICC „ ICJ အဖွဲ့သို့မဝင်ထားသဖြင့် သွားရောက်ဖြေရှင်းမည် မဟုတ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ […]
Continue Reading