သေနတ်ကျည်ထံမှန်လို့ ခြေထောက်ဖြတ်လိုက်ရတဲ့သူတစ်ဉီးကို AA အမျိုးသမီးစစ်သည် အဖြစ် လှည့်စားထားတဲ့ သတင်း

အသက်ငယ်ပိုင်းနဲ့ ခြေတစ်ဖက်ပြက်နေတဲ့အမျိုးသမီးခုတင်ပေါ်ထိုင်နေတဲ့ပုံတစ်ခုကို “AA အဖွဲ့၏ မထောက်ပံ့မှု ကြောင့် ခြေတစ်ဖက်တည်းဖြင့် မိသားစုဝမ်းရေး ဖြေရှင်းရတော့မည့် AA အမျိုးသမီးစစ်သည် မမိုးမိုးနွယ်”ဆိုပြီးတော့ ခေါင်းစဉ်တပ်ပြီး “Emerald Zin”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။  မမိုးမိုးနွယ်ရဲ့ မိဘအမည်နဲ့မျိုးရိုးနဲ့ နေရပ်လိပ်စာတွေကိုလည်းဖော်ပြထားပြီး အသက် (၁၆)နှစ်အရွယ်မှာ AA အမာခံများရဲ့စည်းရုံးမှုကြောင့် AA စစ်သင်တန်းကျောင်းမှာ စစ်သင်တန်းတက်ကာ စစ်တိုက်ရန် ပြန်လည် စေလွတ်ခြင်းခံခဲ့ရတယ်လို့လည်းရေးသားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပါတဲ့ ပထမဆုံးပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါ တယ်။  ဇူလိုင် ၁၂ ရက်က bnionline ကဖော်ပြခဲ့တဲ့ “ခြေတစ်ဖက်တည်းဖြင့် မိသားစုဝမ်းရေး ဖြေရှင်းရတော့မည့် မမိုးမိုးနွယ်”ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဒီပုံကို သုံးစွဲဖော်ပြထားပါတယ်။အသက် ၁၇ နှစ်အရွယ် […]

Continue Reading

ကိုရိုနာကပ်ရောဂါနဲ့ပတ်သက်ပြီး မိုင်းဖုန်းဆရာတော်ကြီးမိန့်ကြားတယ်ဆိုတဲ့ သတင်းတု

“ရှေ့ဆက်ဖြစ်လာမယ့် ကိုရိုနာ ကပ်ရောဂါအကြောင်း မိန့်ကြားလိုက်တဲ့မိုင်းဖုန်းဆရာတော်”ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီခေါင်းစဉ်နဲ့မျှဝေထားတဲ့သတင်းမှာ “ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ လူဉီးရေ သန်း ၁၀၀ အထိကူးစက်ခံရမယ်၊ ၂၀၂၀ နဲ့ ၂၀၂၁. ခုနှစ်တွေဟာအဆိုးရွားဆုံးနှစ်တွေဖြစ်မယ်၊ စီးပွားပျက်ကပ်တွေလည်းဖြစ်မယ်၊၂၀၂၂ မှ အကောင်း ဘက်ပြန်ရောက်မယ်၊ ဘင်္ဂလားဒေရှ့်တစ်နိူင်ငံလုံးနီးပါး ကူးစက်မှုဖြစ်ပြီး သေဆုံးမှု့အများဆုံးဖြစ်ကာ အလောင်း များတောင်လိုပုံမယ်၊ ဘူတန်နိုင်ငံက ကပ်ရောဂါသိပ်မခံစားရဘူး၊  ကပ်ရောဂါဟာ တရုတ်မှာစပြီး တရုတ်မှာ အကြီးအကျယ်ပြန့် အဆုံးသတ်သွားမယ်၊ မြန်မာပြည်မှာတော့ ဘုရား တရား မြဲတဲ့ ဒေသတွေဟာ ကပ်ရောဂါမ ှကင်းဝေးမယ်၊ ကပ်ရောဂါဖြစ်နေတဲ့ဒေသမှာ အကောင်းဆုံး ကာကွယ်ဆေးက ဘုရား တရား သံဃာကို နေ့တိုင်းရှိခိုး ရွတ်ဆိုနေခြင်းပဲ”စသည်ဖြင့် ရေးသားထားပါတယ်။ Fb link Archive link ဒီသတင်းကို […]

Continue Reading

သရုပ်ဆောင်စမိုင်းရဲ့မွေးနေ့ကံစမ်းမဲစာရင်းမှာပါဖို့ ဖေ့စ်ဘွတ်အုပ်စု ၅ ခုမှာ ပို့စ်ကို မျှဝေစရာ မလိုပါ

သရုပ်ဆောင် စမိုင်းက မွေးနေ့မှာ အွန်လိုင်းကနေပြီး ငွေကျပ်(၃၆)သိန်းဖိုး ကံစမ်းမဲဖောက်ပေးမှာဖြစ်လို့ ဂရု ၅ ခုရှဲပြီး ဖုန်းနံပါတ်ရေးခဲ့ပါဆိုတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့နေ တာတွေ့ရပါတယ်။  “May Yati”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “မွေးနေ့မှာ အွန်လိုင်းကနေပြီး ငွေကျပ်(၃၆)သိန်းဖိုး ကံစမ်းမဲ ဖောက်ပေးမယ်ဆိုတဲ့ စမိုင်း ဂရု၅ခုရှဲပြီး ဖုန်းနံပါတ်ရေးခဲ့ပါ”စသည်ဖြင့်ရေးသားပြီး “ဖုန်းဖြင့် ငွေလက်ခံမည့် သူများစာရင်း”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားပါတယ်။  Fb link Archive link သရုပ်ဆောင်စမိုင်းဟာ သူမမွေးနေ့ပါတီမှာ အွန်လိုင်းကနေပြီးတော့ မဲဖောက်ပေးမယ့်အစီအစဉ်ရှိ တာတွေ့ ရပါတယ်။ သို့သော်လည်း အခုလို့ ပို့စ်ကို ဖေ့စ်ဘွတ်အုပ်စု ၅ ခုမှာ မျှဝေခိုင်းပြီး ဖုန်းနံပါတ်ရေးခိုင်းသလားကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် သရုပ်ဆောင်စမိုင်းရဲ့ တရားဝင်စာမျက်နှာဖြစ်တဲ့ “စမိုင္းလ္ Smile”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ […]

Continue Reading

ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားများ ကိုယ်ဝန်ဆောင်နိုင်ရန် စမ်းသပ်မှုအောင်မြင်ဆိုတဲ့ သတင်းတု

ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားများ ကိုယ်ဝန်ဆောင် နိုင်ရန် စမ်းသပ်မှု အောင်မြင်တယ်ဆိုပြီး အမျိုးသားတစ်ဦး သာမန်ထက်ဗိုက်ဖောင်းနေတဲ့ ပုံနဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ “မြန်မာနိုင်ငံရန်ကုန်မြို့ရှိ ကုတင် ၁၀၀၀ အထူးကုဆေးရုံကြီးတွင် ဇွန်လ ၁ရက်နေ့က အမျိုးသားများကိုယ်ဝန် ဆောင် ခြင်းကို စမ်းသပ်ခဲ့ရာ အောင်မြင်မှုရှိခဲ့သည်ဟု ဒေါက်တာဦးကိုကိုဝင်းမှ ပြာကြားသွားသည်”ဆိုပြီးတော့ အောက်ပါအတိုင်း မျှဝေထားတဲ့ ပို့စ်မှာရေးသားထားတာတွေ့ရပါတယ်။ Fb link Archive link ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားတွေ ကိုယ်ဝန်ဆောင်ဖို့ စမ်းသပ်မှုရှိခဲ့သလား။ ဓာတ်ပုံထဲက ဗိုက်ပူနေတဲ့သူတွေ က ကိုယ်ဝန်ဆောင်ထားတာလား။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း အမျိုးသားတွေ ကိုယ်ဝန်ဆောင်ဖို့ စမ်းသပ်မှု အောင်မြင်တယ်ဆိုတဲ့ ပို့စ်မျိုးမတွေ့ရှိရပါဘူး။ မြန်မာနိုင်ငံက အထင်ကရ သတင်းမီဒီယာကြီးတွေမှာ ဒီလိုသတင်းမျိုးတစ်စုံတစ်ရာဖော်ပြထားတာ မတွေ့ရှိ ပါဘူး။ […]

Continue Reading

မြန်မာနိုင်ငံမှာ ဗုဒ္ဓခြေတော်ရာအဖြစ်မျှဝေနေတဲ့ ဟာနုမာန်ခြေရာ

ဗုဒ္ဓရဲ့ ခြေရာတော် အစစ်ဆိုပြီးတော့ ခြေတော်ရာကြီးတစ်ခုကို လူတွေက ထိုင်ကန်တော့နေဟန် ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ “ဗုဒ္ဓရဲ့ ခြေရာတော် အစစ်ပလိုရာ ဆုတောင်းပြီး ရှဲပါ ကိုယ်တွေ့ပါသူများတွေလဲ ဖူးရအောင် ရှဲပေးကြနော်ဗုဒ္ဓရဲ့ ခြေရာတော် အစစ်ပါလိုရာ ဆုတောင်းပြီး ရှဲပါ ကိုယ်တွေ့ပါသူများတွေလဲ ဖူးရအောင် ရှဲပေးကြနော်”ဆိုပြီးတော့ mmrepublic.com ကရေးသားထားတဲ့ ပို့စ်ကို ပြန်လည်မျှဝေနေကြတာဖြစ်ပါတယ်။ Link Archive link ဗုဒ္ဓခြေတော်ရာတွေထဲမှာ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်မှာရှိတဲ့ ရွှေစက်တော်ဟာ နာမည်ကြီးပါတယ်။ တကယ်ပဲ ဒီခြေတော်ရာဟာ ဗုဒ္ဓခြေတော်ရာလားဆိုတာ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Goolge မှာ မျှဝေထားတဲ့ပုံကို ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၁၃ ခုနှစ်လောက်ကတည်း အင်တာနက်မှာ ဒီပုံဟာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေအရ ဒီခြေတော်ရာဟာ ဗုဒ္ဓခြေတော်ရာထက် ထိုင်းနိုင်ငံက […]

Continue Reading

ထီပေါက်လို့ လှူချင်လို့ပါဆိုပြီး ဖေ့စ်ဘွတ်သုံးစွဲသူတွေကို ညာနေတဲ့ ဖေ့စ်ဘွတ်အုပ်စု

“Sein Lwin”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “ဂရု Join ထားနော် ရတဲ့သူတွေရကုန်ပီး… မရသေးသူများ ဖုန်းနံပတ်ရေးခဲ့ပါ ဂရု မJoin ထားရင် မရပါဘူးစာအမဲလေးကိုနှိပ်ပြီး Join Group ကိုနှိပ်ဖုန်းနံပါတ်ရေးခဲ့ပါ ခုနေငွေဆက်တိုက်လွှဲပေးနေပါတယ်”စသည်ဖြင့်ရေးသားပြီး “ထီပေါက်ပြီဟေ့ ဂရုအပ်ထား လှူချင်လို့”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုကို လူတွေက ပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။  Fb link Archive link ဒီပို့စ်မှာ မျှဝေထားတဲ့ လင့်ခ်နှစ်ခုကို နှိပ်လိုက်တဲ့အခါမှာ ““ထီပေါက်ပြီဟေ့ ဂရုအပ်ထား လှူချင်လို့”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုနဲ့ အခြားဖေ့စ်ဘွတ်အုပ်စုဖြစ်တဲ့ “ဖုန်းဖြင့် ငွေလက်ခံမည့် သူများစာရင်း”ဆိုတဲ့ ဖေ့စ်ဘွတ်အုပ်စုကိုရောက်သွားပါတယ်။ Fb link Fb link အချက်အလက်စိစစ်ချက် ဒီလို ပိုက်ဆံလွှဲပေးမယ်လို့ ပျံ့နှံ့နေတဲ့ ပို့စ်အောက်မှာ ဖုန်းနံပါတ်တွေကို ဖေ့စ်ဘွတ်သုံးစွဲသူတွေ ချန်ထားခဲ့ တာတွေ့ရပါတယ်။ အဲဒီဖုန်းနံပါတ်တွေထဲက […]

Continue Reading

မေ ၁၆ ရက် သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ မှတ်ပုံတင်ရှိတဲ့သူတိုင်း ကျပ် ၄၀၀၀၀ ထောက်ပံ့မယ်လို့ ပြောကြားခဲ့ခြင်းမရှိပါ

“မှတ်ပုံတင်ရှိတဲ့ မြန်မာနိုင်ငံသားတိုင်းကို ၄၀၀၀၀ကျပ်ပေးအပ်မည်”ဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ယက် သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ဒီခေါင်းစဉ်နဲ့ ဖော်ပြခဲ့တဲ့ naythimyanmar.com နဲ့ lugyinnews.com ကသတင်းဖော်ပြချက် အပြည့်အစုံမှာ အော်ပါအတိုင်းဖြစ်ပါတယ်။ “အခြေခံလူတန်းစားများအတွက် အစိုးရ၏ ဒုတိယအကြိမ် ထောက်ပံ့မည့်အစီအစဉ်ကို လာမည့် သီတင်းပတ်သုံး ပတ်ခန့်အတွင်း ပေးအပ်ရန် စီစဉ်နေကြောင်းနိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြား လိုက်ပါတယ်။ယခုအကြောင်းကိုတော့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲကို မေလ ၁၆ ရက် တွင် အွန် လိုင်းမှ တစ်ဆင့်ပြုလုပ်ချိန်က ဒီအစီအစဉ်ကိုကြေညာခြင်းဖြစ်ပြီးပထမအကြိမ်ကဲ့သို့ အခြေခံလူတန်းစား များကို စားသောက်ကုန် ငါးမျိုး ပေးအပ်မည်မဟုတ်ဘဲ ငွေသားကျပ်ငွေ ပေးအပ်မည်ဟုဆိုပါတယ်။ ဒီလိုငွေကြေး ထောက်ပံ့တဲ့အခါမှာလည်း Online Payment (အွန်လိုင်းငွေပေးချေခြင်း) နဲ့။ ဥပမာအားဖြင့် Wave Money တို့၊ KBZ […]

Continue Reading

အကယ်ဒမီဆုပေးပွဲအထိမ်းအမှတ်အဖြစ် Facebook နဲ့ B.N.O Fashion က ဖုန်းဘေ လ် ၁၀၀၀ ကျပ်စီပေးမယ်ဆိုတဲ့ သတင်းတု

အကယ်ဒမီဆုပေးပွဲအထိမ်းအမှတ်အဖြစ် Facebook နဲ့ B.N.O Fashion က ဖုန်းဘေလ် ၁၀၀၀ ကျပ်စီပေး မယ်ဆိုတဲ့ မက်ဆေ့စာသားတစ်ခု Facebook Messenger အသုံးပြုသူတွေအကြားမှာ ပျံ့နှံလျက်ရှိ တာတွေ့ရပါတယ်။  Fact Crescendo Myanmar ရဲ့ Viber ဖုန်းနံပါတ်ကို မျှဝေလာတဲ့ screenshot စာသားအပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အချက်အလက်စိစစ်ချက် B.N.O Fashion ဖေ့စ်ဘွတ်စာမျက်နှာက ဒီလိုပျံ့နှံ့နေတဲ့ စာသားမက်ဆေ့နဲ့ ပတ်သက်ပြီး တာဝန်မယူအကြောင်း နဲ့ သူတို့နဲ့ သက်ဆိုင်ခြင်းမရှိတဲ့ တစ်စုံတစ်ယောက်က တိုက်ခိုက်လိုတဲ့အတွက် ရေးသားထားတဲ့ လိမ်ညာ မှုတစ် ခုဖြစ်ကြောင်း ရှင်းလင်းထားပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကလည်း သူတို့နဲ့မသက်ဆိုင်ကြောင်း ငြင်းဆို ထားတဲ့ screeshot တစ်ခုပါ ပူးတွဲတင်ခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။  […]

Continue Reading

Facebook သုံးတဲ့သူတွေ ပိုက်ဆံပေးရတော့မယ်ဆိုတဲ့ သတင်းမှား

Facebook သုံးတဲ့သူတွေဟာ ပိုက်ဆံပေးရတော့မယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံလျက်ရှိတာတွေ့ရပါတယ်။ “အရင်က Facebook အကောင့်တခု ဖွင့်ဖို့ ဆိုတာ အင်မတန်မှ လွယ်လှပါတယ်။သင့်မှာ email တခုသို့မဟုတ် ဖုန်းနံပါတ်တခု ရှိတာနဲ့ fb Acc ရပါပြီ။ခုတော့ဖြင့် မတ်က လွယ်လွယ်နဲ့ အကောင့်တခု မပေးတော့ပါဘူး။ နိုင်ငံငွေကြေးအရ လေးဒေါ်လာဝန်းကျင်ကောက်ခံပါတယ်။ အဲ့သလို မြန်မာငွေ ငါးထောင်ကျော်သွင်းလိုက်မှ acc ရပါတော့မယ်”ဆိုပြီးတော့ “Linn Khant Paing”အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက မေ ၂၄ ရက်ကမျှဝေထား တာတွေ့ရပါတယ်။ ထပ်ပြီးတော့ post တခု စာသားသက်သက်ဆို မြန်မာငွေ ၁၀၀၀ ကျပ် ဝန်းကျင် ကျသင့်မှာဖြစ်ပြီး ပုံတင်ရင်တော့ ၂၀၀၀ ကျပ်ကျသင့်မှာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။  ပို့စ်အောက်က မှတ်ချက်တွေကို ကြည့်ရင် […]

Continue Reading