Fact Check: နေပြည်တော်ကို ဒရုန်းနဲ့တိုက်ခိုက်ခံရအပြီး ဖြန့်ဝေလာတဲ့ချဲ့ကားထားတဲ့ သတင်းတွေဖြစ်တယ်

ဧပြီ ၄ ရက်မနက်ပိုင်းက နေပြည်တော်ကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းတွေအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်အပြီးမှာ ဒီသတင်းရဲ့ နောက်ဆက်တွဲ ချဲ့ကားထားတဲ့ သတင်းတွေနဲ့ သတင်းမှားတွေ ယူကျူ့မှာ ဆက်တိုက်ပျံ့နှံ့လာခဲ့တာတွေ့ရပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို နောက်ထပ်ယူကျု့ချန်နယ်တခုက ထပ်မံ ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ “နေပြည်တော် အေလာလေဆိပ်နဲ့စစ်ရုံးချုပ် ဗုံးကြဲမှု  ရုရှားထုတ်တိုက်လေယာဉ် (၁၃)စီးပျက်ဆီးပြီး ဒုတပ်ချုပ်စိုးဝင်းနဲ့အရာရှိ (၂၂)ဦးပွဲချင်းပြီးသေ ” မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ် ပြောဆိုချက်တခုမှာတော့ နေပြည်တော်ကို ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် အကြောက်လွန်ကာ စစ်ခေါင်းဆောင်တွေက လူငယ်တွေအားလုံးကို ပြန်လွှတ်ပေးလိုက်ပြီး စစ်မှုထမ်းဥပဒေကိုလည်း ဖျက်သိမ်း လိုက်တယ်လို့ ဆိုထားပါတယ်။ […]

Continue Reading

Fact Check: တရုတ်ကြားဝင်မှုနဲ့ ဧပြီ ၅ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မယ် ဆိုတဲ့ သတင်းတု

တရုတ်ကြားဝင်မှုနဲ့ ဧပြီ ၅ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၂ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၉၀၀၀၀ ကျော်ရရှိထား တယ်။ အလားတူတဲ့ ဗွီဒီယိုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “တရုတ်ဝန်ကြီးရဲ့ ကြားဝင်မှုအောင်မြင်  (၅)ရက်နေ့ ‌ဒေါ်အောင်ဆန်းစုကြည်လွတ်ဖို့အတည်ပြု မင်းအောင်လှိုင် ကိုယ်တိုင်လည်းပြောထားပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲတပ်ပြီး သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ရေးသားဖြန့်ဝေလေ့ရှိပါတယ်။ […]

Continue Reading

Fact Check: NUG သမ္မတနဲ့ ဝန်ကြီးတွေအာဆီယံအစည်းအဝေးတက်မယ့် သတင်း ခေါင်းစဉ်တု

NUG သမ္မတနဲ့ ဝန်ကြီးတွေအာဆီယံအစည်းအဝေးတက်မယ့်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၁ သိန်းကျော်ရှိ ထားတယ်။ “ဧပြီလ (၁)ရက်နေ့ NUG ကိုအစိုးရဖြစ်ပြီတဲ့ဗျို့  NUG သမ္မတနဲ့ဝန်ကြီးတွေအခမ်းနားတက်ဖို့ရောက်နေပြီ  စစ်အုပ်စုပြုတ်ပြီ၊ တကမ္ဘာလုံးမှ NUG ကိုထောက်ခံ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “MS Story”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေ နိုင်တဲ့သတင်း ခေါင်းစဉ်လွဲတပ်ပြီး […]

Continue Reading

Fact Check: တရုတ်မှာ NUG ရုံးခန်းဖွင့်ခွင့်ရတဲ့ သတင်းတု

NUG အစိုးရဟာ တရုတ်နိုင်ငံမှာ ရုံးခန်းဖွင့်လှစ်ခွင့်ရပြီး တရုတ်သမ္မတကလည်း တရားဝင်အစိုးရအဖြစ် ကြေညာလိုက်ပြီးလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၂၂ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၄၀၀၀၀ ကျော်ရရှိ ထားတယ်။ အလားတူတဲ့ ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “တစ်နိုင်ငံလုံး ထခုန်နေကြပြီ  အောင်ပြီ  NUGကို အစိုးရဟု တရုတ်သမ္မတကြေငြာ  တရုတ်နိုင်ငံမှာ NUGရုံးခန်း ဖွင့်ခွင့်ရပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Naypudaw Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: တပတ်အတွင်း အာဏာလွှဲမပေးရင် သိမ်းပိုက်မယ်လို့ လက်နက်ကိုင် တပ်ပေါင်းစု ရာဇသံပေးတဲ့ သတင်းခေါင်းစဉ်တု

တပတ်အတွင်း အာဏာလွှဲမပေးရင် သိမ်းပိုက်မယ်လို့ စစ်ခေါင်းဆောင်ကို လက်နက်ကိုင် တပ်ပေါင်းစု ရာဇသံပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၁၁ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၃၀၀၀၀ ကျော်ရရှိ ထားတယ်။ “သမိုင်းမှာ အပြင်းဆုံးထိုးစစ် ၁ ပတ်အတွင်း အာဏာမလွှဲဲရင် အကုန် သိမ်းဖို့ လက်နက်ကိုင် အားလုံးပူးပေါင်း ကြေငြာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေ […]

Continue Reading

Fact Check: NUG ကို တရားဝင်အစိုးရအဖြစ် ထိုင်းလွှတ်တော်အတည်ပြုဆိုတဲ့ သတင်းတု

NUG ကို တရားဝင်အစိုးရအဖြစ် ထိုင်းလွှတ်တော်အတည်ပြုလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၈ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၄ သိန်းကျော်ရရှိ ထားတယ်။ “ထိုင်ပါလီမန် ကြေညာချက်ထုတ်ပြန်ပြီ NUG ကိုတရားဝင်အသိမှတ်ပြုဖို့ ထိုင်းပါလီမန်အတည်ပြု” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လူမှုကွန်ယက်အသုံးပြုသူတွေရေးသားခဲ့တဲ့ အကြောင်းအ ရာတွေနဲ့ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေ နိုင်တဲ့ […]

Continue Reading

Fact Check: နေပြည်တော် ကောင်စီရုံးကို KNU နဲ့ AA ဝင်စီးတဲ့ သတင်းတု

မတ် ၄ ရက်က နေပြည်တော် ကောင်စီရုံးကို KNU နဲ့ AA ဝင်စီးလို့ ရာနဲ့ချီသေဆုံးတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၄ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်အထိရှိထား တယ်။ “ခုည နေပြည်တော် ကောင်စီရုံးကို KNU နဲ့ AA ဝင်စီးနေပြီး အသေအပျောက် ရာနဲ့ချီ ရှိ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Aung VLOG”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ တကယ်တော့ လူစိတ်ဝင်စားမှုများပြားနိုင်တဲ့ အကြောင်းအရာတွေ […]

Continue Reading

Fact Check: နေပြည်‌တော် ၆ လုံးတန်း အိမ်ရာ ဒုံးကျည်တွေနဲ့ အပစ်ခံရဆိုတဲ့ သတင်းတု

နေပြည်တော် စစ်ဗိုလ်ချုပ်တွေနေတဲ့ ၆ လုံးတန်း အိမ်ယာ ဒုံးကျည် ဆယ်ချီပစ်ခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၃ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း၄ သိန်းကျော်ရရှိ ထားတယ်။ “နေပြည်တော် စစ်ဗိုလ်ချုပ်တွေနေတဲ့ ၆ လုံးတန်း အိမ်ယာ ဒုံးကျည် ဆယ်ချီပစ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Aung VLOG”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ တကယ်တော့ လူစိတ်ဝင်စားမှုများပြားနိုင်တဲ့ အကြောင်းအရာတွေ ကို လုပ်ကြံရေးသားဖြန့်ဝေနေတာတွေ့ရပါတယ်။ နေပြည်တော်မှာ အရင် စစ်အာဏာရှင်ဟောင်းထိပ်တန်း ဗိုလ်ချုပ် ၆ […]

Continue Reading

Fact Check: စစ်သုံပန်း ၄၀၀၀ ဆေးကုသဆောင် လေယာဉ်နဲ့ ဗုံးကြဲခံရလို့ အစုလိုက် အပြုံလိုက် သေဆုံးတဲ့ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်တု

စစ်သုံပန်း ၄၀၀၀ ကျော် ဆေးကုသဆောင် လေယာဉ်နဲ့ ဗုံးကြဲခံရလို့ စစ်သုံပန်းတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခုယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁၄၀၀၀ ကျော်ရရှိ ထားတယ်။ “စောက်ပု ယုတ်မာပြီဟေ့ စစ်သုံ့ပန်း(၄၀၀၀)‌ဆေးကုသဆောင် လေယာဉ်နဲ့ဗုံးကျဲချပြီ စစ်သုံပန်းများ အစုလိုက်အပြုံလိုက်သေကုန်ပြီဟေ့”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်း ဗွီဒီယိုတွေပါသတင်းဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “မင်းပြားမြို့ မင်းဖူးဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှု စစ်တပ်၏ ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေဟု စစ်သုံ့ပန်း ခလရ ၂၉၉  […]

Continue Reading

Fact Check: KNU နဲ့ဆက်သွယ်လို့ အနုပညာရှင်တွေ အဖမ်းခံရဆိုတဲ့ သတင်းတု

ကရင်အမျိုးသားအစည်းအရုံး(KNU)ထဲ ဝင်ဖို့လုပ်တဲ့အတွက် အနုပညာရှင်တွေ အဖမ်းခံရတယ်လို့ဆိုထားတဲ့ သတင်းမှားဗွီဒီယိုတွေ ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၆ ရက်ကစတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှူ့မှုပေါင်း ၆၀၀၀၀ကျော်ရရှိ ထားတယ်။ “KNU ထဲသွားမယ့် မြင့်မြတ် အဖမ်းခံရပြီ” မူရင်းလင်ခ့် – Youtube link | Archive link ဒီအပြင် သရုပ်ဆောင်နေတိုး၊ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်တို့လည်း KNU ထဲသွားဖို့ ပြင်နေစဉ်အဖမ်းခံရတယ် ဆိုပြီးတော့ ရေးသားမျှဝေထားပါသေးတယ်။ ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖော်ပြထားတဲ့ Channel P အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အနုပညာရှင်တွေနဲ့ ပတ်သတ်တဲ့ အကြောင်း […]

Continue Reading