Fact Check: ဆော်ဒီခရီးစဉ်မှာ ဇန်လန်းစကီး ဒူးထောက်ခဲ့တဲ့ ဗွီဒီယိုဟာ AI အသုံးပြုဖန်တီးထားခြင်းဖြစ်တယ်

ဆော်ဒီအာရေးဗီးယားနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်မှာ လေဆိပ်မှာလာကြိုတဲ့ ဆော်ဒီတာဝန်ရှိသူတွေကို ယူကရိန်း သမ္မတ ဇန်လန်းစကီးက လက်ဆွဲနှုတ်ဆက်ပြီးနောက် ဒူးထောက်လိုက်တဲ့ ဗွီဒီယိုတခု လူမှုကွန်ယက်မှာပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ နားလည်းမှုလွဲစေနိုင်တဲ့ ဗွီဒီယိုဖြစ်ပြီး ဗွီဒီယိုဟာ AI ဆော့ဖ်ဝဲတခုကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပါ မြင်ကွင်းနဲ့  ပြောဆိုချက် စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတဲ့ ပြောဆိုချက်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “ဒီလိုခေါင်းဆောင်မျိုးအောက်မှာနေရရင် ငတ်ပြီးသေရင်တောင် ကျေနပ်နေမှာ🥰 မိမိနိုင်ငံကိုရောင်းမစားဘူး” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် အဓိက ကျတဲ့ စကားလုံး တချို့ အသုံးပြုပြီး ရှာဖွေရာမှာ အခုပြောဆိုချက်တွေမှာ ပျံ့နှံ့နေသလို ယူကရိန်း သမ္မတရဲ့ […]

Continue Reading

Fact Check: ဇန်လန်းစကီးကို ယူကရိန်းပြည်သူတွေ ကြိုဆိုနေတဲ့ ဗွီဒီယိုလား – မဟုတ်ပါ

 သမ္မတ ဇန်လန်းစကီးကို ယူကရိန်းပြည်သူတွေက ကြိုဆိုနေပုံလို့ဆိုလိုပြီး ဗွီဒီယိုပို့စ်တခု မတ်လ ပထမပတ် အတွင်းက လူမှု ကွန်ယက်မှာပျံ့နှံ့မှုအားကောင်းခဲ့ တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ မှားယွင်းပြောဆိုမှု တခုဖြစ်တယ်။  တကယ်တော့ ကျဆုံးသွားတဲ့  ယူကရိန်းစစ်သားတယောက်ရဲ့ စျာပနအခမ်းအနား တခုက ဗွီဒီယိုဖြစ်တယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတ ဇန်လန်းစကီးကြား အိမ်ဖြူတော်မှာ အခြေအတင်ဖြစ်ပြီးနောက် ဒီဗွီဒီယိုဟာ သမ္မတဇန်လန်းစကီးကို ကြိုဆိုပုံအဖြစ် ပျံ့နှံ့လာခဲ့တာပါ။  အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပါ မြင်ကွင်းနဲ့  ပြောဆိုချက် စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတဲ့ ပြောဆိုချက်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “ယူကရိန်းသမ္မတအား ယူကရိန်းပြည်သူများ ဦးညွတ်ကြိုဆို” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းကို […]

Continue Reading

Fact Check: NUG ကို ဗုံးကြဲလေယာဉ် ထောက်ပံ့မယ်လို့ အမေရိကန်သမ္မတပြောတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မပေးရင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို ဗုံးကြဲလေယာဉ်တွေ ထောက်ပံ့ပေးမယ်လို့ အမေရိကန် သမ္မတ ထရမ့်က ပြောဆိုလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “အမေစုကို ပြန်မလွှတ်ပေးရင် NUG လိုအပ် တဲ့ ဗုံးကြဲလေယာဉ်ပါထောက်ပံ့ပေးတော့မယ် တဲ့ ညကဒေါ်နယ်ထရမ့်ပြောကြား” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်းမှာ သူ့ရဲ့ ပထမသက်တမ်းထဲမှာဖြစ်စေ အခု ဒုတိယအကြိမ် သမ္မတသက်တမ်းမှာ ဖြစ်စေ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံအကြောင်းပြောဆိုထားတာ တစုံတရာမရှိခဲ့ပါဘူး။ ယုံကြည်ရလောက်တဲ့ မီဒီယာတွေမှာဖော်ပြချက်မတွေ့ရပါဘူး။  အခုလို သတင်းမှားဖြန့်ဝေနေတဲ့ ဗွီဒီယိုထဲမှာတော့  ပြည်တွင်းအခြေစိုက် မီဒီယာလုပ်ငန်းတခုဖြစ်တဲ့ Eleven Broadcasting […]

Continue Reading

Fact Check: လော့စ်အိန်ဂျလိမြို့က တောမီးလောင်မှုမှာ ပြာပုံထဲကနေ အကောင်းတိုင်း ကျန်ရစ်ခဲ့တဲ့ အိမ်တလုံးလား

အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယာပြည်နယ် လော့စ်အိန်ဂျလိ(Los Angeles)မြို့က တောမီးလောင်မှုမှာ ပြာပုံထဲကနေ အကောင်းတိုင်း ကျန်ရစ်ခဲ့တဲ့ အိမ်တလုံးလို့ ဆိုပြီး ဓာတ်ပုံတပုံ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ AI အသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတွေသာဖြစ်တယ်။ ဒီလိုအဖြစ်အပျက် လော့စ်အိန်ဂျလိ မီးလောင်မှုမှာရှိခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံနဲ့ ပို့စ်ပါစာသားကောက် နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ ပြောဆိုချက်တွေနဲ့ ဒီဓာတ်ပုံကို ဖြန့်ဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “အတိတ်ကံကောင်းခဲ့လို့ ယခုကောင်းပါသည် ကံကံ၏အကျိုးပဲ အမေရိကားမှာ တစ်လုံးတည်း ကျန်ခဲ့တဲ့ အိမ်တဲ့” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံကို […]

Continue Reading

Fact Check: ဟောလိဝုဒ် ဆိုင်းဘုတ် မီးလောင်နေတဲ့ ပုံဟာ တကယ်လား-မဟုတ်ပါ

အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယာပြည်နယ် လောစ်အိန်ဂျလိ(Los Angeles)မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ပြီး  နေရာ ၆ ခုထက်မနည်းမှာ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေပြီး ဒီမြို့က ရုပ်ရှင်မင်းသားမင်းသမီးတွေ နေထိုင်ရာ နေရာတွေ၊ ရပ်ကွက်တွေမှာ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့ရပါတယ်။ ဒီလိုအခြေအအနေမှာ ကမ္ဘာကျော် ရုပ်ရှင်ရိုက်ကူးရေ စတူဒီယိုတွေတည်ရှိရာ ဟောလိဝု(Hollywood)ဆိုင်းဘုတ်အနီးမှာပါ မီးလောင်နေတဲ့ ဓာတ်ပုံတွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ AI အသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတွေသာဖြစ်ပြီး ဒီဆိုင်းဘုတ်တည်ရှိတဲ့ နေရာဟာ လက်ရှိအချိန်အထိ မီးလောင်ကျွမ်းတဲ့ အထဲမှာပါဝင်ခြင်းမရှိသေးပါဘူး။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ Hollywood ဆိုင်းဘုတ် မီးလောင်ကျွမ်းနေ တယ်ဆိုတဲ့ ဓာတ်ပုံနဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတဲ့ ပြောဆိုချက်တွေနဲ့ ဒီဓာတ်ပုံကို ဖြန့်ဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ […]

Continue Reading

Fact Check: Pan American လေယာဉ်အမှတ် ၉၁၄ ဟာ ၃၇ နှစ်ကြာပျောက်ဆုံးပြီ ပြန်ပေါ်လာခဲ့တယ်ဆိုတာ တကယ်လား-မဟုတ်ပါ

Pan American လေကြောင်းလိုင်းက လေယာဉ်အမှတ် ၉၁၄ ဟာ ၃၇ နှစ်ကြာပျောက်ဆုံးပြီနောက် ပြန်ပေါ် လာခဲ့တယ်ဆိုပြီး ဖြန့်ချိနေတဲ့ ဗွီဒီယိုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ တကယ်တော့ သတင်းတုတခုသာဖြစ်တယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှု‌ပေါင်း ၇၀၀၀၀ ကျော်နဲ့ ပြန်လည်မျှဝေမှုပေါင်း ၁၀၀၀ ဝန်းကျင်ရရှိ ထားပြီးဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဒီဗွီဒီယို စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ အောက်ပါအတိုင်းဖြစ်တယ်။   “နှစ်ပေါင်း(၃၇)နှစ်ကြာမှ ပြန်လည် ဆင်းသက်လာခဲ့တဲ့ အမေရိကန်လေယာဉ်” မူရင်းလင်ခ့် – Facebook link | Archive link အချက်အလက်စိစစ်ချက် အမေရိကန် ပုံနှိပ်အခြေစိုက် အဝါရောင်သတင်းစာ ဖြစ်တဲ့ Weekly World News […]

Continue Reading

Fact Check: ရူပဗေဒကို အန်တုမယ့် UFO တိုက်လေယာဉ် အီလွန်မက် ထုတ်လုပ်လိုက်ပြီလား-မဟုတ်ပါ

ရူပဗေဒကို အံတုနိုင်တဲ့ UFO တိုက်လေယာဉ်ကို SpaceX နဲ့ Telsa တို့ရဲ့ နောက်ကွယ်က သူဌေးကြီး အီလွန်မက် (Elon Musk)က ထုတ်လုပ်လိုက်ပြီလို့ ဆိုထားတဲ့ ပို့စ် ဖေ့စ်ဘွတ်မှာ  ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ တကယ်တော့  သတင်းမှားတခုဖြစ်တာတွေ့ရတယ်။  ဒီဇင်ဘာ ၁၇ ရက်က ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့နဲ့ ပို့စ်စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ “Elon Musk သည် ရူပဗေဒကို အံတုနိုင်သော UFO တိုက်လေယာဉ်ကို ထုတ်ဖော်ပြသခဲ့သည်။ SpaceX နှင့် Tesla တို့၏နောက်ကွယ်မှ ဘီလီယံနာသူဌေးကြီး Elon Musk သည် ယနေ့ အံ့မခန်းသော ထုတ်ဖော်ပြသမှုတစ်ခုတွင် “သမားရိုးကျ ရူပဗေဒကို အံတုနိုင်သော ပထမဆုံး UFO တိုက်လေယာဉ်” […]

Continue Reading

Fact Check: အမေရိကန်၊ဗြိတိန်အပါအဝင် ၁၀ နိုင်ငံက တရုတ်နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပိတ်မယ်လို့ ကြေညာခဲ့သလား- မဟုတ်ပါ

၂၀၂၅ ခုနှစ် ဇန္နဝါရီလ ၁ရက်ကစပြီး တရုတ်နိုင်ငံသားတွေကို အမေရိကန်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံ ၁၀ နိုင်ငံက ပြည်ဝင်ခွင့် ဗီဇာ ပိတ်လိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။  နိုဝင်ဘာ ၃၀ ရက်မှာ စတင်ပျံ့နှံ့ခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “၂၀၂၅ ခုနှစ် ဇန္နဝါရီလ ၁ရက် မှစတင်၍ တရုတ်နိုင်ငံသားများကို  နိုင်ငံ ၁၀ နိုင်ငံက သူတို့နိုင်ငံရဲ့ လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ၎င်းတို့မဟာမိတ်နိုင်ငံများနဲ့ ညှိနှိုင်းသဘောတူညီချက်တွေအရ ပြည်ဝင်ခွင့် ဗီဇာ ပိတ်လိုက်ကြောင်း သိရပါတယ်။ […]

Continue Reading

Fact Check: တရုတ်က အမေရိကန်ကို စတင်ပစ်လိုက်ပြီး တတိယကမ္ဘာစစ် ကြေညာလိုက်ပြီဆိုတဲ့ တင်းတု

တရုတ်က အမေရိကန်ကို စတင်ပစ်ခတ်ခဲ့တာကြောင့် တတိယကမ္ဘာစစ်စတင်လိုက်ပြီဖြစ်ပြီး ကမ္ဘာပျက်ပြီလို့ ဆိုကာ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ၂၃ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၅၀၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။ “တတိယကမ္ဘာစစ်ကြီး ကြေညာပြီဗျို့  ကမ္ဘာပျက်ပြီ တရုတ်က အမေရိကန်ကို စပစ်နေပြီ မသေမချင်ရင် အမြန်ဆုံး နားထောင်သင့်တယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာမီဒီယာတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက သတင်း‌ဖော်ပြချက် မတွေ့ရပါဘူး။ တရုတ်က အမေရိကန်ကို စတင်ပစ်ခတ်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။ တကယ်တမ်းမှာ […]

Continue Reading

Fact Check: အီလွန်မက်က CNN သတင်းဌာနကို ဒေါ်လာ သန်း ၃၀၀၀ နဲ့ဝယ်ဖို့ သဘောတူညီချက်ရတဲ့ သတင်းမှား

ကမ္ဘာ့ အချမ်းသာဆုံးသူဌေး အီလွန်မတ်(Elon Musk)က CNN သတင်းဌာနကို ဒေါ်လာ သန်း ၃၀၀၀ (၃ ဘီလီယံ) နဲ့ ဝယ်ယူဖို့ သဘောတူထားတယ်ဆိုပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိတာဟာ တကယ်တော့ သရော်စာ တခုသာဖြစ်တယ်။  ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပြီး နားလည်မှုလွဲစေနိုင်တဲ့ ဖြန့်ဝေမှုကို အောက်ပါ စခရင်ရှော့မှာ ကြည့်ပါ။ တူညီတဲ့ ‌ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာလည်းတွေ့ရပါတယ်။  “Tesla, Space X, StarLink  သူဋ္ဌေး အီလွန်မတ်စ်က CNN သတင်းဋ္ဌာနကို ဒေါ်လာသန်း၃၀၀၀ ဖြင့် ဝယ်ယူရန် သဘောတူညီမှု ရရှိထားဟုဆို။” မူရင်းလင်ခ့် – Facebook link | Archive link ဒီသရော်စာဟာ အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေမှုတွေလည်းရှိခဲ့ပြီး ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ဒီနေရာနဲ့ […]

Continue Reading