မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျားဖြန့်အမှုနဲ့ တရုတ်ဖမ်းဆီးလိုက်ပြီဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ် တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူးတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးတဲ့ အကြောင်အရာတွေကို လိုအပ်သလို ပြန်လည်ပြောဆိုပြီး ခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာ ဒါမှမဟုတ် လုံးဝလုပ်ကြံပြောဆိုတာတွေ ပြုလုပ်တဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှု တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာ ဖော်ပြထားတဲ့အကြောင်းအရာဟာ “တရုတ်ကြားဝင်မှုဖြင့် TNLA နှင့် စစ်ကော်မရှင် အပစ်ရပ်”၊ “မြန်မာစစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသားများနှင့် အတိုက်အခံ အင်အားစု များအားလုံးကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို ဖိတ်ခေါ် ဆွေးနွေးမည်ဟု မလေးရှားဝန်ကြီးချုပ် ထုတ်ပြော” သတင်းတွေကို လိုအပ်သလို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။

သုံးသပ်ချက်
“The Daily Lens”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က ဖော်ပြပြီးသတင်းတွေကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာဖြစ်တယ်။ တရုတ်ကြားဝင်စွက်ဖက်မှုကြောင့် TNLA နဲ့ စစ်ကော်မရှင် အပစ်ရပ်မှုနဲ့ စစ်တပ် ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသားတွေနဲ့ အတိုက်အခံ အင်အားစု တွေကို မလေးရှားဆွေးနွေးမယ်ဆိုတဲ့ သတင်းတွေကို ခေါင်းစဉ်တု တပ်ထားခြင်းဖြစ်တယ်။
 
					  Title:Fact Check: စစ်ခေါင်းဆောင်ကို ကျားဖြန့်အမှုနဲ့ တရုတ်ဖမ်းဆီးလိုက်ပြီဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False


 
	 
						 
						