ဒေါ်အောင်ဆန်းစုကြည်က Dr. Wakar Uddin ဆီရေးခဲ့တယ်ဆိုတဲ့ အီးမေးလ် အတု

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်က အာရန်ရိုဟင်ဂျာအဖွဲ့(ARU)ခေါင်းဆောင်တစ်ဉီးဖြစ်တဲ့ အမေရိကန် ပင်ဆယ် ဗေးနီးယား တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဝါကာအူဒင်(Wakar Uddin) ဆီကို ရွေးကောက်ပွဲမှာ ဝိုင်းရံဖို့နဲ့ ရိုဟင်ဂျာအခွင့်အရေးလုပ်ပေးမယ်လို့ အီးမေးလ်တစ်စောင် ပို့ခဲ့တယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို့ အီးမေးလ်မှာလိပ်စာမှာဖော်ပြပြီး အီးမေးလ်မှာ Dr. Wakar Uddin ကို ခေါင်းစဉ်တပ်ဖော်ပြခဲ့တဲ့အီးမေးလ်ကို ဘာသာပြန်ဆိုထားတဲ့ပို့စ်ကို “Yuzana Phyo”အမည်နဲ့​ဖေ့စ်ဘွတ်သုံး စွဲသူက ဇွန် ၉ ရက်က မျှဝေထားတဲ့ပို့စ်ရဲ့ ကောက်နှုတ်ချက်အချို့က အောက်ပါအတိုင်းဖြစ်ပါတယ်။

“ကျွန်မဒီစာကိုကော့မှုးမြို့နယ်ရဲ့ပြည်သူ့လွှတ်တော်ကိုစားလှယ်အဖြစ်ရော၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးရဲ့ခေါင်းဆောင်အဖြစ်နဲ့ပါကိုယ်စားပြုပြီးရေးလိုက်ခြင်းဖြစ်ပါတယ်။လာမယ့်နိုဝင်ဘာလမှာကျွန်မတို့ရွေးကောက်ပွဲဝင်ပြိုင်ပါတေ့ာမယ်။ဒီလိုရွေးကောက်ပွဲကိုဝင်ပြိုင်ရတဲ့ရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံမှာလူမျိုးရေးနဲ့ဘာသာရေးကိုးကွယ်မှု့မတူညီတာကိုအခြေခံပြီးတော့ခွဲခြားချိုးနှိမ်ပြီးဆက်ဆံခံနေရတဲ့လူမျိုးစုတစ်ခုအတွက်အခွင့်အရေးတွေအပြည့်အဝရရှိဖို့သာလျှင်ဖြစ်ပါတယ်။ကျွန်မကိုယ်တိုင်ယုံကြည်ထားတာကတော့၊မြန်မာလူမျိုးတွေရဲ့မတရားအနိုင်ကျင့်ခြင်းကိုခံနေရတဲ့၊အချိုးနှိမ်ခံလူတန်းစားတရပ်ဖြစ်တဲ့၊ကျွန်မတို့ရဲ့ခိုကိုးရာမဲ့တိုင်းရင်းသား(ရိုဟင်ဂျာ)လူမျိုးစုတွေကိုအခွင့်အရေးတွေအပြည့်အဝပေးပြီးကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက်ဥပဒေသစ်တစ်ခုပြဌာန်းနိုင်ဖို့ကျွန်မတို့ပါတီဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ်”စသည်ဖြင့် ရေးသားထားပါတယ်။

Fb linkArchive link

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က “စောထိပ်တင် စောထိပ်တင်”အမည်နဲ့ အမည်နဲ့​ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတဲ့စာကို ပြန်လည်မျှဝေထားတာဖြစ်ပါတယ်။

အချက်အလက်စိစစ်ချက်

ဒီလိုမျိုးစာပို့ခဲ့တယ်ဆိုပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကတည်း ပျံ့နှံ့ခဲ့တာတွေ့ပြီး အဲဒီအချိန်က ရိုဟင်ဂျာ အရေးလှုပ်ရှားသူ ဉီးထွန်းခင်ကို လိပ်မှုရေးသားခဲ့တယ်ဆိုပြီး ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။ ဉီးထွန်းခင်က သူ့ဆီကို ဒေါ်အောင်ဆန်းစုကြည်စာပို့တာမျိုးမရှိဘူး၊ ရွေးကောက်ပွဲအတွက် ညစ်ညမ်းနဲ့ နည်းလမ်းနဲ့ တိုက်ခိုက် နေတာဆိုပြီးတော့ coconuts ဌာနကို ပြန်လည်ဖြေကြားခဲ့တာရှိပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။

Link

အခုတစ်ကြိမ်မှာလည်း ပါမောက္ခအူဒင်ဆီကို ရေးသားတယ်ဆိုတဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ပင်ဆယ် ဗေးနီးယား တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဝါကာအူဒင်(Wakar Uddin)ဆီကို Fact Crescendo Myanmar က အီးမေးလ်က တစ်ဆင့်ဆက်သွယ်အတည်ပြုခဲ့ရာမှာ အောက်ပါအတိုင်းဖြေကြားပါတယ်။

“ကျွန်တော်ဖေ့စ်ဘွတ်လင့်ခ်ကို စစ်ကြည့်ရာမှာ ဒီဟာလုံးဝမှားပါတယ်။ ပို့စ်မှာပါတဲ့ အကြောင်းအရာတွေကို သေချာဖတ်ကြည့်တဲ့အခါမှာ ဒါဟာ လာမယ့် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်မယ့်သူတွေ ပူးပေါင်းပြီး မြန်မာနိုင်ငံက အဖြစ်အပျက်တွေအတွက် အောက်လုံးထိုးတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ကျွန်တော်ဆီကို ဒေါ်စု ဒါမှမဟုတ် လက်ရှိအစိုးရအဖွဲ့က စာပို့တာမျိုး လုံးမရှိခဲ့ပါဘူး”လို့ ဒေါက်တာဝါကာအူဒင်က ပြောပါတယ်။

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ဒေါ်အောင်ဆန်းစုကြည်ဆောင်ရွက်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် အပြုသဘော တစ်ချို့ဟာ တိုက်ခိုက်စရာ အောက်လုံးထိုးစရာတွေ အများကြီးဖြစ်လာမှာဖြစ်ပြီး လူထုအများစုက ရိုဟင်ဂျာပေါ် အမြင်စောင်းနေတာကို သိတဲ့အတွက် ဒီလိုမျိုးတစ်ချို့သောအဖွဲ့တွေက ပူးပေါင်းကြံစည်နေကြခြင်းဖြစ်ပြီး၊ ဒီလိုဝါဒဖြန့်ချိတဲ့ လှုပ်ရှားမှုတွေကို ရှုတ်ချတယ်လို့ သူ့က အကြောင်းပြန်စာမှာ ရေးသားပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါမောက္ခ Dr. Waka Uddin ဆီကို ရွေးကောက်ပွဲမှာ သူ့ပါတီကို ဝိုင်းရံဖို့နဲ့ ရိုဟင်ဂျာအခွင့်အရေး အပြည့်အဝကာကွယ်ပေးမယ်ဆိုပြီး ဖော်ပြနေတဲ့ရေးသားချက်ကို သတင်းတုသတင်းမှားအဖြစ်သတ်မှတ်ပါတယ်။

Avatar

Title:ဒေါ်အောင်ဆန်းစုကြည်က Dr. Wakar Uddin ဆီရေးခဲ့တယ်ဆိုတဲ့ အီးမေးလ် အတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *