
ဆေးခြောက်က COVID-19 ကို ကာကွယ်ကုသနိုင်တယ်ဆိုတဲ့ ပို့စ် လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
Netguide Journal အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတဲ့ ဒီပို့စ်ကလင့်ခ်ကိုဖွင့်ကြည့်မယ်ဆိုရင် အောက်ပါအတိုင်းရေးသားထားပါတယ်။ ခေါင်းစဉ်မှာ “ဆေးခြောက်က COVID-19 ကို ကာကွယ်ကုသနိုင်ကြောင်း သိပ္ပံပညာရှင်းများ တွေ့ရှိ”လို့ ရေးသားထားပေမဲ့ COVID-19 ကိုကာကွယ်ကုသနိုင်သလားဆိုတာ သုတေသနတွေ ထပ်မံပြုလုပ်ရဉီးမယ်လို့လည်း ရေးသားထားပါတယ်။

COVID-19 ကပ်ရောဂါကို ကုသနိုင်မယ့်၊ ကာကွယ်နိုင်မယ့် ဆေးဝါး တစ်ချို့ဟာ လူနဲ့ စမ်းသပ်မှုအဆင့်မှာ ရလာဒ်ကောင်းတစ်ချို့ရှိထားပြီးဖြစ်ပေမဲ့ စမ်းသပ်ဆဲအဆင့်မှာပဲရှိနေသေးတာတွေ့ရပါတယ်။ ဆေးခြောက်က COVID-19 ကို ကုသနိုင်သလား ဆန်းစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
လောလောဆယ်အထိ ကာကွယ်နိုင်၊ ကုသနိုင်တယ်ဆိုတဲ့ဆေးကို အချက်အလက်ခိုင်ခိုင်မာမာ မတွေ့ ရသေး သလို ထောက်ခံချက်ပေးထားတဲ့ဆေးဝါးလည်းမရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားထားပါတယ်။ ဆေးတစ်ချို့နဲ့ လူတွေမှာ စမ်းသပ်ကုသတာမျိုးတွေ လုပ်နေတာတွေရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ဒီကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက် နေတယ်လို့လည်းပြောကြားထားပါတယ်။

ဆေးဘက်ဆိုင်ရာ ပညာပေးဆောင်းပါးတွေ ဖော်ပြနေတဲ့ Hellosayarwon ဝက်ဘ်ဆိုဒ်မှာက မေ ၁၁ ရက်က ဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာလည်း ဆေးခြောက်ဟာ အမျိုးအစားများစွာရှိပြီး ဆေးဘက်ဆိုင်ရာသုံး ဆေးခြောက်နဲ့ မူးယစ်ဆေးအဖြစ်သုံးတဲ့ ဆေးခြောက်ကမတူညီကြောင်း၊ ကုသနိုင်တယ်ဆိုတဲ့အထောက်အထား မရှိသေးဘူးလို့ ရေးသား ထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
အလားတူ ဆေးခြောက်နဲ့ COVID-19 ကုသမှုကို ကနေဒါအပါအဝင် ဗြိတိန်နဲ့ အစ္စရေးတို့ကလည်း လုပ်နေတာရှိပါတယ်။ သို့သော်လည်း အားလုံးဟာ ကနဉီးစမ်းသပ်မှုအဆင့်မှာသာရှိသေးတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဒီလိုပဲ အခြားသော အဖွဲ့အစည်းအသီးသီးက ဆေးခြောက်ဟာ COVID-19 ကိုကုသနိုင်တယ်ဆိုတဲ့ အထောက် အထားမရှိကြောင်း အချက်အလက်စိစစ်ထားတာကို အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဒီလိုပဲ Netguide Journal စာမျက်နှာက ခေါင်းစဉ်နဲ့ အလားသဏ္ဏာန်တူတဲ့ ဆေးခြောက်က COVID-19 ကို ကာကွယ်နိုင်ဖွယ်ရှိလို့ သိပ္ပံပညာရှင်တွေယုံကြည်လို့ ဘာသာပြန်ဆိုနိုင်မယ့် Newyork Post ကဆောင်းပါး တစ်ပုဒ်ရဲ့ အချုပ်မှာလည်း ဆေးခြောက်က COVID-19 ကို ကုသနိုင်တယ်ဆိုတဲ့ စမ်းသပ်ချက်ဟာ အခြားပညာရပ် ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ ဝေဖန်ဆန်းစစ်မှုတွေ လုပ်ပြီးသားမဟုတ်သေးဘူးလို့လည်း ဖော်ပြထား တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

လက်ဘရစ်ချ်တက္ကသိုလ်က သုတေသီတွေလုပ်ခဲ့တဲ့ သုတေသနအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်မှာဖော်ပြခဲ့တဲ့အချက်အလက်တွေအရ ဆေးခြောက်ဟာ Covid-19 ကို ကာကွယ် ကုသနိုင်ကြောင်း တယ်ဆိုတဲ့ အထောက်အထားမရှိသေးတာတွေ့ရပြီး ကနေဒါနိုင်ငံက သုတေသီတွေ တွေ့ရှိချက်ဟာကလည်း ကနဉီးစမ်းသပ်မှုအဆင့်သာရှိသေးတာတွေ့ရပါတယ်။

Title:ဆေးခြောက်က COVID-19 ကို ကာကွယ်ကုသနိုင်တယ်ဆိုတဲ့ ခိုင်မာတဲ့အထောက် အထား မရှိသေးပါ
Fact Check By: Nayar MaungResult: Misleading