ကိုရိုနာကပ်ရောဂါနဲ့ပတ်သက်ပြီး မိုင်းဖုန်းဆရာတော်ကြီးမိန့်ကြားတယ်ဆိုတဲ့ သတင်းတု

Coronavirus False လူမှုရေး

“ရှေ့ဆက်ဖြစ်လာမယ့် ကိုရိုနာ ကပ်ရောဂါအကြောင်း မိန့်ကြားလိုက်တဲ့မိုင်းဖုန်းဆရာတော်”ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။

ဒီခေါင်းစဉ်နဲ့မျှဝေထားတဲ့သတင်းမှာ “ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ လူဉီးရေ သန်း ၁၀၀ အထိကူးစက်ခံရမယ်၊ ၂၀၂၀ နဲ့ ၂၀၂၁. ခုနှစ်တွေဟာအဆိုးရွားဆုံးနှစ်တွေဖြစ်မယ်၊ စီးပွားပျက်ကပ်တွေလည်းဖြစ်မယ်၊၂၀၂၂ မှ အကောင်း ဘက်ပြန်ရောက်မယ်၊ ဘင်္ဂလားဒေရှ့်တစ်နိူင်ငံလုံးနီးပါး ကူးစက်မှုဖြစ်ပြီး သေဆုံးမှု့အများဆုံးဖြစ်ကာ အလောင်း များတောင်လိုပုံမယ်၊ ဘူတန်နိုင်ငံက ကပ်ရောဂါသိပ်မခံစားရဘူး၊  ကပ်ရောဂါဟာ တရုတ်မှာစပြီး တရုတ်မှာ အကြီးအကျယ်ပြန့် အဆုံးသတ်သွားမယ်၊ မြန်မာပြည်မှာတော့ ဘုရား တရား မြဲတဲ့ ဒေသတွေဟာ ကပ်ရောဂါမ ှကင်းဝေးမယ်၊ ကပ်ရောဂါဖြစ်နေတဲ့ဒေသမှာ အကောင်းဆုံး ကာကွယ်ဆေးက ဘုရား တရား သံဃာကို နေ့တိုင်းရှိခိုး ရွတ်ဆိုနေခြင်းပဲ”စသည်ဖြင့် ရေးသားထားပါတယ်။

Fb linkArchive link

ဒီသတင်းကို ဧပြီလအစောပိုင်းကလည်း ဝက်ဘ်ဆိုဒ်အတော်များများက ဒီခေါင်းစဉ်နဲ့ ကူးယူဖော်ပြခဲ့ကြလို့ လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့သလို ယခုရက်ပိုင်းတွေမှာလည်း ထပ်ဆင့်ကူးယူဖော်ပြ မျှဝေနေကြ တာတွေ့ရပါတယ်။

Archive linkArchive link

အချက်အလက်စိစစ်ချက်

 “လူအများကို ထိတ်လန့်တုန်လှုပ်စေတဲ့ မဟုတ်မမှန် သတင်းကို မိုင်းဖုန်းဆရာတော် မိန့်တယ်ဆိုပြီး ရေးသားဖြန့် ဝေခြင်းအား ကန့်ကွက်ပါတယ်။

(ပို့တင်ထားတဲ့ သူများ ပြန်လည် ဖျက်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်)

မေတ္တာဖြင့် တောင်တန်းသာသနာပြု ဆရာတော် 

ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)” ဆိုပြီး ဇွန် ၁၄ ရက်မှာ “Sao Su Kham”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်က လူမှုကွန်ယက်မှာ မျှဝေလာတာတွေ့ရပါတယ်။

https://www.facebook.com/sao.sukham/posts/3033775146707533

“Sao Su Kham”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်ဟာ မိုင်းဖုန်းဆရာတော်ရဲ့ သာသနာပြုရေးဆိုင်ရာ ကိစ္စရပ်တွေကို မျှဝေပေးနေတဲ့အကောင့်တစ်ခုဖြစ်တာတွေ့ရပြီး မိုင်းဖုန်းဆရာ်တော်နဲ့ အနီးကပ်ထိတွေ့မှုရှိတဲ့ဆရာတော် တစ်ပါးဖြစ်လည်းတွေ့ ရပါတယ်။

Link

သုံးသပ်ချက်

အထက်မှာပါ အချက်အလက်အရ ရှေ့ဆက်ဖြစ်လာမယ့် ကိုရိုနာ ကပ်ရောဂါအကြောင်း မိုင်းဖုန်းဆရာတော် မိန့်ကြားခဲ့တယ်ဆိုတဲ့ သတင်းဟာ သတင်းတုသတင်းမှားဖြစ်တာတွေ့ရပါတယ်။

Avatar

Title:ကိုရိုနာကပ်ရောဂါနဲ့ပတ်သက်ပြီး မိုင်းဖုန်းဆရာတော်ကြီးမိန့်ကြားတယ်ဆိုတဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *