Fact Check: တကျော့ပြန်လာတဲ့ ဂျိုးဖစ်ရှာနဲ့ NLD သတင်းမှား

False နိုင်ငံရေး | Politics

ရွေးကောက်ပွဲမှာ မဲလိမ်လည်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် လက်ထောက် ဂျိုးဖစ်ရှာကလုပ်နေတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပါတယ်။

 ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ ပြည်နယ်နှင့်တိုင်းအလိုက် USDP၊ NLD နဲ့တိုင်းရင်းသားအစုအဖွဲ့တွေရဲ့ ထောက်ခံမှုရာခိုင်နှုန်းများနှင့်အတူ “UEC နဲ့ပေါင်းပြီးမဲလိမ်ဖို့ ကွပ်ကဲနေတဲ့ ဒေါ်စုလက်ထောက် MI-6 ထောက်လှမ်းရေး ဂျိုးဖစ်ရှာဆီပို့လိုက်ပါပြီ”၊ ““ရှုံးမဲ့တိုင်းရင်းသားပြည်နယ် 7 ခုလုံးမှာ COVD; မငြိမ်းချမ်းနယ်မြေ သတ်မှတ်ပြီး ပယ်ဖျက်ပါတော့မယ်”စတဲ့ ပြောဆိုရေးသားချက်တွေပါဝင်ပါတယ်။

သို့သော်လည်း ဒီလိုရေးသားမျှဝေချက်တွေဟာမှားယွင်းတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေက ၁ ထောင်ကျော်က ပြန်လည်မျှဝေထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရ ပါတယ်။

မူရင်းလင့်ခ် –  Fb linkArchive link 

အချက်အလက်စိစစ်ချက်

ဒီလိုရေးသားမျှ ဝေနေတဲ့ပို့စ်ဟာ အထောက်အထားတစ်စုံတစ်ရာအပေါ်မှာအခြေခံထားခြင်းမရှိပါဘူး။ အခုလိုမျှဝေထားတဲ့ပို့စ်မှာ ဘာတွေမှားယွင်းနေသလဲကြည့်ရအောင်ပါ။

 “UEC နဲ့ပေါင်းပြီးမဲလိမ်ဖို့ ကွပ်ကဲနေတဲ့ ဒေါ်စုလက်ထောက် MI-6 ထောက်လှမ်းရေး ဂျိုးဖစ်ရှာဆီပို့လိုက်ပါပြီ” ဆိုတဲ့ ရေးသားချက်ကို ဆန်းစစ်ကြည့်ရအောင်ပါ။ ဂျိုးဖစ်ရှာဆိုတဲ့ နာမည်ကို အသုံးပြုပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ပါတီကို တိုက်ခိုက်မှုဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမတိုင်ခင်မှာလည်းရှိခဲ့ပြီး ပါတီတာဝန် ရှိသူတွေအပါအဝင် ဗြိတိန်သံရုံးက ငြင်းဆိုခဲ့တာတွေ့ရပါတယ်။ Joe Fisher ဟာ ဗြိတိန်သံရုံးမှာအလုပ်လုပ်ခဲ့ပြီး နောက် ဒေါ်အောင်ဆန်းစုကြည်ဆီမှာ နိုင်ငံတကာဖွံ့ဖြိုးရေးဆက်ဆံရေးအရာရှိအဖြစ် ၂၀၁၄ ခုနှစ် စက်တင်ဘာကနေ ၂၀၁၇ ခုနှစ်စက်တင်ဘာ အထိလုပ်ခဲ့တယ်လို့ သူ့ရဲ့ အလုပ်အကိုင်ရာဇဝင်မှာဖော်ပြထား ပါတယ်။ အဲဒီနောက်မှာတော့ inter mediate အမည်နဲ့ ဗြိတိန်အခြေစိုက်အဖွဲ့အစည်းတစ်ခုကို ပြောင်းသွား ခဲ့ပါတယ်။ ဒီနေရာမှာလည်းလေ့လာနိုင်ပါတယ်။

နောက်တစ်ခုကတော့ “ရှုံးမဲ့တိုင်းရင်းသားပြည်နယ် 7 ခုလုံးမှာ COVID; မငြိမ်းချမ်းနယ်မြေသတ်မှတ်ပြီး ပယ်ဖျက်ပါတော့မယ်”လို့ ပို့စ်မှာ ရေးသားထားပါတယ်။ ဒီပို့စ်ဖြန့်ဝေခြင်းမပြုမီ ၁ ရက်ကတည်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပမယ့်နယ်မြေတွေကို ကြေညာခဲ့ဖြစ်ပြီးပါတယ်။ အောက်တိုဘာ ၁၆ ရက်နေ့ညပိုင်းမှာ ပြည်နယ်နှင့်တိုင်းဒေသကြီး အချို့မှာ ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီကြေညာချက်မှာ ကချင်၊ ကရင်၊ ရှမ်း၊ ရခိုင်နဲ့ မွန် စုစုပေါင်း ပြည်နယ် ၅ ခုနဲ့ ပဲခူးတိုင်းဒေသကြီးက နယ်မြေအချို့မှာ ရွေးကောက်ပွဲမကျင်းပဖြစ်ကြောင်းကြေညာထားပါတယ်။ နေရာအသေးစိတ်ကို ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီအပေါ်မှာ လူထုယုံကြည်မှု မြင့်တက်လာတယ်လို့ PACE စစ်တမ်းက ဆို ထားပါတယ်။ PACE ဟာရွေးကောက်ပွဲစောင့်ကြည့်ရေးနဲ့ပတ်သက်ပြီး ဒေသခံအဖွဲ့အစည်းတွေနဲ့ ပျံ့နှံမှုအရှိဆုံး ချိတ်ဆက်ထားနိုင်တဲ့ အဖွဲ့အစည်းဖြစ်တာတွေ့ရပါတယ်။ ရေပန်းစားမှုစစ်တမ်းနဲ့ ပတ်သက်ပြီး သတင်း ဖော်ပြချက်တွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ရွေးကောက်ပွဲကို ပြည်နယ် ၇ မှာ မလုပ်ဖို့ ကြေညာမယ်ဆိုတဲ့ အချက်သည် မှားယွင်းနေတာတွေ့ရပြီး ဂျိုးဖစ်ရှာဟာ အရင်က  ဒေါ်အောင်ဆန်းစုကြည်ထံမှာ အလုပ် လုပ်ခဲ့ပေမဲ့ လက်ရှိ အချိန်မှာ အလုပ် လုပ်နေတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

Avatar

Title:တကျော့ပြန်လာတဲ့ ဂျိုးဖစ်ရှာနဲ့ NLD သတင်းမှား

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *