Fact Check: ရုရှား ငလျင်ကြောင့် ဆူနာမီလှိုင်းလုံးကြီးတွေ ဂျပန်နိုင်ငံကို ဝင်ရောက်လာပုံလား – မဟုတ်ပါ

False နိုင်ငံတကာ၊ | International

ဇူလိုင် ၃၀ ရက်က ရုရှားနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်အပြီး ဆူနာမီလှိုင်းလုံးကြီးတွေ ဂျပန်နိုင်ငံကို ရောက်လာပုံဆိုပြီး ဓာတ်ပုံတချို့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  ဓာတ်ပုံဟောင်းတွေသာဖြစ်ပြီး လက်ရှိအဖြစ်အပျက်က မဟုတ်ပါ။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီပို့စ်ဟာဟာ ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၇ သိန်းကျော်ရရှိထားပြီး ပြန်လည်မျှဝေမှု‌ပေါင်း ၂၂၀ ကျော်ရှိထားတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။

“ရုရှားနိုင်ငံ ပြင်းအား ၈ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ် ပြိးနောက် ဆူနာမီလှိုင်းလုံးကြီးများ ယနေ့ ဇူလိုင် ၃၀ ရက်၊ ဂျပန်နိုင်ငံ ရေတက်လာတည့်မြင်ကွင်း #မြေငလျင်သတိပေးချက် #ဆူနာမီသတိပေးချက် #ရုရှား #ဂျပန် #viralpost2025シ2025シreelsfacebook”

C:\Users\User\Downloads\2025_07_31_19_23_31_Tun_Channel_ရုရှ_နိုင်ငံ_ပ_င်_အ_၈_ဒသမ_၇_အဆင့်ရှိ_ငလ_င်လှုပ်..._Facebook.jpg

Original link | Archive link

အချက်အလက်စိစစ်ချက်

မျှဝေထားတဲ့ ဓာတ်ပုံတွေကို Google မှာ ပုံရှာနည်း အသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ နှစ် အနည်းငယ်အတွင်းကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရတယ်။

ပထမဆုံးအနေနဲ့ ကမ်းရိုးတန်းက အပင်တွေကို ရေလှိုင်းတွေ ရိုက်နေတဲ့ ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်အတွင်းက ဒူဘိုင်းမှာ မုန်တိုင်းကြောင့် ဆူနာမီလှိုင်းအသေးစားဖြစ်ပေါ်ပြီး ဒူဘိုင်းက ကမ်းခြေတခုကို ရိုက်ခိုက်လာတဲ့ ဖြစ်စဉ်က ဖြစ်တယ်။ Fact Crescendo Afghanistan က ဒီလွှဲမှာပြောဆိုခံရတဲ့ မြင်ကွင်းဓာတ်ပုံနဲ့ ပတ်သက်ပြီး ၂၀၂၃ ခုနှစ်ထဲမှာ အချက်အလက်စိစစ်ဖော်ပြပြီးဖြစ်တယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ 

ရေလှိုင်းလုံးကြီး လမ်းမထက်ပေါ် ပြိုဆင်းနေတဲ့ ဓာတ်ပုံဟာလည်း ၂၀၁၁ ခုနှစ်အတွင်းက ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်က ဖြစ်ပါတယ်။  ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

ရုရှားနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်အပြီး ဆူနာမီလှိုင်းလုံးကြီးတွေ ဂျပန်နိုင်ငံကို ရောက်လာပုံဆိုပြီးမျှဝေထားတဲ့ ဓာတ်ပုံတွေဟာ ၂၀၁၁ ခုနှစ် ဂျပန်ငလျင်အပြီး ဂျပန်နိုင်ငံကို ဆူနာမီလှိုင်းတွေ ဝင်‌ရောက်လာပုံနဲ့ ၂၀၁၇ ခုနှစ်အတွင်းက ဒူဘိုင်းမှာ မုန်တိုင်းကြောင့် ဆူနာမီအသေးစားဖြစ်ပေါ်စဉ်က ဓာတ်ပုံတွေသာဖြစ်တယ်။

Avatar

Title:Fact Check: ရုရှား ငလျင်ကြောင့် ဆူနာမီလှိုင်းလုံးကြီးတွေ ဂျပန်နိုင်ငံကို ဝင်ရောက်လာပုံလား – မဟုတ်ပါ

Fact Check By: နေရာမောင်  

Result: False