Fact Check: သာသနာရေးဝန်ကြီးသူရဦးအောင်ကို ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းအမှား

False နိုင်ငံရေး | Politics

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို ကျန်းမာရေးအခြေနေ မကောင်းဘူးဆိုတဲ့ ပို့စ်ဟာ ဖေ့ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။

ဒီပို့စ်မှာ “သာသနာရေးဝန်ကြီးသူရအောင်ကို အခြေနေမကောင်းဘူး..သတင်းရရှိပါတယ် 5.10.2020”နဲ့ “ဟော..ဖြစ်ပြန်ပြီနောက်တစ်ယောက် မျိုးတုံးတော့မယ်ထင်တယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ သူရဦးအောင်ကို ဆေးရုံကုတင်ပေါ်မှာ ဆေးကုသမှုခံယူနေတဲ့ပုံနဲ့အတူ ပို့စ်တင်နေကြတာတွေ့ရပါတယ်။ အလားတူ ထမိန်ခြုံများအားနှိပ်ကွပ်ရေးမျိုးချစ်တပ်ပေါင်းစု ဆိုတဲ့ ဂရုမှာလည်း ပြန်လည်မျှဝေနေကြပါတယ်။

မူရင်းလင်ခ့် –FB Link  |  Archive Link

အချက်အလက်စိစစ်ချက်

ဒီပို့စ်နဲ့ပတ်သက်ပြီး ပို့စ်မှာသုံးထားတဲ့ပုံကို googleမှာ ပုံရှာနည်းနဲ့ ရှာမယ်ဆိုရင် ဒီပုံဟာ ၂၀၁၅ခုနစ်က ပုံအဟောင်းဖြစ်တာကိုတွေ့ရပြီး ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ မြန်မာသံတော်ဆင့်သတင်းဌာနက အသုံးပြုခဲ့တဲ့ ပုံဖြစ်နေတာတွေ့ရပါတယ်။ မူရင်းပုံမှာတော့ အဲ့ဒီအချိန်က အတိုက်အခံခေါင်းဆောင်ဖြစ်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ကိုယ်ရေးအရာရှိဖြစ်သူ ဒေါက်တာဒေါ်တင်မာအောင်တို့က သူရဦးအောင်ကိုရဲ့ ကျန်းမာရေးသတင်း လာမေးနေတဲ့ပုံ ဖြစ်ပါတယ်။ဒီပုံက ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးပုံကို လှီးဖြတ်ပြီး သူရဦိးအောင်ကိုလှဲနေတဲ့ပုံကိုသာ ပြန်လည်အသုံးပြုထားတာဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်‌ရောက်ကြည်ရှူ့နိုင်ပါတယ်။

မူရင်းလင်ခ့် –Web Link  |  Archive Link

ဒီသတင်းနဲ့ပတ်သက်ပြီဂ Fact Crescendo Myanmarက သာသနာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။”ဒါက လျှောက်တင်နေကြတာပါဗျာ၊ သတင်းအမှားလို့ ပြောချင်ပါတယ်။ ဝန်ကြီးက အခု သာသနာရေးဝန်းကြီးဌာနရဲ့တာဝန်တွေ၊ နိုင်ငံ့တာဝန်တွေကို ကျန်းကျန်းမာမာနဲ့ ထမ်းဆောင်လျက်ရှိပါတယ်”လို့ ပြန်လည်‌ဖြေကြားခဲ့ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ သာသနာရေးဝန်ကြီးသူရဦးအောင်ကို ကျန်းမာရေးမကောင်းဘူးဆိုတာ သတင်းအမှားသာဖြစ်ကြောင်းတွေ့ရပါတယ်။

Avatar

Title:Fact Check: သာသနာရေးဝန်ကြီးသူရဦးအောင်ကို ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းအမှား

Fact Check By: Lynn Yu 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *