
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီး NLD ကို အာဏာပြန်လွှဲပေးဖို့ တရုတ်သမ္မတ တောင်းဆိုလိုက်တယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ “အမေစုကိုလွှတ်ပြီး NLD ကိုအာဏာပြန်လွှဲပေးရန် တရုတ်သမ္မတ တောင်းဆို”လို့ လည်း ပို့စ်စာသားမှာရေးသားထားသလို ဒီယိုအစမှာလည်း တရုတ်သမ္မတ “အမေစုကိုလွှတ်ပြီး NLD ကိုအာဏာ ပြန်လွှဲပေးဖို့ တရုတ်သမ္မတ တောင်းဆို” စသည့်ဖြင့်ရေးသားထားပါတယ်။ ထို့အပြင် “NUG ကိုတရားဝင်အစိုးရ တင်မြှောက်ပွဲ မနက် ၉ နာရီမှာ အာဆီယံလုပ်မယ်လို့ကြေညာ”လို့လည်းရေးသား ထားပါတယ်။
“Thearith Ñøçh”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၁၉ ရက်မှာ အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ သတင်းဌာနတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကိုလေ့လာကြည့်မယ်ဆိုရင် ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့တဲ့ ကုလသမဂ္ဂမှာနိုင်ငံကို ကိုယ်စားပြုခွင့်ရဖို့ မြန်မာနိုင်ငံကိုယ်စားပြုလျှောက်ထားမှုကို ဒီနှစ်မှာ လည်းဆုံးဖြတ်ချက်မချပဲ ထပ်မံရွှေ့ဆိုင်းလိုက်တာကြောင့် မြန်မာနိုင်ငံအတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာထိုင်ခုံနေရာမှာ လာမယ့်နှစ် ကုလ အထွေထွ ညီလာခံကျင်းပချိန်အထိ ဆက်ရှိနေမယ့် အကြောင်းသတင်းဖော်ချက်ကို ပြန်လည်ဖတ်ကြားမှုဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
ထို့အပြင် တရုတ်နိုင်ငံဟာ လက်ရှိအချိန်အထိ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပြည်တွင်းရေးဖြစ်လို့ မစွက်ဖက်ရေးမူကို လက်ကိုင်ထားတယ်ဆိုပြီးတော့ ကုလသမဂ္ဂမှာ ရပ်တည်နေဆဲဖြစ်ပါတယ်။ ဉပမာအားဖြင့် ဒီဇင်ဘာ ၂၁ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်မှုတွေရပ်ဖို့နဲ့ ဒေါ်အောင်ဆန်း စုကြည်အပါအဝင် ဖမ်းဆီးထားတဲ့သူတွေကို လွှတ်ပေးဖို့တောင်းဆိုကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ ဒီလိုဆုံးဖြတ်ချက်ချမှတ်ရာမှာ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်က မဲမပေးနေခဲ့တာကို သတင်းတွေမှာ ဖော်ပြပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။
သုံးသပ်ချက်ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီး NLD ကို အာဏာပြန်လွှဲပေးဖို့ တရုတ်သမ္မတ တောင်းဆိုလိုက်တယ်ဆိုတဲ့ ရေးသားချက်ဟာ အထောက်အထားမရှိပါဘူး။ ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေတဲ့ ဒီပို့စ်ပါအကြောင်းအရာဟာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာထိုင်ခုံနေရာအတွက် နောက်ထပ်တစ်နှစ်ဆက်ရှိနေမယ့်အကြောင်း ဖော်ပြချက်သာဖြစ်ပါတယ်။

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီး NLD ကို အာဏာပြန်ပေးဖို့ တရုတ်သမ္မတတောင်းဆိုတဲ့ သတင်းတုသတင်းမှား
Fact Check By: နေရာမောင်Result: False