Fact Check: ပြည်သူတိုင်းကို ငွေ ၁၀ သိန်းနဲ့ ရွှေ ၂ ကျပ်သားထောက်ပံ့မယ်လို့ စစ်ကောင်စီ ကြေညာဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ပြည်သူတိုင်းကို ငွေ ၁၀ သိန်းနဲ့ ရွှေ ၂ ကျပ်သားထောက်ပံ့မယ်လို့ စစ်ကောင်စီက ကြေညာလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု  ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုတခုသာဖြစ်တယ်။

ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်ပါ စာသားကို အောက်မှာကြည့်ပါ။  တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။

“ယုံတောင်မယုံနိုင်ဘူးဟေ့

ပြည်သူတိုင်းကို ငွေ (၁၀)သိန်းနဲ့ ရွှေ (၂)ကျပ်သား

ကူညီထောက်ပံ မယ်လို့စစ်ကောင်စီကြေညာ”

C:\Users\User\Downloads\1234.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုအစမှာပြသတဲ့ရုပ်ကတ်မှာ ပြည်သူတိုင်းကို ငွေ ၁၀ သိန်းနဲ့ ရွှေ ၂ ကျပ်သား ကူညီထောက်ပံ့မယ်လို့ စစ်ကောင်စီကြေညာလို့ ဆိုထားပေမဲ့ လွတ်လပ်တဲ့ မီဒီယာတွေအပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဒီသတင်းကို ဖော်ပြချက်မရှိပါဘူး။  ဗွီဒီယိုကို ဖြန့်ချိနေတဲ့ “Local Celegram” အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆုရင် သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဒါမှမဟုတ် လုပ်ကြံ သတင်းဗွီဒီယိုတွေကို ဖြန့်ချိလေ့ရှိတယ်။ အချက်အလက်စိစစ်ထားတာတွေကို ဒီလင့်ခ်မှာကြည့်ပါ။

ဒီအပြင် တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြထားတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာန ကဖော်ပြခဲ့တဲ့ “မြောင်မြို့မ ရဲစခန်းတွင် ပျူစောထီးများကို စစ်သင်တန်းပေးနေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်”၊ “မိုးမိတ်မြို့သိမ်း တိုက်ပွဲတွင် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီ၏ မိုးမိတ်ဗျူဟာစခန်းအခြေအနေများကို PLA က ထုတ်ပြန်ပြသ”စတဲ့သတင်းတွေကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ်တယ်။

သုံးသပ်ချက်

ပြည်သူတွေကို ငွေ ၁၀ သိန်းနဲ့ ရွှေ ၂ ကျပ်သားစီထောက်ပံ့မယ်လို့ စစ်ကောင်စီက ကြေညာတယ်ဆိုတာ သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။  ဗွီဒီယိုကို ဖြန့်ချိနေတဲ့ “Local Celegram” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုနဲ့ လုပ်ကြံ သတင်းဗွီဒီယိုတွေကို ဖြန့်ချိပါတယ်။

ပြောဆိုချက်- ပြည်သူတိုင်းကို ငွေ ၁၀ သိန်းနဲ့ ရွှေ ၂ ကျပ်သားထောက်ပံ့မယ်လို့ စစ်ကောင်စီက ကြေညာ

Avatar

Title:Fact Check: ပြည်သူတိုင်းကို ငွေ ၁၀ သိန်းနဲ့ ရွှေ ၂ ကျပ်သားထောက်ပံ့မယ်လို့ စစ်ကောင်စီ ကြေညာဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *