Fact Check: ရန်ကုန်မြို့သိမ်းတိုက်ပွဲစပြီဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ရန်ကုန်မြို့သိမ်းတိုက်ပွဲစတင်လိုက်ပြီး အစိုးရ ရုံးတွေနဲ့ ဌာနဆိုင်ရာတွေ ပစ်ခတ်တိုက်ခိုက်ခံရဆိုတဲ့  သတင်းတု ဗွီဒီယို ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။

ဒီဇင်ဘာ ၂၉ ရက်မျာ ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ် ကို အောက်မှာ ကြည့်ပါ။ 

“ရန်ကုန် မြို့သိမ်းတိုက်ပွဲ စပြီ

ရန်ကုန်ကို စစ်ကောင်စီ ပစ်မိန့်ကြေညာ

ရန်ကုန်အစိုးရ ရုံးနဲ့ ဌါန ဆိုင်ရာ များ ပစ်ခတ်ခံရပြီ”

C:\Users\User\Downloads\Firefox_Screenshot_2024-12-30T08-33-04.070Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို လိုအပ်သလို ခေါင်းစဉ်တုတပ်ကာ ဖြန့်ချိနေခြင်းဖြစ်တယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ရန်ကုန်မြို့သိမ်းတိုက်ပွဲစတင်လိုက်ပြီး ရန်ကုန် အစိုးရရုံးနဲ့ ဌာနဆိုင်ရာတွေကို ပစ်ခတ်တိုက်ခိုက် နေပြီလို့ ဆိုထားပေမဲ့ ဒီဗွီဒီယိုထဲမှာ လွတ်လပ်တဲ့အာရှအသံသတင်းဌာနက‌ဖော်ပြခဲ့တဲ့ “မင်္ဂလာတောင် ညွန့်မြို့နယ်ကို ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်”ဆိုတဲ့ သတင်းကို ပြန်လည်‌ဖတ်ကြားနေခြင်းဖြစ်တယ်။ 

၉ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ ဧရာဝတီသတင်းဌာနကဖော်ပြခဲ့တဲ့  “KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်”ဆိုတဲ့ သတင်းဆောင်းပါးကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

မင်္ဂလာတောင် ညွန့်မြို့နယ်ကို ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်တဲ့ သတင်းကို သတင်းခေါင်းစဉ်တုတပ် မျှဝေနေခြင်းဖြစ်တယ်။ ရန်ကုန်မြို့သိမ်းတိုက်ပွဲစတင်လိုက်ပြီး အစိုးရ ရုံးတွေနဲ့ ဌာနဆိုင်ရာတွေ ပစ်ခတ်တိုက်ခိုက်ခံရဆိုတာ မဟုတ်ပါ။

Avatar

Title:Fact Check: ရန်ကုန်မြို့သိမ်းတိုက်ပွဲစပြီဆိုတဲ့ သတင်းတု

Written By: နေရာ‌မောင် 

Result: False