Fact Check: စစ်ခေါင်းဆောင်ဆီက သမ္မတဟောင်းဦးသိန်းစိန်အာဏာသိမ်းတဲ့ သတင်းတု

False နိုင်ငံရေး | Politics

စစ်ခေါင်းဆောင်ဆီက သမ္မတဟောင်းဦးသိန်းစိန်အာဏာသိမ်းလိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုပို့စ်တခုဖြစ်တာတွေ့ရတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့ ၁၀ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရရှိထားတယ်။

“မနက်ခင်း သတင်းထူး

ဦးသိန်းစိန် အာဏာသိမ်းလိုက်ပြီ(မအလဖမ်းဆီးခံရဖွယ်ရှိ)”

C:\Users\User\Downloads\Firefox_Screenshot_2024-07-11T09-47-31.665Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မတွေ့ရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြပြီး သတင်းတွေကို ပြန်လည်ကူး ယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတာတွေ့ရတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

တကယ်တမ်း ဗွီဒီယိုထဲပါအကြောင်းအရာဟာ လူထုနွေဦးသတင်းဌာနက ဇူလိုင် ၁၀ ရက်မှာဖော်ပြခဲ့တဲ့ “အာဏာသိမ်း​ခေါင်း​ဆောင်ကိုဖယ်ရှားရန်တရုတ်က ဦးသိန်းစိန်ကို​ဖျောင့်ဖျခိုင်းဟုCNA ​ဖော်ပြ”ဆိုတဲ့ သတင်းနဲ့တခြားသော သတင်းတွေကို ပြန်လည်ဖော်ပြ နေခြင်းဖြစ်တယ်။(ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေကိုကြည့်ပါ)

C:\Users\User\Downloads\2024-07-11 16 49 29.jpg

သုံးသပ်ချက်

လူထုနွေဦးသတင်းဌာနက ဇူလိုင် ၁၀ ရက်မှာဖော်ပြခဲ့တဲ့ အာဏာသိမ်း​ခေါင်း​ဆောင်ကို ဖယ်ရှားရန်တရုတ်က ဦးသိန်းစိန်ကို​ဖျောင့်ဖျခိုင်းတဲ့သတင်းကို ခေါင်းစဉ်လွဲတပ်ထားတယ်။ ဦးသိန်းစိန်က စစ်ခေါင်းဆောင်ကို ဖြုတ်ချ အာဏာသိမ်းလိုက်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

ပြောဆိုချက်- စစ်ခေါင်းဆောင်ဆီက သမ္မတဟောင်းဦးသိန်းစိန်အာဏာသိမ်းလိုက်ပြီ

Avatar

Title:Fact Check: စစ်ခေါင်းဆောင်ဆီက သမ္မတဟောင်းဦးသိန်းစိန်အာဏာသိမ်းတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *