
စစ်တပ်က NLD ခေါင်းဆောင် ၃ ဦးကိုဖမ်းပြီး ညတွင်းချင်း သေဒဏ်ပေးလိုက်ပြီလို့ဆိုလိုထားတဲ့ ဗွီဒီယိုယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။
ဒီဇင်ဘာ ၂၂ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။
“စစ်တပ်ကNLD ခေါင်းဆောင်(၃)ဦးဖမ်းပြီး
ညက သေဒဏ်ပေးလိုက်ပြီတဲ့ဗျာ/လွန်သွားပြီ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
“Khit thit channel”ဟာ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။
Also read – Fact Check: တရုတ်က အမေရိကန်ကို စတင်ပစ်လိုက်ပြီး တတိယကမ္ဘာစစ် ကြေညာလိုက်ပြီဆိုတဲ့ တင်းတု
အခုလည်း ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်မှာ စစ်တပ်က NLD ခေါင်းဆောင် ၃ ဦးကိုဖမ်းပြီး ညတွင်းချင်း သေဒဏ်ပေးလိုက်ပြီလို့ဆိုလိုဖြန့်ဝေထားပေမဲ့ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ မီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ “ဧရာဝတီတိုင်းတွင် စစ်ကောင်စီတပ် ခံစစ်ပြင်နေ”၊ “တောင်ပိုင်းစစ်ဒေသ တပတ်တာ တိုက်ပွဲတွေအတွင်း စကစ ၂၉ ဦးသေဆုံး၊ လက်နက် ၁၀ လက်သိမ်းဆည်းရရှိ”၊ “မင်းအောင်လှိုင်တက်ခဲ့တဲ့ အားကစားပွဲတွေက AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေကို ဂုဏ်ပြုနေတာလား”၊ “မာနယ်ပလောမှထွက်ပြေးသည့် စစ်ကောင်စီတပ် အား KNLAပူးပေါင်းတပ် လိုက်လံတိုက်ခိုက်”စတဲ့ အကြောင်းအရာတွေကို ဖော်ပြထားတယ်။
သုံးသပ်ချက်
“Khit thit channel”ဟာ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ချိပါတယ်။ စစ်ကောင်စီရဲ့စစ်ရှုံးနေတဲ့အခြေအနေတွေကို ဖော်ပြထားတဲ့ သတင်းတွေကို ပြန်လည် ကူးယူဖော်ပြရာ စစ်တပ်က NLD ခေါင်းဆောင် ၃ ဦးကိုဖမ်းပြီး ညတွင်းချင်း သေဒဏ်ပေးလိုက်ပြီဆိုကာ ခေါင်းစဉ်တုတပ် ဖြန့်ဝေထားခြင်းသာဖြစ်တယ်။

Title:Fact Check: NLD ထိပ်ပိုင်းခေါင်းဆောင် ၃ ဦးကို စစ်တပ်က ညတွင်းချင်း သေဒဏ်ပေးတဲ့ သတင်းတု
Written By: နေရာမောင်Result: Misleading