Fact Check: ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဆူးလေဟိုတယ်မှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့သတင်းတု
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌ ဦးခင်ရီ ဆူးလေဟိုတယ်မှာ လုပ်ကြံသတ်ဖြတ်ခံရတယ် လို့ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ မှုပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိ နေခြင်း သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “ဆူးလေ ဟော်တယ်မှာ သတ်ခံရ ဗိုလ်ချုပ်အောင်ဆန်း ကို လုပ်ကြံတာထက် ဆိုးတယ် ကြံ့ခိုင်ရေး ဥက္ကဌ ဦးခင်ရီ ကို သတ်သွားတာ အားရ” (မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေနဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ USDP ဥက္ကဌ လုပ်ကြံခံရတယ်ဆိုတဲ့ ဖော်ပြချက် မတွေ့ရပါဘူး။ ဒီလိုပြောဆိုပြီး […]
Continue Reading
