Fact Check: NUG နဲ့ စစ်တပ် တရားဝင် အပစ်ရပ်သဘောတူညီချက်ရရှိပြီး တနိုင်ငံလုံးအပစ်ရပ်လိုက်ပြီဆိုတဲ့ သတင်းတု
NUG နဲ့ စစ်တပ် တရားဝင် အပစ်ရပ်စဲရေးသဘောတူညီချက်ရရှိပြီး တနိုင်ငံလုံးအပစ်ရပ်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ “တစ်နိုင်ငံလုံး အပစ်ခတ် ရပ်လိုက်ပြီ NUG နဲ့ စစ်တပ် တရားဝင် သဘောတူညီမှုရရှိပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး စတင်ကြေညာ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ ပြန်လည်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ […]
Continue Reading