Fact Check: NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်မှာ အဖမ်းခံရတဲ့ ဗွီဒီယိုလား-မဟုတ်ပါ
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်မှာ အဖမ်းခံရတဲ့ ဗွီဒီယိုလို့ဆိုပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာမှာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ တကယ်တော့ ဒေါ်ဇင်မာအောင် ဂျပန်မှာ ဂျပန်ရောက်မြန်မာတွေနဲ့ မြန်မာအရေးဆွေးနွေးပွဲအပြီး ပြန်လည်ထွက်ခွာသွားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အခမ်းအနားတခုကနေ လုံခြုံရေး တာဝန်ယူထားတဲ့သူတွေနဲ့ ဝိုင်းရံပြီး ဒေါ်ဇင်မာအောင် ထွက်ခွာသွားတဲ့ ဗွီဒီယိုနဲ့အတူ ဒီလိုရေးသားမျှဝေထားတာဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းပါတယ်။ “NUG အကြမ်းဖက်အဖွဲ ခေါင်းဆောင်တဦးဖြစ်တဲ့ (ဇင်မာအောင်ဆိုသူအမျိုးသမီး ) ဂျပန်မှာ စကားပြောပွဲလုပ်နေစဉ် ဂျပန်လျှိုဝှက်ရဲတပ်ဖွဲက ဝင်ရောက်ဖမ်းဆီးပြီး ဂျပန်နိူင်ငံကနေ နှင်ထုတ်လိုက်တယ်လိုသိရပါတယ်။😮😮😮 မှိုင်းဝေ https://t.me/hminewai/42467 https://t.me/hminewai/42467” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် NUG […]
Continue Reading