Fact Check: ဒီဓာတ်ပုံဟာ ၂၀၁၉ခုနှစ်က အစ္စရေးသံချပ်ကာကားတိမ်းမှောက်မှု ဓာတ်ပုံဖြစ်တယ်
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မှာ စစ်ကောင်စီသံချပ်ကာ ကားမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဓာတ်ပုံဆိုပြီးတော့ သံချပ်ကာကားတစ်စီး တိမ်းမှောက်နေတဲ့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းကပြန်လည်မျှဝေ လျက်ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် အစ္စရေးတင့်ကားတစ်စီးတိမ်းမှောက်မှု ဖြစ်စဉ်ကဓာတ်ပုံဖြစ်ပါတယ်။ “စစ်ကိုင်း ထီးချိုင့်မှာ စစ်ကောင်စီသံချပ်ကာ ကားမိုင်းဆွဲတိုက်ခိုက်ခံရပြီး တောင်အောက်သို့ ထိုးကျသွားတယ်လို့သိရ အကြမ်းဖက်စစ်ကောင်စီစစ်တပ် သံချပ်ကာကားမိုင်းခွဲတိုက်ခိုက်ခံရ 1.11.2021 ရက်နေ့ည 11:30.pm အချိန်တွင်စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်တွင် စစ်ကောင်စီ စစ်တပ်သံချပ်ကာ ကား (၁)စီးအား ထီးချိုင့် PDF မှမိုင်းခွဲတိုက်ခိုက်ခဲ့ရာ အဆိုပါသံချပ်ကာကားမိုင်းထိမှန်ပြီး တောင်အောက်သို့ထိုးကျသွားကြောင်းသိရှိရပါသည်။ #PDFNewsflash”လို့ရေးသားပြီး “Khaing Zaw”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြု သူက နိုဝင်ဘာ ၂ ရက်က မျှဝေထားရာမှာ ပြန်လည်မျှဝေမှုပေါင်း ၈၀၀ ကျော်ရှိပါတယ်။ […]
Continue Reading