Fact Check: KIA ကို အမေရိကန် စစ်ရေးထောက်ပံ့ကြောင်း ဗိုလ်ချုပ်ဂွမ်မော်အတည်ပြု တဲ့ သတင်းတု 

ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA)ကို အမေရိကန်က စစ်ရေးထောက်ပံ့မှုတွေ ပေးအပ်နေတာကို ဗိုလ်ချုပ်ဂွမ်မော်ကအတည်ပြုလိုက်တယ်ဆိုပြီး ဗွီဒီယို ယူကျူ့မှာပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “KIA ကို အမေရိကန် စစ်ရေးထောက်ပံ့ပြီ အမေရိကန်လေယာဉ်တွေ ရောက်ရှိလာမှု ဗိုလ်ချုပ် ဂွမ်မော် အတည်ပြု ၊ နေပြည်တော်လှုပ်ခတ်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။  ဒီယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်နာမည်ကိုလည်း ဆင်တုယိုးမှား တုပထားပြီး မကြာခဏဆိုသလို  Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။  တကယ်တမ်း ဗွီဒီယိုအစမှာ ပါဝင်တဲ့အကြောင်းအရာဟာ […]

Continue Reading

Fact Check: NUG အစားထိုး အစိုးအဖွဲ့သစ်မှာ ဗိုလ်ချုပ်ဂွမ်မော်က သမ္မတနဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ဦးစီးချုပ်ဖြစ်လာတဲ့ သတင်းတု

NUG အစားထိုးဖွဲ့စည်းလိုက်တဲ့ အစိုးအဖွဲ့သစ်မှာ ဗိုလ်ချုပ်ဂွမ်မော်က သမ္မတနဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ဦးစီးချုပ်ဖြစ်လာ တယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “NUG အပြီးသတ် ဖျက်သိမ်း အစိုးရ သစ်ဖွဲ့စည်းပြီး သမ္မတသစ်ကြေညာ NUG စစ်ဦးစီးချုပ်နေရာ ဗိုလ်ချုပ် ထွန်းမြတ်နိုင် တာဝန်ယူပြီး သမ္မတနေရာ ဗိုလ်ချုပ်ဂွမ်မော် တာဝန်ယူပြီ ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ မီဒီယာတွေမှာ […]

Continue Reading