Fact Check: နေပြည်တော်မှာလှုပ်ပြီး မာရဝီဇယစေတီ ထိခိုက်ပျက်စီးကာ ဘုရားဖူး ဝန်ထမ်း ၄၈ ဦးသေဆုံးတဲ့ သတင်းတု
နေပြည်တော်မှာငလျင်ထပ်လှုပ်ပြီး မာရဝီဇယစေတီ ၂ ခြမ်းကွဲကာ ဘုရားဖူး ဝန်ထမ်း ၄၈ ဦး သေဆုံးမှုဖြစ်ခဲ့တယ် ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု တခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “နေပြည်တော် 7.5 ဖျက်အားငလျင်လှုပ် မာရဝိဇယ စေတီ ၂ခြမ်းကွဲ နေ သမ္မတ လုပ်မည့် မင်းအောင်လှိုင် နိမိတ်ဆိုးနေပြီဟေ့ ဘရားဖူးတဲ့ ဝန်ထမ်း ၄၈ ဦး သေဆုံးမှု ဖြစ်ပွား”(မူလရေးသားဖော်ပြချက်) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay KhitThit”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တွေက သတင်းတွေကို သတင်းခေါင်းစဉ် တုတပ် ဖြန့်ချိတာတွေ ပြုလုပ်နေတာကို […]
Continue Reading
