Fact Check: လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ICJ က မြန်မာဗိုလ်ချုပ်တွေကို အပြစ်ပေး အမိန့်ချတဲ့ သတင်းတု
နိုင်ငံတကာ တရားရုံး(International Corut of Justice-ICJ)မှာ တရားစွဲခံရမှုမှာ နောက်ဆုံး အမိန့်ချလိုက်ပြီ လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေပြီး ပျံ့နှံ့မှုအားကောင်းနေတာလည်း တွေ့ရတယ်။ သတင်းတုတွေသာဖြစ်တယ်။ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပြောဆိုချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ “ICJ ဆုံးဖြတ်ချက် ထွက်လာပြီ မြန်မာစစ်တပ်ရဲ့ လူမျိုးတို့သတ်ဖြတ်မှု အမိန့်ချမှတ်၊ စစ်ဗိုလ်ချုပ် (၁၂) ဦး သေဒဏ်အမိန့်ပေးလိုက်ပြီ” Original link | Archive link အလားတူရေးသားဖြန့်ဝေမှုကို ဒီလင့်ခ်မှာလည်း တွေ့ရတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်တယ်။ ဒီချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ […]
Continue Reading
