Fact Check: မြို့၅မြို့သိမ်းပြီး ည၉နာရီမတိုင်ခင် ၁၉မြို့ လောက်သိမ်းမယ်လို့ NUG ထုတ်ပြန်ဆိုတဲ့သတင်းတု
မြို့၅မြို့သိမ်းပြီးပြီ၊ဒီည၉နာရီမတိုင်ခင်၁၉မြို့လောက်ပိုင်နိုင်မယ်လို့ NUG က ထုတ်ပြန်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဇူလိုင် ၂၃ ရက်ကဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတုသတင်းမှားသာဖြစ်ပါတယ်။ NUG အနေနဲ့ကြေညာခဲ့တာမရှိပါဘူး။ Drama 45 အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “မြို့၅မြို့သိမ်းပြီးဖြစ်။ ဒီည၉နာရီမတိုင်ခင်၁၉မြို့လောက်ပိုင်နိုင်မယ် ဟုNUGထုတ်ပြန်။”လို့ရေးသားထားသလို မျှဝေထားတဲ့ ဗွီဒီယိုထဲမှာလည်း “မြို့၅မြို့ပါသွားပြီ အောင်ပွဲ ည ၉ နာရီမထိုးခင် ၁၉မြို့လောက်သိမ်းနိုင်လိမ့်မယ်လို့ NUG ထုတ်ပြန်”လို့ရေးသားထားတာတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive link အချက်အလက်စိစစ်ချက် Drama 45 အမည်နဲ့စာမျက်နှာဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းခဲ့တဲ့ သတင်းတွေကို ဗွီဒီယိုပုံစံပြုလုပ်ပြီး သတင်းခေါင်းစဉ်အတု၊ သတင်းခေါင်းစဉ်အမှားတွေပေးပြီး ဖြန့်ချိတာတွေဆက်တိုက်လုပ်နေတဲ့ စာမျက်နှာတစ်ခု ဖြစ်တာတွေ့ရပါတယ်။ “မြို့၅မြို့ပါသွားပြီ အောင်ပွဲ ည ၉ နာရီမထိုးခင် ၁၉မြို့လောက်သိမ်းနိုင်လိမ့်မယ်လို့ […]
Continue Reading