Fact Check: KIA ရုံးချုပ် လိုင်ဇာက သိမ်းဆည်းရမိတဲ့လက်နက်တွေ ဓာတ်ပုံလား-မဟုတ်ပါ
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ လိုင်ဇာမြို့က ကာကင်းကုန်း ၃ ကုန်းကို မြန်မာတပ်မတော်က သိမ်းပိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းရရှိတဲ့အခြေအနေဆိုကာ တန်းစီထားတဲ့ လက်နက်ဓာတ်ပုံ အပါအဝင် ဓာတ်ပုံ ၄ ပုံနဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတု ဖြန့်ချိ နေခြင်းဖြစ်ပါတယ်။ ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကတည်းက အကြောင်းအရာအမျိုးမျိုးနဲ့ ပျံ့နှံ့လျှက် ရှိတဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့လျှက်ရှိတဲ့ပို့စ်ပါစာသားတွေပဲဖြစ်ပါတယ်။ “တပ်မတော်၏ထိုးစစ်ကြောင့် အကြမ်းဖက် kia အဖွဲ့ခေါင်းဆောင် အင်ဘန်လှ တရုတ်နိူင်ငံ ခွေးမှင်မြို့သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရပြီး လိုင်ဇာမြို့ရဲ့ ကာကင်းကုန်း(၃)ကုန်းကို တပ်မတော်က သိမ်းပိုက် အပြီးမြန်မာ့တပ်မတော်ကို အလှူကြီးပေးခဲ့တဲ့ဓါတ်ပုံတွေကို အခုလိုတွေ့ရပါတယ် ၊ ဒီလက်နက်တွေကို ရှမ်းနီ ကာကွယ်ရေးတပ်ဖွဲ့တွေအတွက်ပေးအပ်သွားမယ်လို့သိရပါတယ် ၊ Aung Min”လို့ ရေးသားပြီး “ထွန်း ထွဋ် ဝင်း” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ […]
Continue Reading