Fact Check: SME ဘဏ်ဟာ အွန်လိုင်းကနေ အလွယ်တကူချေးငွေ ထုတ်ချေးနေ သလား-မဟုတ်ပါ
မြန်မာနိုင်ငံ အသေးစားအလတ်စားဖွံ့ဖြိုးရေးဘဏ်(SME Development Bank)ကနေ ချေးငွေတွေကို အွန်လိုင်း ကနေ အလွယ်တကူထုတ်ချေးပေးနေတယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအား ကောင်းနေ တာတွေ့ ရပါတယ်။ SME Development Bank ရဲ့ အမှတ်တံဆိပ်ကို အသုံးပြုပြီး ပုံမှားရိုက်ကာ ငွေကြေး လိမ်လည်နေတဲ့ စာမျက်နှာတွေဖြစ်တာတွေ့ရပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ SME Development Bank ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွှန့်ရဲ့ အသေးစားအလတ်စားလုပ်ငန်းတွေကို ချေးငွေထုတ်ချေးနေမှုအခြေအနေကို ဖြေကြားနေတဲ့ ဗွီဒီယိုနဲ့အတူ အောက်ပါစာသားတွေလည်း ဖော်ပြထား တယ်။ တူညီတဲ့ပြောဆိုချက်ကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “မဂ်လာပါ “”SME””Online မှတဆင့်ငွေချေးလုပ်ငန်း မှ ကြို ဆိုပါတယ် ပြည်တွင်း ကိုပိုင်စီးပွားရေးများအတွက် လူကြီးမင်းတို့လိုအပ်သလောက်အရင်းနီးငွေကို Online […]
Continue Reading