Fact Check: မြွေကိုက်ခံရရင် သဘာဝအပင်တွေအသုံးပြုကာ ဆေးမီးတို ကုသနိုင်တယ် ဆိုတာ လုံလောက်တဲ့ အထောက်အထားမရှိပါ
သခွပ်ပင်အခေါက်စားတာအစ၊ ကျီးအာသီးဥစားတာအလယ်၊ အာတာလွတ် ဥစားခြင်းအဆုံး မြွေကိုက်ခံရရင် ကုသမှုနည်းလမ်းအဖြစ် မျှဝေထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာ ပျံ့နှံ့မှုအား ကောင်းခဲ့ပါတယ်။ တကယ်တော့ ဒီနည်းလမ်းတွေဟာ သိပ္ပံနည်းကျ သုတေသနပြုချက်တွေ မဟုတ်သလို ထိရောက်မှုရှိတယ်ဆိုတဲ့ အထောက်အထားလည်းမတွေ့ရပါဘူး။ အောက်ပါစခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ပို့စ်က ရယူထားခြင်းဖြစ်တယ်။ လင့်ခ်ကိုဝင်ရောက် ဖတ်ကြည့်မယ်ဆိုရင်တော့ အာတာလွတ်ဥ သို့မဟုတ် အပင်ကို ဝါးစားခြင်းအားဖြင့် ပိုးထိ(မြွေကိုက်)လူနာကို အကောင်းပကတိအတိုင်းဖြစ်စေကြောင်းရေးသားထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Fb link | Archive link အခြား ပြောဆိုချက်ကတော့ မြွေပွေး၊မြွေဟောက်ကိုက်ခံရပါက သခွပ်ပင်အခေါက်ကို ဝါးစားခြင်းအားဖြင့် ပျောက်ကင်းတယ်ဆိုပြီးတော့ဖြစ်တယ်။ ဒီနေရာမှာ ကြည့်ပါ။ ထို့အပြင် ကျီးအာသီးပင်က မြွေဆိပ်ပြေစေနိုင်တယ်ဆိုပြီးတော့လည်း ဖြန့်ဝေခဲ့တာရှိပါတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် တကယ်တော့ အထက်ပါပြောဆိုချက်အားလုံးဟာ […]
Continue Reading