Fact Check: စစ်ခေါင်းဆောင်ကို သမ္မတမလုပ်ဖို့  ဦးသိန်းစိန်ပြောတဲ့ သတင်းတု

နိုင်ငံတကာတရားရုံး(ICJ)မှာ တရားစွဲဆိုခံနေရတာကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတလုပ်မရဘူးလို့ ဦးသိန်းစိန်က ပြောလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ ချန်နယ်တခု ဖြန့်ဝေနေတာဟာ သတင်းတုတခုသာဖြစ်တာတွေ့ရတယ်။  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်း ကြည့်ရှူမှုပေါင်း တသိန်း ဝန်းကျင်ရရှိထားတယ်။ “မင်းအောင်လှိုင် သမ္မတလုပ်မရဟု သိန်းစိန်ပြော  ICJ ရဲ့ စွဲချက်ကြောင့် စစ်ခေါင်းဆောင် သမ္မတ လုပ်မရဘူးလို့  သိန်းစိန်ကန့်ကွက် ၊ ချက်ချင်းဖမ်းဆိုင်းလို့ ပွဲဆူနေပြီ” (မူလအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုရဲ့ အစမှာ ပြသထားတဲ့ ရုပ်ကတ်ထဲမှာ ICJ မှာ တရားစွဲဆိုခံနေရတာကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင်အနေနဲ့ သမ္မတလုပ်မရဘူးလို့ သမ္မတဟောင်း […]

Continue Reading

Fact Check: ဦးသန်းရွှေနဲ့ ဦးသိန်းစိန်ကို အကျယ်ချုပ်နဲ့ ဖမ်းဆီးလိုက်ပြီဆိုတဲ့ သတင်းတု

ဦးသန်းရွှေနဲ့ ဦးသိန်းစိန်ကို အကျယ်ချုပ်နဲ့ ဖမ်းဆီးလိုက်ပြီဆိုပြီး ဖေ့စ်ဘွတ်စာမျက်နှာတချို့က ဖြန့်ဝေနေတာဟာ သတင်းတုတခုသာဖြစ်တာတွေ့ရတယ်။  ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဓာတ်ပုံထဲမှာ လက်ရှိဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စိုးဝင်းက အရပ်ဝတ်နဲ့ ဦးသန်းရွှေကို လက်ထိပ်ခတ် ဖမ်းဆီးခေါ်လာပါတယ်။ တူညီတဲ့ ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ကြည့်ပါ။ “တပ်တွင်းသတင်း ဦးသန်ရွှေ နဲ့ သိန်းစိန် ကို အကျယ်ချုပ်နဲ့ ဖမ်းလိုက်ပြီတဲ့”  Original link | Archive link အချက်အလက်စိစစ်ချက် အခုလို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကို အကျယ်ချုပ်ဖမ်းဆီးလိုက်တဲ့  ဒီသတင်းကို ဒီရက်ပိုင်းမှာ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တခုတလေမျှ ဖော်ပြခဲ့ခြင်းမရှိပါဘူး။  ဖြန့်ဝေထားတဲ့ […]

Continue Reading

Fact Check: ICJ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဦးသိန်းစိန်၊ စစ်ခေါင်းဆောင်တို့ သွားရောက်တွေ့ဆုံမှု သတင်းတု

နိုင်ငံတကာတရားရုံး(ICJ)မှာ အခြေအနေမကောင်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဟောင်း ဦးသိန်းစိန်၊ စစ်ခေါင်းဆောင်တို့က သွားရောက်တွေ့ဆုံတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။   “ဒေါ်အောင်ဆန်းစုကြည် ကို –ွှေ ဖမ်းခံရ”  Original link | Archive link တခြား ဗွီဒီယိုတခုမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားရောက် တွေ့ဆုံတယ်လို့ ဆိုထားတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”နဲ့ “Khit Thit […]

Continue Reading

Fact Check: ရွေး‌ကောက်ပွဲလက်မခံလို့ ဦးသိန်းစိန်ကို စစ်တပ်က ဖမ်းတယ်ဆိုတဲ့ သတင်းတု 

စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံဘူးပြောလို့ သမ္မတဟောင်းဦးသိန်းစိန်ကို  စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအား‌ကောင်းလျက်ရှိတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဦးသိန်းစိန် ဖမ်းခံရမှုကြီး  ကုလသမဂ္ဂ အသိအမှတ်မပြုပဲ နဲ့ ရွေးကောက်ပွဲ  မလုပ်သင့်ပြောတဲ့ ဦးသိန်းစိန်ကို မအလ ဝင်ဖမ်းပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံပြောဆိုချက်တွေနဲ့ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလိုပြောဆိုပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: နစကဖျက်သိမ်းဖို့ သဘောတူလိုက်ပြီး သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်ပြီး အစိုးရဖွဲ့မည်ဆိုတဲ့ သတင်းတု

နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ(နစက)ဖျက်သိမ်းဖို့ သဘောတူလိုက်ပြီး သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်ပြီး အစိုးရဖွဲ့မယ်လို့ဆိုတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  “နစက ဖျက်သိမ်းရန် သဘောတူပြီ ဦးသိန်းစိန် ဦးဆောင်ပြီး အစိုးရ ဖွဲ့မည် ကြားဖြတ် သတင်းကြီး နေပြည်တော်မှာ ပျံ့နှံ့” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေလုပ်တဲ့နေရာတခု ဖြစ်တာတွေ့ရတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar  ရဲ့ […]

Continue Reading

Fact Check: သမ္မတဟောင်းဦးသိန်းစိန် မိသားစုလိုက်လုပ်ကြံသတ်ဖြတ်ခံရဆိုတဲ့ သတင်းတု

သမ္မတဟောင်းဦးသိန်းစိန် မိသားစုလိုက် စစ်ခေါင်းဆောင်က လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုပို့စ်တခုဖြစ်တာတွေ့ရတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ် ပါတယ်။  “ဦးသိန်းစိန် တစ်မိသားစုလုံး သေဆုံးလျက် တွေ့ရှိ တရုတ်နဲ့ပိုမိုနီးကပ်လာလို့ အာဏာလုမှာ ကြောက်ပြီး မအလက လုပ်ကြံတာဟု တပ်ထဲ တီးတိုးပြောဆိုနေကြ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မတွေ့ရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Aung Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြပြီး သတင်းတွေကို ပြန်လည်ကူး ယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိပြီး လုပ်ကြံသတင်းမှားတွေလည်း ဖြန့်ချိပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်ဆီက သမ္မတဟောင်းဦးသိန်းစိန်အာဏာသိမ်းတဲ့ သတင်းတု

စစ်ခေါင်းဆောင်ဆီက သမ္မတဟောင်းဦးသိန်းစိန်အာဏာသိမ်းလိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုပို့စ်တခုဖြစ်တာတွေ့ရတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့ ၁၀ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရရှိထားတယ်။ “မနက်ခင်း သတင်းထူး ဦးသိန်းစိန် အာဏာသိမ်းလိုက်ပြီ(မအလဖမ်းဆီးခံရဖွယ်ရှိ)” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မတွေ့ရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြပြီး သတင်းတွေကို ပြန်လည်ကူး ယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတာတွေ့ရတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ […]

Continue Reading

Fact Check: စစ်တပ်က နိုင်ငံ ဖျက်ဆီးရာကျဟု သမ္မတဟောင်း ဦးသိန်းစိန် ဝေဖန်ဆိုတဲ့ သတင်းတု

စစ်တပ်က နိုင်ငံ ဖျက်ဆီးရာကျဟု သမ္မတဟောင်း ဦးသိန်းစိန်က လက်ရှိစစ်ခေါင်းဆောင်ကို ဝေဖန်မှုဆိုတဲ့ ဗွီဒီယို ပို့စ်တစ်ခု ယူကျူ့မှာ ကြည့်ရှု့သူများလျှက်ရှိပါတယ်။ ဒီလိုဝေဖန်တဲ့အတွက်လည်း စစ်တပ်က ဦးသိန်းစိန်ကို ဖမ်းဆီးဖို့လုပ်နေတယ်လို့ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုကို ဖြန့်ဝေရာမှာလည်း ရေးသားထားတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ ရေးသားမျှဝေထားတဲ့ ဗွီဒီယိုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ အခုဖြန့်ဝေနေတဲ့ “7days media”အမည်နဲ့ ယူကျူချန်နယ်ဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်း‌ခေါင်းစဉ်တု သို့မဟုတ် ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေ တပ်ပြီး သတင်းမီဒီယာတွေမှာ ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ‌ဖော်ပြနေတဲ့ ချန်နယ်တခုဖြစ်တယ်။ […]

Continue Reading