Fact Check: ခေါင်းစဉ်မှားတွေတပ်ပြီး လူတွေကိုလှည့်စားနေတဲ့ Top One Burmese အမည်နဲ့ဖေ့စ်ဘွတ် စာမျက်နှာ

Top One Burmese လို့ မျက်နှာဖုံးဓာတ်ပုံမှာရေးသားထားပြီး မြန်မာလို “အထူးထီ”လို့ အဓိပ္ပာယ်ရတဲ့ ထိုင်းလို ရေးသားထားတဲ့စာမျက်နှာဟာ သတင်းတုသတင်းမှားတွေဖြန့်ချီလျှက်ပျံ့နှံ့မှု အားကောင်းလားခဲ့တာကို Fact Crescendo အနေနဲ့ သတိပြုမိပါတယ်။ “ลอตเตอรี่พิเศษ”လို့ ထိုင်းဘာသာနဲ့ရေးသားထားပြီး ဖေ့စ်ဘွတ်ရဲ့ url မှာတော့ newsdailyburmese ရေးသား သလို ဖေ့စ်ဘွတ်ရဲ့ logo ဓာတ်ပုံနေရာမှာ Top One Burmese လို့ရေးသားထားတဲ့ အပြာရောင်လိုဂိုကို အသုံးပြု ထားပါတယ်။  ဒီစာမျက်နှာမှာ ဗွီဒီယိုပါအကြောင်းအရာ နဲ့သက်ဆိုင်ခြင်းမရှိပဲ လူတွေကို လှည့်စားထားတဲ့ ခေါင်းစဉ်လွှဲတွေတပ်ပြီးရေးသား မျှဝေနေတာတွေ့ရပါတယ်။ ဉပမာအားဖြင့် ထုတ်နုတ်ဖော်ပြရရင် နိုဝင်ဘာ ၂၇ ရက်မှာ ဒီစာမျက်နှာမှာ “ဒေါ်စုကို တရားစွဲထားတဲ့ ပုဒ်မတွေကို အမေရီကန် ရုပ်သိမ်းလိုက်ပြီ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို ဖြန့်ဝေခဲ့ပါတယ်။သို့သော်လည်း […]

Continue Reading