Fact Check: ဒီဓာတ်ပုံက KIA ထံမှ မြို့သစ် မိုက်ခရိုဝေ့စခန်းအား စစ်ကောင်စီတပ် ပြန်သိမ်းစဉ်ကပုံသာဖြစ်တယ်
ကရင်ပြည်နယ် သုံးထပ်ကွေ့တိုက်ပွဲအောင်ပွဲမှာ စခန်းသိမ်းခဲ့တဲ့ မြန်မာစစ်သားများဓာတ်ပုံလို့ဆိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ မြန်မာစစ်တပ်စစ်သားတွေက စခန်းကုန်း တစ်ခုပေါ်မှာ မြန်မာနိုင်ငံအလံကိုကိုင်ထားတဲ့ ဓာတ်ပုံနဲ့အတူ “ကရင်ပြည်နယ်၊ သုံးထပ်ကွေ့အောင်ပွဲ”လို့ ရေးသားထားမျှဝေ ထားပါတယ်။ ဓာတ်ပုံဟာ ပြီးခဲ့တဲ့နှစ်က ကချင်ပြည်နယ်တိုက်ကပွဲတစ်ခုအတွင်းက ဓာတ်ပုံဟောင်းတစ်ခုသာ ဖြစ်ပါတယ်။ “ဗိုလ် အောင် ဒင်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဩဂုတ် ၂၇ ရက်က မျှဝေထားတဲ့ ပို့စ်ကိုအောက်ပါ အတိုင်းတွေ့ရပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive link အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ တူညီတဲ့ဓာတ်ပုံကို မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ အင်္ဂလိပ်ဘာသာ ဖော်ပြတဲ့ The Global New Light of Myanmar သတင်းဝက်ဘ်ဆိုဒ်တစ်ခုမှာတွေ့ရပါတယ်။ […]
Continue Reading