Fact Check; ရခိုင်ပြည်နယ်က ဘုရားပေါင်းကျေးရွာဘုန်းကြီကျောင်းအတွင်းမှာ AAတပ်သားတွေဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား
ရခိုင်ပြည်နယ်အတွင်းကျောက်တော်မြို့နယ်အတွင််းက ဘုရားပေါင်ကျေးရွာရှိဘုန်းကြီးကျောင်းအတွင်းမှာ အခုလအောက်တိုဘာ ၂၄ရက်နေ့က AAတပ်ဖွဲဝင်တွေနဲ့အတူ လက်နက်တွေပါဖမ်းမိတယ်ဆိုတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်ခ်စာမျက်နှာပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “AAအကြမ်းဖက်များနှင့်လက်နက်ခဲယမ်းများဖမ်းမိ”ဆိုတဲ့ခေါင်းစဉ်နဲ့ နေ့စွဲကိုတော့ “24-10-2020”လို့ ရေးသားထားပြီး “အခု မိတာပါ၊ ရခိုင်ပြည်နယ် ဘုရားပေါင်း ရွာဘုန်းကြီး ကျောင်းမှာ လူရော့ လက်နက်ပါ မိတာပါ။သတင်း အပြည့်အစုံကို ပြန်လည်တင်ပြပေးမည်။”(မူရင်းရေးသားတဲ့အတိုင်း)လို့ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းလင့်ခ် – FB Link | Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပတ်သက်ပြီး ဘုရားပေါင်းကျေးရွာမှာ ရက္ခိုင့်တပ်တော်AAတပ်ဖွဲ့ဝင်ဖမ်းမိတယ်ဆိုတဲ့ သတင်းမျိုး တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားတာမတွေ့ရသလို တပ်မတော်သတင်းမှန်ပြန်ကားရေးက အောက်တိုဘာ ၂၄ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲပေမဲ့ ဒီအကြောင်းထည့်သွင်းပြောကြားသွားတာကိုလည်း မတွေ့ရပါဘူး။အလားတူပဲ ပြည်တွင်းမီဒီယာတွေမှာလည်း အဲ့ဒီလိုသတင်းမျိုးရေးသားဖော်ပြထားတာမတွေ့ရပါဘူး။ ဒီပို့စ်မှာသုံးထားတဲ့ AAတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့လက်နက်တွေအဖြစ် ပုံဖော်အသုံးပြုထားတဲ့ပုံတွေကို […]
Continue Reading