Fact Check: ဒေါ်အောင်ဆန်းစုကြည် – သေဆုံးပြီလား၊ ကျန်းမာသလား၊ လူမြင်ကွင်းထွက်လာသလား

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီးကတည်း နေပြည်တော်မှာ စစ်တပ်က လျှို့ဝှက်ချုပ်နှောင်ထားခဲ့ပြီး လူမြင်ကွင်းကနေ ပျောက်ဆုံးနေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခန့်မှန်းပြောဆိုမှုတွေ၊ ပြန်လည်လွှတ်မြောက်လာပြီဆိုတဲ့ သတင်းမှားဖြန့်ဝေမှုတွေကို Fact Crescendo Myanmar က မကြာခဏ အချက်အလက်စိစစ် ဖော်ပြခဲ့ပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ) အာဏာသိမ်းအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က လူမြင်ကွင်းကနေ ဖယ်ကျဉ်ထားပေမဲ့ လူထုအကြား သြဇာကြီးမားတဲ့ ခေါင်းဆောင်ဖြစ်လို့ သူ့အကြောင်းဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းပါတယ်။  ဒီအတွက်လည်း သတင်းတုဖြန့်ဝေသူတွေအတွက် မကြာခဏရွေးချယ်စရာ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ Original link | Archive link ဒီချန်နယ်ကပဲ ဒေါ်အောင်ဆန်းစုကြည် သေဆုံးပြီလို့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဖြန့်ဝေခဲ့ပါသေးတယ်။  Original link | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ အသက်အန္တရာယ် စိုးရိမ်ရဆိုတဲ့ လှည့်စားထားတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ အသက်အန္တရာယ် စိုးရိမ်ရတယ်ဆိုပြီး သတင်းမှားတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျှက်ရှိပါတယ်။ သို့သော် ဒီသတင်းဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “အမေစု ကျန်းမာရေးအခြေနေမှာ အသက်အန္တရာယ် ထိ စိုးရိမ်နေရ စစ်ကောင်စီမှ ကုသပေးခြင်း မရှိ”လို့ ရေးသားပြီး “NUG CRPH PDF CDM Support”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မတ် ၂၆ ရက်မှာအောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်ဆိုပြီး ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် စစ်တပ်က သီးသန့်နေရာတစ်ခုမှာထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို အချိန်နဲ့တပြေးညီသိရှိဖို့မဖြစ်နိုင်တာကို Fact Crescendo အနေနဲ့ သတိပြုမိပါတယ်။ စစ်တပ်က ရွေးကောက်ပွဲမသမာမှုအကြောင်းပြချက်အပြင် […]

Continue Reading

Fact Check: သာသနာရေးဝန်ကြီးသူရဦးအောင်ကို ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းအမှား

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို ကျန်းမာရေးအခြေနေ မကောင်းဘူးဆိုတဲ့ ပို့စ်ဟာ ဖေ့ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “သာသနာရေးဝန်ကြီးသူရအောင်ကို အခြေနေမကောင်းဘူး..သတင်းရရှိပါတယ် 5.10.2020”နဲ့ “ဟော..ဖြစ်ပြန်ပြီနောက်တစ်ယောက် မျိုးတုံးတော့မယ်ထင်တယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ သူရဦးအောင်ကို ဆေးရုံကုတင်ပေါ်မှာ ဆေးကုသမှုခံယူနေတဲ့ပုံနဲ့အတူ ပို့စ်တင်နေကြတာတွေ့ရပါတယ်။ အလားတူ ထမိန်ခြုံများအားနှိပ်ကွပ်ရေးမျိုးချစ်တပ်ပေါင်းစု ဆိုတဲ့ ဂရုမှာလည်း ပြန်လည်မျှဝေနေကြပါတယ်။ မူရင်းလင်ခ့် –FB Link  |  Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပတ်သက်ပြီး ပို့စ်မှာသုံးထားတဲ့ပုံကို googleမှာ ပုံရှာနည်းနဲ့ ရှာမယ်ဆိုရင် ဒီပုံဟာ ၂၀၁၅ခုနစ်က ပုံအဟောင်းဖြစ်တာကိုတွေ့ရပြီး ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ မြန်မာသံတော်ဆင့်သတင်းဌာနက အသုံးပြုခဲ့တဲ့ ပုံဖြစ်နေတာတွေ့ရပါတယ်။ မူရင်းပုံမှာတော့ အဲ့ဒီအချိန်က အတိုက်အခံခေါင်းဆောင်ဖြစ်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ကိုယ်ရေးအရာရှိဖြစ်သူ ဒေါက်တာဒေါ်တင်မာအောင်တို့က သူရဦးအောင်ကိုရဲ့ ကျန်းမာရေးသတင်း လာမေးနေတဲ့ပုံ ဖြစ်ပါတယ်။ဒီပုံက ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးပုံကို လှီးဖြတ်ပြီး […]

Continue Reading