Fact Check: ပုသိမ်မှာ မဲပုံးထဲရေလောင်းသွားတယ်ဆိုတဲ့ သတင်းမှား
ပုသိမ်မှာ ကြိုတင်မဲပုံးထဲကို ရေလောင်းသွားတယ်လို့ရေးသားပြီး မဲပုံးတစ်ပုံ ဓာတ်ပုံနှင့်တကွ လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ပုသိမ်က ကြိုတင်မဲပုံးထဲကို ရေလောင်းသွားတယ်၊ ဘယ်သူလောင်းသွားသလဲဆိုတာ မသိရသေးဘူးဆိုပြီးတော့ မဲပုံဓာတ်ပုံနဲ့အတူ မျှဝေနေ ကြတာဖြစ်ပါတယ်။ ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ မှားယွင်းပြီးပြီး အိမ်အရောက် ကြိုတင်မဲ ကောက်ယူစဉ်မှာ မိုးမိပြီး မဲပုံထဲမိုးရေဝင်သွားခဲ့ခြင်းဖြစ်တယ်လို့ တာဝန်ရှိသူတွေပြောကြားထားတာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှာစေးနိုင်တဲ့ အရေးအသားနဲ့ အောက်ပါအတိုင်းရေးသား မျှဝေထားတာတွေ့ရပါတယ်။ အလားသဏ္ဌာန်တူ ရေးသားပြောဆိုချက်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံထဲမှာပါတဲ့ မဲပုံရေဝင်သွားတဲ့ဖြစ်စဉ်ဟာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ၁၄ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မဲပုံးရေစိုခြင်းမှာ […]
Continue Reading