Fact Check: ရုရှားကို စစ်ကူတောင်းတဲ့ USDP ဥက္ကဌ ဦးခင်ရီကို အမေရိကန် ပြင်းပြင်းထန်ထန် သတိပေးဆိုတဲ့ သတင်းမှား
ရုရှားကို စစ်ကူတောင်းတဲ့ USDP ဥက္ကဌ ဦးခင်ရီကို အမေရိကန် ပြင်းပြင်းထန်ထန် သတိပေးတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုမှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုတခုသာဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်ပါ စာသားကို အောက်မှာကြည့်ပါ။ “အမေရိကန် အမိန့်လာပြီ USDP ဥက္ကဌ ခင်ရီက ရုရှားကို စစ်ရေးအကူအညီတောင်းခံမှု အမေရိကန် ပြင်းထန်သတိပေး/NUG အောင်ပွဲခံဖို့နီးပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်း ဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်မှာ ပြောထားသလို စစ်တပ်လိုလားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဌက တော်လှန်ရေး အဖွဲ့တွေနဲ့ နိုင်ငံအနှံ့မှာ […]
Continue Reading