Fact Check: ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ရောင်းဖို့ကြိုးစားတဲ့ ဦးအောင်ဆန်းဦး ပစ်သတ်ခံရလို့ သေဆုံးတဲ့ သတင်းတု

ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ရောင်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကို ဦးအောင်ဆန်းဦးကို ပစ်ခတ်ခံရလို့ သေဆုံးသွားပြီလို့ဆိုထားတဲ့  ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “ခြံအမှတ်(၅၄)နေအိမ်ရောင်းတဲ့ အောင်ဆန်းဦး ပစ်သတ်ခံရပြီး သေဆုံး စစ်တပ်က လုပ်ကြံပြီး PDF တွေကိုထိုးချ/ လောဘကြီး လို့  သေရပြီဟာ။ အမေစုကိုပဲသနားတယ်။” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းမှားတွေ ဖြန့်ချိတာ […]

Continue Reading

Fact Check: ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ပြီဆိုတဲ့ သတင်းတု

ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ပြီလို့ သားဖြစ်သူ ကိုထိန်လင်းက အတည်ပြုလိုက်တယ်ဆိုပြီးတော့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “ခြံအမှတ်(၅၄)နေအိမ် အမေစု ပြန်ရောက်ပြီဟု  သားဖြစ်သူကိုယ်တိုင် အတည်ပြုကြေညာလို့  တနိုင်ငံလုံး အိုးစည်ဗုံမောင်းတီးကခုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းမှားတွေ ဖြန့်ချိတာ တွေလုပ်တဲ့နေရာတခု ဖြစ်တာတွေ့ရတယ်။  အခုလည်း တကယ်တမ်း ဗွီဒီယိုအစမှာ ပြသတဲ့ […]

Continue Reading

Fact Check: ခြံအမှတ် ၅၄ လေလံတင်ရောင်းချအပြီး ဒေါ်အောင်ဆန်းစုကြည် သေဆုံးတဲ့ သတင်းတု

ခြံအမှတ် (၅၄)လေလံတင် ရောင်းချမှုအပြီး ‌ဒေါ်အောင်ဆန်းစုကြည် သေပြီလို့ စစ်ကောင်စီက ကြေညာလို့ တကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်ကြရတယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာဟာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို အကိုဖြစ်သူက ရောင်းချလိုနေတာဖြစ်ပြီး လက်ရှိအချိန်အထိ ရောင်းချနိုင်ခြင်းမရှိသေးပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ခြံအမှတ် (၅၄)လေလံတင် ရောင်းချမှုအပြီး အမေစု အသက်မရှိတော့ဘူးဟု ကြေညာလို့ တကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link ဒီချန်နယ်က အလားတူတဲ့ရေးသားမျှဝေမှုမှာ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ထဲမှာ လေဖြတ်သေပြီလို့ စစ်တပ်ပြန်ကြားရေးက ဗိုလ်ချုပ်‌ဇော်မင်းထွန်းက ပြောတယ်လို့ ဆိုထားပါတယ်။  ဒီနေရာမှာကြည့်ပါ။  အချက်အလက်စိစစ်ချက် “Local Celegram”ယူကျူ့ချန်နယ်ကတော့ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ အကြောင်းအရာတွေကို […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် အာမခံနဲ့ ပြန်လည် လွတ်မြောက်လာတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် အာမခံနဲ့ ပြန်လည် လွတ်မြောက်လာပြီဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်း လျှက်ရှိတယ်။ ရန်ကုန်က သူမနေအိမ်ရှေ့မှာ ပြည်သူ သိန်းချီကြိုဆိုနေကြတယ်လို့လည်း ဗွီဒီယိုမှာဆိုထားတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူ ထားခြင်းဖြစ်တယ်။ မတ် ၂၀ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ ဒသမ ၄ သိန်းကျော်ရှိထားတယ်။  “အမှုအားလုံးရုတ်သိမ်းပြီးအာမခံချက်နဲ့  ဒေါ်စုကိုလွှတ်ပေးလိုက်ပြီ  ရန်ကုန်နေအိမ်ရှေ့ပြည်သူ သိန်းချီကြိုဆိုနေကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲ့ကားရေး သားထားတဲ့ သတင်းခေါင်းစဉ် […]

Continue Reading