Fact Check: မြန်မာနိုင်ငံအပေါ်စွဲဆိုထားတဲ့ ICJ အမှူပိတ်သိမ်းတယ်ဆိုတာ မဟုတ်ပါ

အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)မှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာက စွဲဆိုထားတဲ့ အမှုမှာ တရားသူကြီးတွေ နှုတ်ထွက်ကုန်လို့ အမှုပိတ်သိမ်းလိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ တရားသူကြီးတွေလည်း နုတ်ထွက်ခြင်းမရှိသလို အမှုလည်း ပိတ်သိမ်းခြင်း လည်း မရှိပါဘူး။ “နောက်ဆုံးရတဲ့သတင့်းလေးပါ မြန်မာ..ဂမ်ဘီယာ…ICJ.ခုံရုံးအခြေအနေ ICJ..တရားသူကြီးတွေနှုတ်ထွက်ကုန်လို့ အမှု့ရုပ်သိမ်းတယ်လို့ကြားရတယ်… OIC..နိုင်ငံလက်အောက်ခံ..မလေးအင်ဒို…ဘရူးနိုင့း US..လက်အောက်ခံ..စက်ာပူ…ဖိလစ်ပိုင်..ထိုင်း နားကားဖို့ရှိတယ်.. သိရသလောက်ပါ. Sittway Thitsar …ကရင်ပြည်နယ် ” စသည်ဖြင့် ရေးသားပြီး မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စွဲဆိုထားတဲ့ အမှုဟာ ဆက်လက်ကြားနာဆဲ အဖြစ် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)ဝက်ဘ်ဆိုဒ်မှာဖော်ပြထားပါတယ်။  […]

Continue Reading