Fact Check: ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ ကုလသမဂ္ဂနဲ့ အာဆီယံက တပ်ဖွဲ့ အင်အား ၄၀၀၀ မြန်မာနိုင်ငံ ဝင်လာပြီဆိုတဲ့ သတင်းတု
မြန်မာနိုင်ငံငြိမ်းချမ်းရေးထိန်းသိမ်းဖို့ ကုလသမဂ္ဂနဲ့ အာဆီယံက နိုင်ငံတကာ တပ်ဖွဲ့ အင်အား ၄၀၀၀ ဝင်လာတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၈၀၀၀၀ ကျော်ရရှိထားတယ်။ “နိုင်ငံတကာ တပ်ဖွဲ့ အင်အား ၄ထောင်ခန့်ဝင်လာ ငြိမ်းချမ်းရေးတပ်ဆိုပြီး ကုလနဲ့ အာဆီယံ က လွှတ်လိုက်ပြီ နေပြည်တော်က ဘောမနဲ့ တပ်မိသားစု ရန်ကုန်ကိုပို့ဆောင်နေရ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်း တွေကို ပြန်လည် […]
Continue Reading